HTOOSAN

လာလည်ကြတဲ့ မိတ်ဆွေများ အားလုံး ပျော်ရွှင်ချမ်းမြေ့ ကြပါစေ

Friday, April 3, 2015

မြန်မာဆန်ဆန် ၀တ်ဆင်နေထိုင်ခြင်းရဲ့ အကျိုးများ

မြန်မာဆန်ဆန် ၀တ်ဆင်နေထိုင်ခြင်းရဲ့ အကျိုးများ
***************************************
၁။မိမိအကြောင်းပြု၍ မြင်သူတကာ စိတ်ကြည်နူးမှုရရှိခြင်း၊
၂။လူကြီးလူကောင်းဆန်ကာ လေးစားစရာ ကောင်းခြင်း၊
၃။အထင်သေး အမြင်သေးမခံရခြင်း၊
၎။မည်သည့်နေရာမဆို ရဲရဲဝံ့ဝံ့ ဝင်ထွက်သွားလာနိုင်ခြင်း၊
၅။သိမ်ငယ် စိုးရွံ့နေရမှုမှ ကင်းဝေးခြင်း၊
၆။ညစ်ညမ်းသောစကားလုံးများဖြင့် နောက်ပြောင်မခံရခြင်း၊
၇။စိတ်လက်ပေါ့ပါးစွာ နေထိုင် ခွင့်ရခြင်း၊
၈။မိမိကိုယ်ကိုယ် ပိုယုံကြည်စိတ်ချမှုရှိခြင်း၊
၉။ပစ်မှားလိုသော စိတ်ယုတ်မာများဖြစ်ပွါးစေမှုနည်းပါခြင်း၊
၁၀။လူကြီးလူကောင်း နှင့် ပညာရှိများ ချီးမွမ်းခံရခြင်း၊
၁၁။ဂုဏ်သိက္ခာ တိုးတက်ခြင်း၊
၁၂။ရိုးသားမြင့်မြတ်သော အမျိုးသားကို ရနိုင်ခြင်း၊
၁၃။လူကုန်ကူးလိုသူတို့၏ အန္တရာယ်မှ ကင်းဝေးခြင်း...နှင့်
အခြားယဉ်ကျေးမှုဖျက်အန္တရာယ်အမျိုးမျိုးတို့မှ
ကင်းဝေးခြင်း
ဓမ္မစကူးလ် ဆုံရာ



Admin .thuraaung (kyaiklatt) ထူးဆန်းဘ​လော့ကို အား​ပေးကြ​သော သူငယ်​ချင်းများအား ​ကျေးဇူးအထူးတင်​ရှိပါသည်​။

ခေါင်းဆောင်ကောင်း၏ အရည်အချင်းများ =======================

ခေါင်းဆောင်ကောင်း၏ အရည်အချင်းများ
=======================

၁။ ဇွဲသတ္တိရှိခြင်း

သတ္တိမရှိသူ၊ မိမိကိုယ် ယုံကြည်မှုမရှိသူရဲ့ တပည့် မည်သူမျှ မလုပ်လိုပေ။ အသိဉာဏ်ရှိသူဟာ ယင်းခေါင်းဆောင်၏ လက်အောက်တွင် ကြာရှည်စွာနေနိုင်မည်မဟုတ်ပေ။

၂။ မိမိကိုယ်ကို ထိန်းချုပ်နိုင်ခြင်း

မိမိကိုယ်ကို မထိန်းချုပ်နိုင်သူဟာ သူတစ်ပါးကို ထိန်းနိုင်မည် မဟုတ်ပေ။ မိမိကိုယ်ကိုယ် ထိန်းချုပ်ပေးနိုင်တဲ့အတွက် တပည့်များအဖို့ စံနမူနာအဖြစ် အတုယူလာနိုင်ပါတယ်။

၃။ တရာမျှတခြင်း

ဦးဆောင်ရတဲ့အခါ တရားမျှတမှုမရှိလျှင် တပည့်များ၏လေးစားမှုကို မယုံကြည်ကြောင်းပြသလိုဖြစ်ပြီး သူတစ်ပါးကို အောင်မြင်စွာ ဦးဆောင်နိုင်မည် မဟုတ်ပေ။

၎။ တိကျပြတ်သားတဲ့ လုပ်ငန်းစဉ်ရှိခြင်း

ခေါင်းဆောင်ကောင်းဟာ လုပ်ငန်းအစီအစဉ်ကို ကိုယ်တိုင်ရေးဆွဲပြီး ယင်းအစီအစဉ်အတိုင်း အကောင်အထည်ဖော်ရမည်။ လက်တွေ့ဖော်ဆောင်နိုင်တဲ့ တိကျပြတ်သားတဲ့ လုပ်ငန်းစဉ်မရှိပဲ မှန်းဆပြီး ဦးဆောင်နေသူဟာ ပဲ့မပါတဲ့ လှေနဲ့တူပြီး မကြာမီ ကျောက်ဆောင်နဲ့ ဝင်တိုးလိမ့်မယ်။

၅။ အနစ်နာခံခြင်း

ခေါင်းဆောင်ကောင်းဟာ အခြေအနေတောင်းဆိုလာပါက ငယ်သားများအတွက် အနစ်နာခံနိုင်ရမယ်။

၆။ ဥပဓိရုပ်ကောင်းခြင်း

ဖြစ်ကတတ်ဆန်း နေထိုင်ပြောဆိုသူဟာ ခေါင်းဆောင်ကောင်း ဖြစ်မလာနိုင်ပေ။ ရိုသေလေးစားထိုက်မှ ခေါင်းဆောင်ကောင်း ဖြစ်နိုင်မယ်။
ဥပဓိရုပ် ညံ့ဖျင်းလျှင် ခေါင်းဆောင်တော့ဖြစ်နိုင်တယ် ငယ်သားများ လေးစားမည်မဟုတ်။

၇။ နားလည်စာနာတတ်ခြင်း

ခေါင်းဆောင်ကောင်းဟာ တပည့်များအပေါ် စာနာစိတ်ရှိတယ်။ တပည့်များရဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာများကို နားလည်သဘောပေါက်တယ်။

၈။ စေ့စပ်သေချာခြင်း

ခေါင်းဆောင်ကောင်းဟာ အရာရာကို စေ့စပ်သေချာစွာ ဦးဆောင်မှုပေးနိုင်တယ်။

၉။ တာဝန်ယူခြင်း

ခေါင်းဆောင်ကောင်းဟာ တပည့်များနဲ့ပက်သက်ပြီး တာဝန်ယူနိုင်တယ်။ ယခုလိုတာဝန်မယူနိုင်လျှင် ခေါင်းဆောင်ကောင်း မဖြစ်နိုင်ဘူး။ တပည့်တစ်ဦးတစ်ယောက် အမှားပြုလုပ်မိလျှင်၊ ဖြစ်မြောက်အောင်မလုပ်လျှင် မိမိတွင် တာဝန်ရှိသည်ဟု ခေါင်းဆောင်အနေနှင့် သဘောပိုက်ရမည်။

၁၀။ ပူးပေါင်းဆောင်ရွက်ခြင်း

ခေါင်းဆောင်ကောင်းဟာ ပူပေါင်းဆောင်ရွတ်မှု သဘောကို လက်ခံပြီး လက်တွေ့ကျင့်သုံးသူဖြစ်တယ်။ တပည့်များကိုလည်း လက်ခံကျင့်သုံးနိုင်အောင် စည်းရုံတယ်။ ခေါင်းဆောင်မှုတွင် စွမ်းအားလိုတယ်။ ပူးပေါင်းဆောင်ရွတ်မှသာ စွန်းအားဖြစ်ထွန်းနိုင်မည်။

(နံပါတ်ဝမ်း စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်)



Admin .thuraaung (kyaiklatt) ထူးဆန်းဘ​လော့ကို အား​ပေးကြ​သော သူငယ်​ချင်းများအား ​ကျေးဇူးအထူးတင်​ရှိပါသည်​။

မြန်မာ တို့၏နှစ်ဦးမင်္ဂလာသင်္ကြန်ရေ သဘင်ပွဲ

= မြန်မာ တို့၏နှစ်ဦးမင်္ဂလာသင်္ကြန်ရေ သဘင်ပွဲ===
================================
တန်ခူးလသည် မြန်မာနှစ်တွင် ၁၂ လရာသီ၌ ပထမဦးဆုံးလ ဖြစ်ပေသည်။ မြန်မာလူမျိုးတိုင်း၏နှစ်သစ်ပျော်ရွှင်ကြည်နူးနှစ်ဦးမင်္ဂလာ အဖြစ် သင်္ကြန်္တအတာရေသဘင် ပွဲကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပသောလ ဖြစ်ပါသည်။ ဤလသည် နွေဦး ၀င်စ မိဿရာသီအခါသမယဖြစ် ပြီး ကြယ်တာရာတောက်စားကာ အာသာဝတီ၊ ဘရဏီ၊ ကြတ်္တိကာ နက်္ခတ်နှင့်စန်းယှဉ်ကာ တစ်နှစ်တာ ကုန်ဆုံး၍ နှစ်သစ်သို့ကူးပြောင်း သောလတစ်လဖြစ်ပြီး မြန်မာ တို့၏ နှစ်ဦးမင်္ဂလာသင်္ကြန်ရေ သဘင် ပွဲကြီးအား ကြီးကျယ်ခမ်းနားစွာ ဆင်နွှဲသည့်လဟုလည်း ဆိုရပေမည်။
တန်ခူးလတွင် လအလိုက်ပွင့် သောပန်းတို့မှာ ကံ့ကော်ပန်းဖြစ်ပြီး၊ မိတ်ဖက်ပန်းများဖြစ်သည့် ရွှေပိ တောက်၊ အင်ကြင်းပန်းနှင့် ငုဝါ ပန်းတို့ကလည်း ရနံ့များသင်းထုံ ကြိုင်လှိုင်ဝေဆာလျက်ရှိနေပါတော့ သည်။ ရာသီနှင့်ပန်းတို့ကား ကျက် သရေရှိလှပါပေသည်။ ထိုကာလတွင် မိုးရနံ့ပါသော လေပွေလေရူးကလေး တို့က တိုးဝှေ့လျက်ရှိပေရာ အဆွေး ဓာတ်ခံရှိသူတို့ လွမ်းမောဖွယ်ရာ ရသကို ကြုံဆုံခံစားကြရပါပေမည် ဟု ရှေးစာဆိုရှင်တို့က ရေးဖွဲ့သီကြူး ထားခဲ့ကြသည်။ လတန်ခူးလသို့ရောက်ပြီဆိုလျှင် ရွက်ဟောင်းတို့ခြွေကာ ရွက်သစ် တို့ဖြစ်စေမည့် မြရောင်အသွေးရှိ သော ပုရစ်ဖူးကလေးများသည် ပင် ယံထက်ဝယ် ဝေေ၀ဆာဆာ အစား ထိုးဝင်ရောက်လာခြင်းကလည်း နှစ် သစ်သို့ကူးပြောင်းရောက်ရှိလာပြီဟူ သော သင်္ကေတနိမိတ်များပြနေသကဲ့ သို့ ရှိနေသည်။ ရွှေပိတောက် ၀ါတို့ကလည်း နွေအရောက်မှာ ပင်လုံးညွှတ်မျှ ဝေဆာနေ သည်။ လေပွေလေရူးတို့ကလည်း ဆော့ကစားသည့်နှယ် ပျော်ပိုက်စွာ တိုးဝှေ့လာချိန် ပိတောက်ပန်းရနံ့က လည်း သင်းပျံ့ကြိုင်လှိုင်နေသည့် ကာလ၀ယ်သူ့ရာသီအဖော် ရွှေဥသြ တေးသံရှင်ကလည်း လွမ်းတေးသံ ရင့်ကျူးလျက် နွေအလှပန်းချီ တန် ခူးလကို ဂုဏ်ဖော်တင်စားပေးလျက် ရှိပါလေသည်။ သူရိန်နေမင်းက လည်း မိုးနှင့်နှင်းတို့၏ ဘေးရန်မှ လွတ်ကင်းစွာ အပူရှိန်ကို ထွန်းပ လျက်ရှိလေသည်။ မြန်မာလူမျိုးတိုင်း သည် ဤလကို ခုံမင်နှစ်သက်မြတ် နိုးကြခြင်းကား ငြင်းဖွယ်ရာမရှိပါ ဟု ယုံကြည်မိပါလေသည်။ ဆရာဇော်ဂျီ၏ နွေအလှကဗျာ လေးက ဆိုထားပေသည်မှာ ““လ တန်ခူးပေမို့ အလှထူးပါဘိ မြမြ ဖူးရယ်တဲ့ ခိုင်ရွှေဝါ””ဟု ဆိုထား သော ကဗျာလေးသည် နောင်နှစ် မည်မျှပင်ရှိစေ ဤရာသီ ဤလကို ဖော်ညွှန်းတင်စားနေမည့် ရာသီ အလှကဗျာကလေးပင် ဖြစ်ပေ သည်။
ဤသို့ပူပြင်းလှသော လရာသီဝယ် ကြည်လင်အေးမြသော သီတာရေစင် ဖြင့် ပက်ဖျန်းကြကာ နှစ်သစ်ကူး မင်္ဂလာအခမ်းအနားကို ဆင်းသက် ပြောင်းရွှေ့လာခြင်း ဖြစ်လေသည်။ ဤလရာသီ ရေသဘင်ပွဲတော်ကို ရှေးရှေးသော ပုဂံခေတ်ကတည်းက သင်္ကြန်္တမင်္ဂလာအခါ ကျင်းပခဲ့ ကြောင်း လေ့လာသိရှိရပါသည်။ မြန်မာတို့၏ လောကီမင်္ဂလာ တစ်ဆယ့်နှစ်ပါးဝယ် သင်္ကြန်္တမင်္ဂလာ အခါဝယ် မြန်မာတို့သည် ကောင်းမှု ကုသိုလ်ပြုခြင်း၊ သီလဘာဝနာ ပြုခြင်းဖြင့် မင်္ဂလာရှိသော နှစ်ဦး လဟူ၍ ဆိုစမှတ်ပြုခဲ့ပါပေ သည်။ နှစ်သစ်ကူးဆိုသည်မှာ တစ်နှစ် တာကုန်ဆုံးပြီး နှစ်သစ်သို့ရောက်ရှိ လာချိန်တွင် နှစ်ဟောင်းကပြုခဲ့သမျှ အကုသိုလ်အညစ်အကြေးတို့အား နှစ်သစ်သို့မကူးစေလိုသည့်သဘော မျိုးဖြင့် သင်္ကြန်္တမင်္ဂလာဆိုဘိသကဲ့ သို့ အတာရေဖြင့် ဆေးကြောသုတ် သင်ရှင်းလင်းစင်ကြယ်စေခြင်းပင် ဖြစ်ပါပေသည်။ ဖိုးသူတော်ဦးမင်း၏ တန်ခူးလနှင့် ပန်းကံ့ကော်တို့ ဝေဆာလှပတင့်တယ် ပုံ၊ နွေအလှ သစ်ပင်တို့၏ ပုရစ် ဖူးဝေဆာ ရွက်ဝါကြွေသော ပန်းချီ ကားသဏ္ဌာန်တို့ကို တင်စားရေးဖွဲ့ ထားလေသည်မှာ- ““ဟောင်းရွက်ညှာ ခါလှစ်လို့၊ တာသစ်ကယ်တဲ့နံ့ကြိုင်၊ သုတ်ဖြူးလေ ဆော်က၊ ပန်းကံ့ကော် ၀တ်မှုန်ကျင်း သင်းပျံ့လို့လှိုင်၊ ကြယ်နှစ်ပြိုင် သွယ်ဆိုင်ပ၀င်း၊ စိတြငယ်နှင့်၊ ငွေ လသော်တာတို့၊ ယုဂန်ချာတောင် တော်စွန်းမှာ၊ ထွန်းထိန်လို့လင်း””ဟု နွေအလှကို တင်စားပါလေသည်။
ကုန်းဘောင်လက်ထက်စာဆိုရှင် လူ ဦးမင်းကလည်း ဤသို့လေးချိုး လေးကို ဆိုထားသည်မှာ ““စုံတစ် ဖွဲ့မှာလ၊ မှုန်လဲ့ငယ်ပြေလွင်မှာ၊ ရွှေ ရစ်ဆင်ထိပ်မိုး၊ ပြန်တော့မတဲ့ မြူ ခိုးခြယ်လာ သစ်လှချည်””စသည်ဖြင့် နွေအလှများကိုဖွဲ့ထားပါလေသည်။ ဦးဖြေကလည်း ““ကံ့ကော်ရင်ခတ် မွှေးရည်သတ်နှင့်၊ ခေါက်ချပ်ကယ် ကေသျှင် စုလည်းဆင်လို့”” ဟူ၍ တန်ခူးနွေ အလှတို့ကို ဖော်ကျူး ထားခြင်းသည် မြန်မာတို့၏ တန်ခူး ကာလကို အလွန်မှ နှစ်သက်ကြည်နူး မိရပါလေသည်။ ထို့ကြောင့် နှစ်သစ်ဦး တန်ခူး လအခါတွင် ကောင်းမြတ်သော ဒါန၊ သီလ၊ ဘာဝနာအမှုတို့ကို ပြု ကျင့်နေခြင်းဖြင့် မင်္ဂလာကျက်သရေ ရှိသော အချိန်ကာလဖြစ်ကြောင်း ကိုလည်း မင်္ဂလသုတ်၊ မင်္ဂလာ နိဒါန်းဝယ် လေ့လာတွေ့ရှိရပါသည်။ ဤနှစ်သစ်မင်္ဂလာ သင်္ကြန်ပွဲတော် ကို ရှေးသောကာလ ပုဂံခေတ် အနော်ရထာ ဘုရင်မင်းမြတ် လက်ထက်ကတည်းက ပြုဆောင်ခဲ့ ကြသည်ဟုလည်း အထောက်အထား များ တွေ့ရှိရလေသည်။
ကုန်းဘောင်ခေတ် မင်းတုန်းမင်း တရားကြီးလက်ထက်တော်တွင်လည်း မန်္တလေးရွှေနန်းတော်မှ သင်္ကြန် အတာရေပက်ဖျန်းရမည့် အချိန်၌ သင်္ကြန်အမြောက်များ ပစ်ဖောက်ပြီး ဘုရင်မှ အတာသင်္ကြန်ရေပက်ဖျန်း ကာ အတာသင်္ကြန်ကျပြီဟုဆိုကာ စတင်ရေပက်ဖျန်းကြကြောင်း လေ့ လာတွေ့ရှိရပါသည်။ သီချင်းတစ်ပုဒ် ၌ အဆန်မပါ အသံသာရှိသည့် သင်္ကြန်အမြောက်ကဲ့သို့ဟူ၍ ဆို ထားခြင်းသည် ဤအရာကို ဖော် ညွှန်းထားသည်ဟု ဆိုရပါပေမည်။ မိဿရာသီ လတန်ခူးကာလသည် ကား ဗုဒ်္ဓဘာသာမြန်မာလူမျိုးတို့၏ နှစ်သစ်ကူးအတာရေပက်ဖျန်းသော ပွဲတော်ကို နှစ်စဉ်ဆင်နွှဲလျက်ရှိရာ ယင်းမဟာသင်္ကြန်အခါတော်ကာလ ၀ယ် သီတင်း၊ ဥပုသ်၊ သီလ၊ ဘာ ၀နာပွားများကာ ဘုရားကျောင်းကန် တရားကျောင်းတိုက်တို့၌ အလှူဒါန ပြုခြင်း၊ အရပ်လေးမျက်နှာမှ ပုဂ်္ဂိုလ် တို့အား အာဟာရဒါနကျွေးမွေး လှူ ဒါန်းခြင်း၊ ရေနည်းရာအိုင် ရေကန် တို့မှ သားငါးများအား ရေများရာ နေရာသို့ ရွှေ့ပြောင်းလွှတ်ပေးခြင်း၊ ငါးများသက်စေ့လွှတ်ပေးခြင်းများ၊ ဘိုးဘွားတို့ကို သန့်ရှင်းရေးပြုစု ပေးခြင်း၊ ဂါရ၀ပြုခြင်း၊ ဇီဝိတဒါန တိရစ်္ဆာန်တို့အား ဘေးမဲ့ပေးခြင်း တို့ကို ကြီးကျယ်ခမ်းနားစွာ ကျင်းပ ပြုလုပ်လေ့ရှိကြပါလေသည်။ တစ်နည်းဆိုရသော် ခေတ်ဟောင်း အပြစ်အနာအဆာ ကြေးညှော်တို့ အား နှစ်သစ်ဘက်သို့ မသယ် ဆောင်တော့ဘဲ ရေဖြင့်ဆေးကြော သုတ်သင်ကြသည့်အလား သီလ ဘာဝနာပွားများကြသည့် အလေ့အထ များသည်လည်း မြန်မာလူမျိုးတို့ အတွက် နှစ်သက်ကြည်နူးဖွယ်ရာ ဓလေ့ပင်ဖြစ်ပါပေသည်။ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် သည်ရာသီနက်္ခတ်နှင့် ပန်းအလှ တို့ စန်းယှဉ်ကာဖြင့် ဘ၀င်မှာ ကြည်နူး အလှူဒါန ရည်စူးကာ နှစ်ဟောင်းကာလမှပြုခဲ့သမျှ အကု သိုလ်တရားတို့ကို စွန့်ခွာလျက် နှစ်ဦးမင်္ဂလာအဖြစ် မြန်မာတစ် မျိုးသားလုံး ဘ၀င်ချမ်းမြေ့စဉ် မမေ့ဘဲ နှစ်စဉ်နွှဲပျော်မြဲဖြစ်သည့် သင်္ကြန်္တမင်္ဂလာတစ်ခုပင် ဖြစ်ပါ ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
+ရွှေတိုင်လွင်+



Admin .thuraaung (kyaiklatt) ထူးဆန်းဘ​လော့ကို အား​ပေးကြ​သော သူငယ်​ချင်းများအား ​ကျေးဇူးအထူးတင်​ရှိပါသည်​။

သင်္ကြန် နှင့် ရေ

သင်္ကြန် နှင့် ရေ
=================

- ကိုရင်လှ | ရေးသည် |

မကြာခင်ကပဲ ပန်းပိတောက်တို့ လျှမ်းလျှမ်း တောက်ပွင့်ခဲ့သလို ဟိုနေရာ ဒီနေရာ နေရာ အနှံ့အပြားကလည်း တူးပို့တူးပို့သံတို့ ကြား နေရပေပြီ။ မြန်မာလူမျိုးတိုင်း နှစ်သက်ပျော်ရွှင်ကြသော မဟာသင်္ကြန်အတာ သင်္ကြန် နှစ်သစ်ကူးအခါသမယသို့ ရောက်ရှိပေတော့မည်။

သတင်းစာများ ဂျာနယ်များမှတစ်ဆင့် ရန်ကုန်မြို့ မန္တလေးမြို့ အစရှိသောမြို့ကြီး ပြကြီးများတွင် သင်္ကြန်မဏ္ဍပ် များဆောက်လုပ်ရန်အတွက် ခွင့်ပြုချက် တောင်းခံမှုများ မဏ္ဍပ်ဆောက်လုပ်နေသည်ကိုလည်း မြင်တွေ့နေရပေပြီ ဖြစ်သည်။

ပူပြင်းခြောက်သွေ့သောကာလတွင် ရေကစားကြ ရသည့်အတွေ့အကြုံမှာ အလွန်နှစ်သက်ဖွယ်ရာ ကောင်း လှသဖြင့် ပျိုပျိုအိုအိုလူကြီးလူငယ် ဘိုးဘိုးဘွားဘွား မရွေး သင်္ကြန်အခါသမယကို ဝမ်းမြောက်ဝမ်းသာကြိုဆိုတတ် ကြပါသည်။

ကျွန်တော်လည်း သင်္ကြန်ကိုနှစ်သက်ပါသည်။

ရှေးဘုရင်မင်းများလက်ထက်အခါကတည်းက သင်္ကြန် အခါတွင် ရေကစားခဲ့ကြသည်။ ထိုစဉ်ခါကာလတုန်းက တော့ သပြေခက်ဖြင့် ရေပက်ကစားခဲ့ကြသည်ဟု ဖတ်ဖူး မှတ်ဖူးလေ့လာဖူးပါသည်။ ကျွန်တော်တို့ ငယ်စဉ်အခါက အိမ်ရှေ့မှာ ရေဇလုံ၊ ရေဇလားကိုချ၊ ထိုပုံးများ၊ ဇလားများ၊ ဇလုံများထဲမှရေကို ဖလားကလေးနှင့်ခပ်၍ လမ်းသွားလမ်း လာတို့ကို မမောနိုင်မပန်းနိုင်ပြေးပြေးပက်၍ ပျော်ရွှင်ခဲ့ကြ သည်။

ပိုကဲသော သူငယ်ချင်းတွေကတော့ နို့ဆီခွက်နှင့် ခွက်စောင်းခုတ် ပက်ကြသည်။ နို့ဆီခွက်ကို ဖင်ကကိုင် လက် ပေါ်မှာပက်လက်ထားပြီး ရေအပြည့်ဖြည့်ကာ အပက်ခံလာ သူများကိုအားကုန်လွှဲ၍ ခွက်စောင်းခုတ် လိုက်ပါက နို့ဆီ ခွက်ထဲကရေသည် အရှိန်ဖြင့်အပက်ခံရသူကို ထိမှန်သဖြင့် စပ်ဖျဉ်းဖျဉ်းခံစားရသည့်အတွက် ''အောင်မယ်လေးတော့ အောင်မယ်လေးတော့'' ဟု အော်ကြသည့် အသံကိုပက်ကြ သူများက အရသာတွေ့ကြသည်။

ကျွန်တော်တို့ငယ်စဉ်ကာလသည် ဆိုရှယ်လစ်ခေတ် ဖြစ်သည့်အတွက် သင်္ကြန်မဏ္ဍပ်ဆိုသည်မှာ အစိုးရဌာန ဆိုင်ရာမဏ္ဍပ်များသာ အဓိကရှိခဲ့ကြပြီး ပုဂ္ဂလိကမဏ္ဍပ်မှာ မရှိသလောက်ပင်ရှားခဲ့ပါသည်။ ရေပက်မဏ္ဍပ်တွင် ရေ ကစားကြသူ အရေအတွက်ကများများ ရေပက်ခံကားနှင့် ရေပက်ခံ အရေအတွက်ကနည်းနည်းမို့ နံနက်ရှစ်နာရီ လောက်ရေပက်ခံ စထွက်ကြရသည့် အတွက် အချိန်ပြည့် ရေစိုရွှဲသည့်အရသာကို ခံစားပျော်ရွှင်ခွင့် ရခဲ့ကြပါသည်။

ထိုအချိန်က ကျွန်တော်တို့ရေပက်ခံရသူများကို အဓိက ရေပက်ကြသည်မှာ ရေပုံးများ၊ ရေခွက်များနှင့် နို့ဆီခွက် များသာဖြစ်ကြပြီး ဌာနဆိုင်ရာမဏ္ဍပ်များသို့ ဝင်ရောက်ရေ ပက်ခံရာတွင်လည်း ရိုးရိုးရေပိုက်များဖြင့်သာ ပက်ကြသလို ရေပက်သည်မှာလည်း ကလေးငယ်များကလွဲ၍ အကျနေ့ မှအတက်နေ့အထိ သုံးရက်သာဖြစ်ကြောင်း ယနေ့အထိ တိုင် မှတ်မိနေဆဲဖြစ်ပါသည်။

ယနေ့ခေတ်တွင်မတော့ ကျွန်တော်တို့ခေတ်နှင့်မတူ အလွန်ပင်ခြားနား သွားခဲ့ပြီဖြစ်ပါသည်။

ရေပက်မဏ္ဍပ်များ အားလုံးသည် အနီးဆုံးနေရာရှိရေကန်များ၊ အဝီစိတွင်းများ မှရေများကို ရေစုပ်စက်များဖြင့်စုပ်ယူ၍ သင်္ကြန်အကြိုနေ့ မှစတင်၍ အတက်နေ့အထိ လေးရက်လုံးလုံးပက်နေကြ ပြီဖြစ်ပါသည်။

ထို့အပြင်ရေပက်မဏ္ဍပ်များမှာလည်း ဌာန ဆိုင်ရာမဏ္ဍပ်များအပြင် ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်း မဏ္ဍပ်များပါ ပါဝင်ဆင်နွှဲနေကြပြီဖြစ်ပါသည်။

သေချာသည်ကတော့ ရေပိုက်နှင့် ပက်သည်ဖြစ်စေ၊ ရေခွက်နှင့်ပက်သည် ဖြစ်စေ ကျွန်တော်တို့ပက်လိုက်ကြ သော ရေများသည် ရေကောင်းရေသန့်များ ချည်းသာ ဖြစ် ပေသည်။ မည်သူကမျှလည်း ဤသင်္ကြန်အခါသမယမျိုး တွင် ရေပုပ်ရေဆိုးရေသိုးနှင့်မပက်လိုကြပေ။ ပက်ပါက လည်း အပက်ခံရသူက သေချာပေါက်ပြဿနာရှာမည် ဖြစ်သည့်အတွက်လည်း ခိုက်ရန်ဖြစ်ပွားကြရမည် သာပင်။

ထို့ကြောင့် ထိုသင်္ကြန်လေးရက်တာကာလအတွင်း ကျွန် တော်တို့ ပက်လိုက်သမျှ ရေအားလုံးနီးပါးသည် လူတို့အ သက်ရှင်သန်ရပ်တည်မှု အတွက် လေပြီးလျှင် ဒုတိယမြောက် အရေးပါအရာရောက်ဆုံး သယံဇာတဖြစ်သည့် ရေချိုရေ သန့်များပင်ဖြစ်ပါသည်။

လူတို့နေထိုင်ရာဂြိုဟ်ကမ္ဘာ၏ ၇၁ရာခိုင်နှုန်းသည် ရေထုကြီးဖြစ်သကဲ့သို့ လူတို့၏ခန္ဓာကိုယ်တွင်လည်း ရေ ဓာတ်က ရာခိုင်နှုန်း ၇ဝပါဝင်နေပါသည်။

ဦးနှောက်တွင် ရေ ၈၅ရာခိုင်နှုန်း၊ အရိုးတွင် ရေ၁၅ရာခိုင်နှုန်း၊ သွေးတွင်ရေ ၈၂ရာခိုင်နှုန်း၊ အဆုတ်တွင်ရေရာခိုင်နှုန်း ၉ဝအထိပါဝင် နေပြီး လူတစ်ယောက်သည် အစားအစာကို၂၁ရက်မစားဘဲ အသက်ရှင်သန် နေနိုင်သော်လည်း ရေကိုမူ သုံးရက်မျှမ သောက်ရလျှင် အသက်သေဆုံး သွားနိုင်သည်ဟု သိပ္ပံပညာ ရှင်များက စနစ်တကျ သုတေသနပြုလုပ် ဖော်ပြထားသည် ကို မှတ်သားခဲ့ရပါသည်။

ကမ္ဘာဂြိုဟ်ပေါ်ရှိ ရေအရင်းအမြစ်အားလုံးတွင် ပင် လယ်သမုဒ္ဒရာများရှိ ရေငန်များက ၉၇ဒသမ ၂ရာခိုင်နှုန်း အထိပါဝင်ပြီး ရေချိုက ၂ဒသမ၈ရာခိုင်နှုန်း သာပါဝင်ပါ သည်။ ထိုရေချို၂ဒသမ၈ရာခိုင်နှုန်းတွင် လေထုအတွင်းရှိ ရေခိုးရေငွေ့များ မြစ်ချောင်းအတွင်းရှိရေများ၊ ရေချိုကန် များအတွင်းရှိရေများ၊ ရေခဲတောင်များနှင့်ရေခဲမြစ်များ၊ မြေ အောက်ရေများစုပေါင်းပါဝင်နေပါသည်။ ထို့ကြောင့် ကမ္ဘာပေါ်ရှိလူတို့လက်ငင်းသုံးစွဲ၍ရသောရေပမာဏမှာ ကမ္ဘာပေါ်ရှိရေပမာဏ အားလုံး၏ သုညဒသမ ၃၁၉၁ရာ ခိုင်နှုန်း ထုထည်အားဖြင့် ကုဗမီတာ ၄၁၂၄၂ဝဝသာရှိပါ သည်။

ထို့အပြင် ကမ္ဘာပေါ်ရှိရေအားလုံးသည် ပုံစံအမျိုးမျိုး၊ အရည်အသွေး အမျိုးမျိုးဖြင့်တည်ရှိနေကြသော်လည်း ထို ရေအားလုံးသည် မည်သည့်နေရာကမျှ ရောက်လာသည်မ ဟုတ်သလို မည်သည့် နေရာကိုမျှလည်း ထွက်သွားမည်မ ဟုတ်သော 'အပိတ်စက်ဝန်း'ဖြင့်သာ တည်ရှိနေကြပါသည်။

ဆိုလိုသည်မှာ ကမ္ဘာပေါ်ရှိရေအားလုံးသည် ကမ္ဘာကြီးဖြစ် တည်လာကတည်းက တည်ရှိနေခဲ့ပြီး ကျွန်တော်တို့ငယ်စဉ် ကတည်းက အထွေထွေသိပ္ပံဘာသာရပ်တွင် သင်ကြားခဲ့ ရသော ရေသံသရာလည်ပုံ အတိုင်း ရေခဲတောင်၊ ရေခဲမြစ် များ၊ မြစ်ချောင်း၊ အင်းအိုင်များ၊ ပင်လယ်သမုဒ္ဒရာများ၊ ရေခိုးရေငွေ့များ၊ မြေအောက်ရေများအဖြစ် ပြောင်းလဲ တည်ရှိသံသရာလည်နေကြခြင်းဖြစ်သည်ဟု ဆိုလိုပါသည်။

သို့သော် ကမ္ဘာပေါ်ရှိရေထုပမာဏမှာ မတိုးမလျော့ ဘဲ အမြဲပုံသေရှိနေသော်လည်း ကမ္ဘာပေါ်ရှိ လူဦးရေအ ရေအတွက်မှာမူ တစ်စတစ်စတိုးတက်များပြားလာလျက် ရှိနေပါသည်။

ထိုတိုးတက်လာသောလူဦးရေကြောင့် လွန် ခဲ့သောနှစ်ပေါင်း ၅ဝခန့်အတွင်း လူတို့၏ရေသုံးစွဲမှုပမာ ဏမှာ သုံးဆအထိတိုးတက်များပြားလာလျက်ရှိပါသည်။ လူဦးရေတိုးလာသော်လည်း ကမ္ဘာ့ရေပမာဏသည် အ တိုးအလျော့မရှိဘဲ ပုံသေတည်ရှိနေသည့်အတွက် ကမ္ဘာ့ လူသားတစ်ဦးချင်းစီအတွက် ရရှိသောရေခွဲတမ်းပမာဏ မှာ တစ်စတစ်စယုတ်လျော့လျက်ရှိပါသည်။

ထို့အပြင်လူ ဦးရေတိုးတက်လာသည်သာမက လူတို့၏နေထိုင်မှုပုံစံ များပြောင်းလဲလာခြင်း၊ တိုးတက်လာသောလူဦးရေပမာဏ တို့ စားရေးအတွက် စိုက်ပျိုးမှုပုံစံများပြောင်းလဲလာခြင်း၊ စက်ရုံအလုပ်ရုံများ များပြားလာခြင်း စသည့်အချက်တို့ ကြောင့် ထိုပုံသေပမာဏရှိသောရေထုအ တွင်းသို့ လူနေ မြို့ရွာ၊ စိုက်ခင်း၊ စက်ရုံအလုပ်ရုံများမှ ရေဆိုးများ၊ စွန့်ပစ် ရေများသည် တန်ချိန်သန်းပေါင်းများစွာနေ့စဉ်စီးဆင်း ဝင်ရောက်လျက်ရှိသဖြင့် လူသားအားလုံးတို့ ဝိုင်းဝန်းသုံးစွဲ နေကြရသောရေကောင်းရေသန့်များသည် ရေဆိုးများအ ဖြစ်သို့ လျင်မြန်စွာပြောင်းလဲရောက်ရှိနေကြရပါသည်။

ထို့အပြင် ယနေ့ကမ္ဘာတွင် ကမ္ဘာ့လူသားအားလုံး ရင်ဆိုင်ကြုံတွေ့နေရသော ပြဿနာမှာ ကမ္ဘာ့အပူချိန်များ နှစ်စဉ်နှစ်တိုင်းတိုးတက်လာနေခြင်းနှင့် ထိုကဲ့သို့ ကမ္ဘာ့ အပူချိန်တိုးတက်လာခြင်းကြောင့် ရာသီဥတု ဖောက်ပြန် ပြောင်းလဲခြင်း ပြဿနာတို့ဖြစ်ပါသည်။

တစ်ဖက်တွင်လည်း ကမ္ဘာ့အပူချိန်တိုးတက်လာခြင်း၏အဓိကတရားခံဖြစ်သော စက်ရုံအလုပ်ရုံများ၊ ယာဉ်ရထားများ၊ လျှပ်စစ်ဓာတ်အား ပေးစက်ရုံများမှ ထွက်လာသည့် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့များကို သဘာဝအလျောက် စုပ်ယူ၍ အပူချိန်ကို လျော့ကျစေပြီး ရာသီဥတုကို သမမျှတစေသောကမ္ဘာ့သစ် တောကြီးများသည်လည်း လူတို့၏ပယောဂကြောင့်ပင် လျင်မြန်သောနှုန်းဖြင့် ကမ္ဘာ့မြေပေါ်မှတစ်စတစ်စပျောက် ကွယ်နေရပြန်ပါသည်။

ကျွန်တော်တို့မြန်မာနိုင်ငံတွင်လည်း သစ်တောများ ပြုန်းတီးခြင်း၊ ရာသီဥတု ဖောက်ပြန်ပြောင်းလဲခြင်း၊ အပူ ချိန်တိုးလာခြင်း၊ စိုက်ပျိုးရေးနည်းစနစ်များ ပြောင်းလဲလာ ခြင်း၊ လူဦးရေတိုးတက်များပြားလာခြင်း၊ သဘာဝပတ်ဝန်း ကျင်ကိုအကြီးအကျယ်ထိခိုက်ပျက်စီးစေသောသတ္တုတူး ဖော်ခြင်း၊ ရွှေထုတ်လုပ်ခြင်း၊ ကျောက်တူးခြင်းစသည့် လုပ် ငန်းများကို အတိုင်းအဆမဲ့ ဆောင်ရွက်လာခြင်း၊ အမှိုက် စွန့်ပစ်ခြင်းစသည့်ပြဿနာများကြောင့် မြန်မာနိုင်ငံ၏အထင်ကရရေချိုအိုင်ကြီးများဖြစ်ကြသည့် ကချင်ပြည်နယ် ရှိအင်းတော်ကြီးရေအိုင်၊ ရှမ်းပြည်နယ်တောင်ပိုင်းရှိ အင်း လေးကန်၊ ချင်းပြည်နယ်ရှိ ရိဒ်ရေကန်စသည်တို့သည် တစ် စတစ်စလျော့နည်းလာခြင်း၊ ရေညစ်ပတ်လာခြင်း၊ ကန် ရေပြင်ဧရိယာများလျော့နည်းလာခြင်း၊ ထိုရေကန်များအ တွင်းရှိ ဂေဟစနစ်များပျက်စီးယိုယွင်းလာခြင်းပြဿနာ များနှင့်ရင်ဆိုင်ကြုံတွေ့နေရပြီဖြစ်ပါသည်။

ထို့အပြင် မြစ်ညာဒေသများရှိသစ်တောကြီးများ ပျောက်ဆုံးကုန်ခြင်း၊ ရေဝေရေလဲဧရိယာရှိသစ်တောများ သည် သစ်တောများအဖြစ်မှ အခြားမြေအသုံးချမှုများအ ဖြစ်သို့ပြောင်းလဲသွားခြင်း၊ မြစ်များအတွင်း မြစ်ကူးတံတား ကြီးများဆောက်လုပ်ခြင်းစသည်တို့ကြောင့် မြန်မာနိုင်ငံ အတွင်းရှိ ရေချိုမြစ်ကြီးများသည်လည်း မြစ်ကြမ်းပြင်မြင့် တက်လာခြင်း၊ သောင်ထွန်းခြင်း၊ မြစ်ကြောင်းပြောင်းလဲ ခြင်း၊ ရေပမာဏလျော့နည်းလာခြင်း စသည့်ပြဿနာများ ကိုလည်း မြင်တွေ့နေရပြီဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ရာသီဥတုအားဖြင့် နွေ၊ မိုး၊ ဆောင်း ဥတုသုံးပါး စလုံးကိုရရှိပိုင်ဆိုင်ထားခြင်း၊ မြေမျက်နှာသွင် ပြင်အားဖြင့်လည်း ပင်လယ်ကမ်းရိုးတန်းဒေသမြေနိမ့်လွင် ပြင်ဒေသ၊ တောင်ကုန်းတောင်တန်း ဒေသစသဖြင့် မြေမျက် နှာသွင်ပြင်အမျိုးမျိုးကို ပိုင်ဆိုင်ထားခြင်း၊ ရေအရင်းအ မြစ်အနေနှင့်လည်း ရေခဲဖုံးတောင်ကုန်းတောင်တန်းများ ကိုပိုင်ဆိုင်ထားခြင်း၊ ရေချိုမြစ်ကြီးများစီးဆင်းနေခြင်း၊ သဘာဝသစ်တောကြီးများ ဧရိယာများစွာ တည်ရှိနေခြင်း စသည့်အချက်များကြောင့် ရှေးယခင်ဘုရင်များအုပ်စိုးသည့် သက်ဦးဆံပိုင်ဘုရင်ခေတ်မှ ယနေ့ကာလအထိ စိုက်ပျိုးရေး လုပ်ငန်းများကို အဓိကစီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင် နေဆဲတိုင်းပြည် တစ်ပြည်သာဖြစ်ပါသည်။

မြန်မာနိုင်ငံလူဦးရေ၅၁ဒသမ၄၃သန်း(၂ဝ၁၄)၏ ရာခိုင်နှုန်း ၇ဝခန့်သည်လည်း ကျေးလက်များတွင် နေထိုင် ကြပြီး ထိုကျေးလက်နေလူထု၏ အဓိက စီးပွားရေးလုပ်ငန်း သည်လည်း စိုက်ပျိုးရေးလုပ်ငန်းသာ ဖြစ်နေဆဲပင်ဖြစ်ပါ သည်။ ထိုစိုက်ပျိုးရေးလုပ်ငန်းများအောင်မြင်ဖြစ်ထွန်းရေး နှင့် တိုင်းသူပြည်သား အားလုံးတို့၏နိစ္စဓူဝနေ့စဉ်ဘဝအ တွက် မရှိမဖြစ်လိုအပ်သော ရေကောင်းရေသန့်များလုံလုံ လောက်လောက်ရရှိရေး သည် နိုင်ငံတော်လုံခြုံရေးနှင့် ကာ ကွယ်ရေးအတွက် အဓိကအရေးကြီးသော ကဏ္ဍတစ်ရပ် ဖြစ်ပါသည်။

ထို့ကြောင့် ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးသို့ ရေချိုအ ရင်းအမြစ်များကို ပြန်လည်ထိန်းသိမ်းရန်အတွက် ပညာရှင် များက အကြံပြုထားသည့် အချက်များဖြစ်သည့်-

၁။ ရေချိုအရင်းအမြစ်များလျော့နည်းမှုအပေါ် အ လေးထားဆောင်ရွက်ရန်၊
၂။ လူထုရေပေးဝေရေးစနစ် တွင် ယိုစိမ့်မှု၊ ပြုန်းတီးမှုများ လျော့နည်း စေရန်အတွက် စီမံဆောင်ရွက်ရန်၊
၃။ အိမ်တွင်းသုံးစွဲမှုလျော့နည်းစေ ရန်အတွက် အုပ်ချုပ်ရေးအဖွဲ့များက ပညာပေးစည်းရုံး ရန်၊ ၄။ အိမ်တွင်းရေသုံးစွဲမှုလျော့ကျစေရန် ရေသုံးစွဲမှု ပမာဏကိုထိန်းချုပ်လျော့ကျစေသောကိရိယာများတပ် ဆင်အသုံးပြုရန်၊
၅။ အိမ်တွင်းသုံးစွန့်ပစ်ရေအချို့ကို ပြန်လည်သုံးစွဲရန်၊
၆။ ပန်းခြံများ၊ မြက်ခင်းများအား ထိ ရောက်သောရေပေးနည်းစနစ်များဖြင့် ရေလောင်းရန်၊
၇။ စိုက်ပျိုးရေးလုပ်ငန်းများတွင် ရေဆုံးရှုံးမှုလျော့နည်းလာ စေရန်အတွက် Drip Irrigation စနစ်တကျတွက်ချက်၍ အစက်ချရေပေးနည်းစနစ်ကိုအသုံးပြုရန်၊
၈။ စက်ရုံအ လုပ်ရုံများမှ စွန့်ပစ်ရေများကိုသန့်စင်ပြီး ပြန်လည်သုံးစွဲရန်၊
၉။ ပင်လယ်ရေငန်များကို ရေချိုအဖြစ်ပြောင်းလဲနိုင်သော နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာစေရန်တို့ကို ကျွန်တော် တို့မြန်မာနိုင်ငံတွင်လည်း စတင်ဆောင်ရွက်သင့်ပြီဖြစ် ကြောင်း အကြံပြုတင်ပြလိုပါသည်။

များမကြာမီအချိန်အတွင်း ကျွန်တော်တို့မြန်မာတစ် နိုင်ငံလုံးပျော်ရွှင်စွာ ဆင်နွှဲကြမည့် မဟာသင်္ကြန် အတာ သင်္ကြန်အခါသမယသို့ ရောက်ရှိတော့မည်ဖြစ်ပါသည်။

မြို့ ကြီးပြကြီးများတွင် ရေကစားမဏ္ဍပ်ကြီးများက ရေစုပ်စက် ကြီးများ၊ မီးသတ်ပိုက်များ၊ ရေပိုက်များရာနှင့်ချီ၍သုံးစွဲ ပြီး တစ်ရက်တစ်ရက်လျှင် ရေချိုရေသန့်ဂါလန်ထောင် ပေါင်းများစွာကို ပက်ဖျန်း၍ ဆော့ကစားပျော်ပါး ကြပေဦး မည်ဖြစ်ပါသည်။

ထိုကဲ့သို့မြို့ကြီးပြကြီးများရှိ လမ်းမကြီးများပေါ်တွင် ရေဂါလန်ထောင်ပေါင်းများစွာကို ချောင်းရေမြစ်ရေများဒ လဟော စီးဆင်းသလိုပက်ဖျန်းဆော့ကစားနေကြချိန်တွင် ပခုက္ကူခရိုင် မြိုင်မြို့နယ် အတွင်းရှိ ပိုက်သင်ရွာမှကလေး များ၏ အတာသင်္ကြန်ကိုဆင်နွှဲ နေကြပုံကိုလည်း နှိုင်းယှဉ် ခံစားကြည့်ရှုနိုင်ကြစေရန်အတွက် ဖော်ပြပေး လိုက်ရပါ သည်။

(ကျမ်းကိုး-ရေခြေရာ-အငြိမ်းစားပါမောက္ခချုပ်ဦး ဝင်းကြည်-သစ်တောတက္ကသိုလ်၊ ရေကြည်တစ်ပေါက်- ကျော်ဦး၊ ရေပေးပါ- ပိန်းပိန်ဘာသာပြန်ဆိုသည်။)



Admin .thuraaung (kyaiklatt) ထူးဆန်းဘ​လော့ကို အား​ပေးကြ​သော သူငယ်​ချင်းများအား ​ကျေးဇူးအထူးတင်​ရှိပါသည်​။