ကမ္ဘာ့ဖလား ပ၊ဒု၊တ နေရာလုပွဲစဉ်တွေ အတွက် နောက်ဆုံးသုံးသပ်ချက်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ကျင်းပပြီးစီးခဲ့တဲ့ ပြိုင်ပွဲတွေထဲမှာတော့ ပရိသတ်ကြည့်ရှုမှု ဒုတိယအများဆုံး စံချိန်တစ်ရပ် ရရှိခဲ့တဲ့အထိ အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းဖို့ လက်တစ်ကမ်း အလိုကို ရောက်ရှိခဲ့ပါပြီ။ အခက်အခဲတွေကြားက ကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲမှာ စံချိန်သစ်တွေ တင်နိုင်ခဲ့ပြီး တောင်အမေရိကမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားပွဲတိုင်း တောင်အမေရိက အသင်းတွေသာ ဗိုလ်စွဲလေ့ ရှိတဲ့ အစဉ်အလာကိုတော့ အာဂျင်တီးနား ဆက်လက်ထိန်းနိုင်မလား ဆိုတာ စိုးရိမ်စရာပါ။ ဂျာမနီအနေနဲ့လည်း ထိုအစဉ်အလာတွေကို ဖြိုဖျက်ဖို့ ကြိုးစားလာနိုင်တဲ့ ဗိုလ်လုပွဲစဉ်နဲ့ တတိယ နေရာလု ပွဲစဉ်တွေဟာဖြင့်...
===============
၂၀၁၄ ကမ္ဘာ့ဖလား တတိယနေရာလုပွဲ
၁၃.၇.၂၀၁၄၊ နံနက် ၂း၃၀ နာရီ၊ မိန်းဂါရင်ချာကွင်း၊ ဘရက်စ်စီလီယာမြို့
ဘရာဇီး (၃) Vs ဟော်လန် (၁၅)
---------------------------
ဘရာဇီး ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြတ်သန်းမှု
ဘရာဇီး ၃-၁ ခရိုအေးရှား (အုပ်စု)
ဘရာဇီး ၀-၀ မက္ကဆီကို (အုပ်စု)
ဘရာဇီး ၄-၁ ကင်မရွန်း (အုပ်စု)
ဘရာဇီး ၄-၃ ချီလီ (၁၆ သင်း)
ဘရာဇီး ၂-၁ ကိုလံဘီယာ (ကွာတား)
ဘရာဇီး ၁-၇ ဂျာမနီ (ဆီမီး)
ဟော်လန် ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြတ်သန်းမှု
ဟော်လန် ၅-၁ စပိန် (အုပ်စု)
ဟော်လန် ၃-၂ သြစတြီးလျ (အုပ်စု)
ဟော်လန် ၂-၀ ချီလီ (အုပ်စု)
ဟော်လန် ၂-၁ မက္ကဆီကို (၁၆ သင်း)
ဟော်လန် ၄-၃ ကော်စတာ (ကွာတား)
ဟော်လန် ၁-၃ အာဂျင်တီးနား (ဆီမီး)
အိမ်ရှင် ဘရာဇီးအသင်းဟာ နှစ်ပေါင်း ၉၃ နှစ်အတွင်း အဆိုးဝါးဆုံး အိမ်ကွင်း ရှုံးပွဲစံချိန်ကို ရရှိခဲ့လို့ အတော်ကို ခံစားနေရပါတယ်။ ဒါ့အပြင် နေမာလည်း ပါဝင်နိုင်တော့မှာ မဟုတ်လို့ တိုက်စစ်အတွက် ဒီပွဲစဉ်မှာလည်း အဖြေရှာရဦးမှာပါ။ ခံစစ်မှူး သီယာဂိုးဆေးဗား ပြန်ပါလာတာကြောင့် ခံစစ်တည်ငြိမ်သွားဖို့တော့ ရှိပါတယ်။ ဘရာဇီးဟာ ချန်ပီယံ ငါးကြိမ်ဖြစ်ခဲ့ဖူးပြီး တောင်အမေရိကတိုက်မှာ အအောင်မြင်ဆုံးအသင်း ဖြစ်ပေမယ့် မျိုးဆက်သစ် ထူးချွန်ကစားသမားများ လျော့နည်းလာတာကလည်း ဒီနှစ် ဘရာဇီးအသင်း ပွဲစဉ်တိုင်း ရုန်းကန်ခဲ့ရတာက အဖြေပါ။ သို့ပေမယ့် ဘရာဇီးနည်းပြ စကိုလာရီ အနေနဲ့ ၁၄ ပွဲဆက် ရှုံးပွဲမရှိ စံချိန်ကို ဂျာမနီနှင့်ပွဲမှာ ကျိုးပျက်ခဲ့ရပြီးနောက် တတိယနေရာအတွက် ဘရာဇီးပြည်သူကို အလေးထားပြီး အရယူမယ်လို့ ပြောပါတယ်။
ဟော်လန်အသင်း အနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံ မဖြစ်ဖူးပေမယ့် ဒုတိယဆုနဲ့ သုံးကြိမ်သာ နှစ်သိမ့်ခဲ့ရတာကြောင့် ဒီနှစ်မှာ အကောင်းဆုံး ဖွင့်ပွဲနဲ့ စပိန်ကို ငါးဂိုးပြတ်သွင်းခဲ့တဲ့ ခြေစွမ်းဟာ လေးစားစရာပါ။ အုပ်စုပွဲစဉ်တွေနဲ့ ကွာတားဖိုင်နယ်အထိ နည်းပြဗန်ဂေါလ်ရဲ့ နည်းဗျူဟာအောက်မှာ တောက်ပခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ ကိုးကြိမ်အထိ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ရှေ့၊ လယ်၊ နောက်အတွဲညီစွာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ဆီမီးဖိုင်နယ်မှာ အာဂျင်တီးနားကို ပင်နယ်တီသွင်းဂိုးနဲ့ အရှုံးပေးခဲ့ရပါတယ်။ ဟော်လန်အနေနဲ့ ၁၉၇၄၊ ၁၉၇၈၊ ၂၀၁၀ ခုနှစ်တွေမှာ Total Football ကစားဟန်ဟာ သူတို့ရဲ့ အမှတ်တံဆိပ် ဖြစ်ခဲ့ပြီး ဒီနှစ်မှာတော့ Positional System နည်းဗျူဟာ အခင်းအကျင်း အသစ်နဲ့ ယှဉ်ပြိုင်သွားတာကြောင့် အိမ်ရှင် ဘရာဇီးအနေနဲ့ စိတ်မရှည်ရင် အငိုက်မိသွားနိုင်ပါတယ်။ ဒါကြောင့် နည်းစနစ်ပိုင်း ပိုင်နိုင်တဲ့ ဝါရင့်နည်းပြနှစ်ဦးအောက်မှာ ကစားသမားကောင်းတွေ ကိုယ်စီရှိနေတဲ့ ဘရာဇီးနဲ့ ဟော်လန်အသင်းတို့ရဲ့ တတိယ နေရာလုပွဲကတော့ တိုက်စစ်ပိုင်း ပိုသာတဲ့ ရော်ဘင်နဲ့ ဗန်ပါစီတို့ ဦးဆောင်တဲ့ လိမ္မော်ရောင်တွေဟာ အဝါရောင်တွေကို လွှမ်းခြုံသွားမယ်လို့ ထင်ပါတယ်။
===============
၂၀၁၄ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ
၁၄.၇.၂၀၁၄၊ နံနက် ၁း၃၀ နာရီ၊ မာရာကာနာကွင်း၊ ရီယိုဒီဂျနေးရိုးမြို့
ဂျာမနီ (၂) Vs အာဂျင်တီးနား (၅)
---------------------------
ဂျာမနီ ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြတ်သန်းမှု
ဂျာမနီ ၄-၀ ပေါ်တူဂီ (အုပ်စု)
ဂျာမနီ ၂-၂ ဂါနာ (အုပ်စု)
ဂျာမနီ ၁-၀ အမေရိကန် (အုပ်စု)
ဂျာမနီ ၂-၁ အယ်လ်ဂျီးရီးယား (၁၆ သင်း)
ဂျာမနီ ၁-၀ ပြင်သစ် (ကွာတား)
ဂျာမနီ ၇-၁ ဘရာဇီး (ဆီမီး)
အာဂျင်တီးနား ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြတ်သန်းမှု
အာဂျင်တီးနား ၂-၁ ဘော့စနီးယား (အုပ်စု)
အာဂျင်တီးနား ၁-၀ အီရန် (အုပ်စု)
အာဂျင်တီးနား ၃-၂ နိုင်ဂျီးရီးယား (အုပ်စု)
အာဂျင်တီးနား ၁-၀ ဆွစ်ဇာလန် (၁၆ သင်း)
အာဂျင်တီးနား ၁-၀ ဘယ်လ်ဂျီယံ (ကွာတား)
အာဂျင်တီးနား ၄-၂ ဟော်လန် (ဆီမီး)
ဗိုလ်လုပွဲ ရောက်ရှိလာရာမှာ နှစ်သင်းစလုံး ပွဲကျပ်တွေ ကစားခဲ့ရတယ် ဆိုပေမယ့် အာဂျင်တီးနား အသင်းက ပိုပြီး ရုန်းကန်ခဲ့ရပါတယ်။ ဂျာမနီအနေနဲ့ အာဂျင်တီးနားနဲ့ အကြိမ် ၂၀ တွေ့ဆုံရာမှာ ခြောက်ပွဲနိုင် ငါးပွဲသရေ ကိုးပွဲရှုံး ရလဒ်ရထားလို့ အာဂျင်တီးနားတို့ အသာရထားတယ်လို့ ဆိုချင်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲတွေ တောင်အမေရိကမှာ ကျင်းပတိုင်း တောင်အမေရိက အသင်းတွေသာ ချန်ပီယံဖြစ်လေ့ ရှိတဲ့ အစဉ်အလာကိုတော့ ဂျာမနီ ချိုးဖြတ်နိုင်မယ့် အင်အားတော့ ရှိပါတယ်။ ဂျာမနီအနေနဲ့ ကမ္ဘာ့ဖလားချန်ပီယံ သုံးကြိမ် ဖြစ်ဖူးပြီး အာဂျင်တီးနားကတော့ တစ်ကြိမ်မှ မဖြစ်ဖူးသေးဘဲ ကမ္ဘာ့အကောင်းဆုံး ကစားသမား လေးနှစ်ဆက် ဖြစ်ခဲ့တဲ့ မက်ဆီနဲ့ အာဂျင်တိုင်းသားတို့ရဲ့ ချန်ပီယံရယူမယ့် ပြင်းပြတဲ့ ဆန္ဒကိုတော့ ဂျာမနီ အတော်ရုန်းကန်ရမှာပါ။
ဂျာမနီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဥရောပဇုန်က ဗိုလ်လုပွဲကို ရှစ်ကြိမ်မြောက် တက်ရောက်နိုင်တာ ဖြစ်လို့ ဥရောပရဲ့ အအောင်မြင်ဆုံး အသင်းအဖြစ် မှတ်တမ်းဝင်နိုင်ခဲ့ပြီး ခြေစွမ်းအရ အာဂျင်တီးနားထက် တည်ငြိမ်မှု ရှိပါတယ်။ နည်းပြ ဂျိုအာချင်လိုဟာ ကစားပုံ နှစ်မျိုးနဲ့ တစ်ပွဲကို ချဉ်းကပ်လေ့ ရှိပေမယ့် အာဂျင်တီးနား နည်းပြ ဆာဘယ်လာကတော့ မက်ဆီတစ်ဦးတည်း အပေါ်သာ မှီခိုလေ့ ရှိတာကြောင့် အုပ်စုဖွဲ့ ကစားတတ်တဲ့ အိုဇေးလ်၊ မူလာ၊ တိုနီခရူး၊ ရှဝိန်းစတိုင်ဂါတို့ကြောင့် အာဂျင်တီးနား နောက်တန်း ပွဲချိန်ပြည့် တောင့်ခံဖို့ မလွယ်ပါဘူး။
အာဂျင်တီးနားကတော့ လက်ရှိ ပြိုင်ပွဲမှာ ဂျာမနီထက် သွင်းဂိုး ကိုးဂိုးထိ လျော့နည်းကာ သွင်းယူထားပြီး အဲဒီ ဂိုးတွေထဲက မက်ဆီက လေးဂိုး သွင်းပေးထားတာကြောင့် ဂျာမနီတိုက်စစ်ကို ဇာဘလက်တာ၊ ရိုကျို၊ ဂါရေးနဲ့ ဖာနန်ဒက်တို့ ခံစစ်ပိုင်း ထိန်းချုပ်ဖို့ မလွယ်ပါဘူး။ ဂျာမနီရဲ့ ဟမ်းမဲလ်၊ လမ်း၊ မာတီဆက်ကာ၊ ရှမိုက်ဇာတို့နဲ့ နူအာတို့ရဲ့ ခံစစ်ပိုင်းဟာ ပေးဂိုး လေးဂိုးသာ ရှိတာကြောင့် မက်ဆီ၊ ဟီဂွယ်ရင်တို့ တိုးပေါက်ဖို့ မလွယ်ပါဘူး။ သို့ပေမယ့် ဂျာမနီ ဂရုစိုက်ရမှာက အိမ်ရှင် ပရိသတ်နဲ့ ရာသီဥတုပါ။ ဂျာမနီအနေနဲ့ ဒီပွဲကို စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ ကြံ့ခိုင်ပါက အစဉ်အလာတွေကို ချိုးဖောက်ကာ ချန်ပီယံဖြစ်ဖို့ မခက်လောက်ဘူးလို့ ထင်ပါတယ်။
------------------------------
Read This Article on our site >
http://goo.gl/i3Eubv
No comments:
Post a Comment