= မြန်မာ တို့၏နှစ်ဦးမင်္ဂလာသင်္ကြန်ရေ သဘင်ပွဲ===
================================
တန်ခူးလသည် မြန်မာနှစ်တွင် ၁၂ လရာသီ၌ ပထမဦးဆုံးလ ဖြစ်ပေသည်။ မြန်မာလူမျိုးတိုင်း၏နှစ်သစ်ပျော်ရွှင်ကြည်နူးနှစ်ဦးမင်္ဂလာ အဖြစ် သင်္ကြန်္တအတာရေသဘင် ပွဲကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပသောလ ဖြစ်ပါသည်။ ဤလသည် နွေဦး ၀င်စ မိဿရာသီအခါသမယဖြစ် ပြီး ကြယ်တာရာတောက်စားကာ အာသာဝတီ၊ ဘရဏီ၊ ကြတ်္တိကာ နက်္ခတ်နှင့်စန်းယှဉ်ကာ တစ်နှစ်တာ ကုန်ဆုံး၍ နှစ်သစ်သို့ကူးပြောင်း သောလတစ်လဖြစ်ပြီး မြန်မာ တို့၏ နှစ်ဦးမင်္ဂလာသင်္ကြန်ရေ သဘင် ပွဲကြီးအား ကြီးကျယ်ခမ်းနားစွာ ဆင်နွှဲသည့်လဟုလည်း ဆိုရပေမည်။
တန်ခူးလတွင် လအလိုက်ပွင့် သောပန်းတို့မှာ ကံ့ကော်ပန်းဖြစ်ပြီး၊ မိတ်ဖက်ပန်းများဖြစ်သည့် ရွှေပိ တောက်၊ အင်ကြင်းပန်းနှင့် ငုဝါ ပန်းတို့ကလည်း ရနံ့များသင်းထုံ ကြိုင်လှိုင်ဝေဆာလျက်ရှိနေပါတော့ သည်။ ရာသီနှင့်ပန်းတို့ကား ကျက် သရေရှိလှပါပေသည်။ ထိုကာလတွင် မိုးရနံ့ပါသော လေပွေလေရူးကလေး တို့က တိုးဝှေ့လျက်ရှိပေရာ အဆွေး ဓာတ်ခံရှိသူတို့ လွမ်းမောဖွယ်ရာ ရသကို ကြုံဆုံခံစားကြရပါပေမည် ဟု ရှေးစာဆိုရှင်တို့က ရေးဖွဲ့သီကြူး ထားခဲ့ကြသည်။ လတန်ခူးလသို့ရောက်ပြီဆိုလျှင် ရွက်ဟောင်းတို့ခြွေကာ ရွက်သစ် တို့ဖြစ်စေမည့် မြရောင်အသွေးရှိ သော ပုရစ်ဖူးကလေးများသည် ပင် ယံထက်ဝယ် ဝေေ၀ဆာဆာ အစား ထိုးဝင်ရောက်လာခြင်းကလည်း နှစ် သစ်သို့ကူးပြောင်းရောက်ရှိလာပြီဟူ သော သင်္ကေတနိမိတ်များပြနေသကဲ့ သို့ ရှိနေသည်။ ရွှေပိတောက် ၀ါတို့ကလည်း နွေအရောက်မှာ ပင်လုံးညွှတ်မျှ ဝေဆာနေ သည်။ လေပွေလေရူးတို့ကလည်း ဆော့ကစားသည့်နှယ် ပျော်ပိုက်စွာ တိုးဝှေ့လာချိန် ပိတောက်ပန်းရနံ့က လည်း သင်းပျံ့ကြိုင်လှိုင်နေသည့် ကာလ၀ယ်သူ့ရာသီအဖော် ရွှေဥသြ တေးသံရှင်ကလည်း လွမ်းတေးသံ ရင့်ကျူးလျက် နွေအလှပန်းချီ တန် ခူးလကို ဂုဏ်ဖော်တင်စားပေးလျက် ရှိပါလေသည်။ သူရိန်နေမင်းက လည်း မိုးနှင့်နှင်းတို့၏ ဘေးရန်မှ လွတ်ကင်းစွာ အပူရှိန်ကို ထွန်းပ လျက်ရှိလေသည်။ မြန်မာလူမျိုးတိုင်း သည် ဤလကို ခုံမင်နှစ်သက်မြတ် နိုးကြခြင်းကား ငြင်းဖွယ်ရာမရှိပါ ဟု ယုံကြည်မိပါလေသည်။ ဆရာဇော်ဂျီ၏ နွေအလှကဗျာ လေးက ဆိုထားပေသည်မှာ ““လ တန်ခူးပေမို့ အလှထူးပါဘိ မြမြ ဖူးရယ်တဲ့ ခိုင်ရွှေဝါ””ဟု ဆိုထား သော ကဗျာလေးသည် နောင်နှစ် မည်မျှပင်ရှိစေ ဤရာသီ ဤလကို ဖော်ညွှန်းတင်စားနေမည့် ရာသီ အလှကဗျာကလေးပင် ဖြစ်ပေ သည်။
ဤသို့ပူပြင်းလှသော လရာသီဝယ် ကြည်လင်အေးမြသော သီတာရေစင် ဖြင့် ပက်ဖျန်းကြကာ နှစ်သစ်ကူး မင်္ဂလာအခမ်းအနားကို ဆင်းသက် ပြောင်းရွှေ့လာခြင်း ဖြစ်လေသည်။ ဤလရာသီ ရေသဘင်ပွဲတော်ကို ရှေးရှေးသော ပုဂံခေတ်ကတည်းက သင်္ကြန်္တမင်္ဂလာအခါ ကျင်းပခဲ့ ကြောင်း လေ့လာသိရှိရပါသည်။ မြန်မာတို့၏ လောကီမင်္ဂလာ တစ်ဆယ့်နှစ်ပါးဝယ် သင်္ကြန်္တမင်္ဂလာ အခါဝယ် မြန်မာတို့သည် ကောင်းမှု ကုသိုလ်ပြုခြင်း၊ သီလဘာဝနာ ပြုခြင်းဖြင့် မင်္ဂလာရှိသော နှစ်ဦး လဟူ၍ ဆိုစမှတ်ပြုခဲ့ပါပေ သည်။ နှစ်သစ်ကူးဆိုသည်မှာ တစ်နှစ် တာကုန်ဆုံးပြီး နှစ်သစ်သို့ရောက်ရှိ လာချိန်တွင် နှစ်ဟောင်းကပြုခဲ့သမျှ အကုသိုလ်အညစ်အကြေးတို့အား နှစ်သစ်သို့မကူးစေလိုသည့်သဘော မျိုးဖြင့် သင်္ကြန်္တမင်္ဂလာဆိုဘိသကဲ့ သို့ အတာရေဖြင့် ဆေးကြောသုတ် သင်ရှင်းလင်းစင်ကြယ်စေခြင်းပင် ဖြစ်ပါပေသည်။ ဖိုးသူတော်ဦးမင်း၏ တန်ခူးလနှင့် ပန်းကံ့ကော်တို့ ဝေဆာလှပတင့်တယ် ပုံ၊ နွေအလှ သစ်ပင်တို့၏ ပုရစ် ဖူးဝေဆာ ရွက်ဝါကြွေသော ပန်းချီ ကားသဏ္ဌာန်တို့ကို တင်စားရေးဖွဲ့ ထားလေသည်မှာ- ““ဟောင်းရွက်ညှာ ခါလှစ်လို့၊ တာသစ်ကယ်တဲ့နံ့ကြိုင်၊ သုတ်ဖြူးလေ ဆော်က၊ ပန်းကံ့ကော် ၀တ်မှုန်ကျင်း သင်းပျံ့လို့လှိုင်၊ ကြယ်နှစ်ပြိုင် သွယ်ဆိုင်ပ၀င်း၊ စိတြငယ်နှင့်၊ ငွေ လသော်တာတို့၊ ယုဂန်ချာတောင် တော်စွန်းမှာ၊ ထွန်းထိန်လို့လင်း””ဟု နွေအလှကို တင်စားပါလေသည်။
ကုန်းဘောင်လက်ထက်စာဆိုရှင် လူ ဦးမင်းကလည်း ဤသို့လေးချိုး လေးကို ဆိုထားသည်မှာ ““စုံတစ် ဖွဲ့မှာလ၊ မှုန်လဲ့ငယ်ပြေလွင်မှာ၊ ရွှေ ရစ်ဆင်ထိပ်မိုး၊ ပြန်တော့မတဲ့ မြူ ခိုးခြယ်လာ သစ်လှချည်””စသည်ဖြင့် နွေအလှများကိုဖွဲ့ထားပါလေသည်။ ဦးဖြေကလည်း ““ကံ့ကော်ရင်ခတ် မွှေးရည်သတ်နှင့်၊ ခေါက်ချပ်ကယ် ကေသျှင် စုလည်းဆင်လို့”” ဟူ၍ တန်ခူးနွေ အလှတို့ကို ဖော်ကျူး ထားခြင်းသည် မြန်မာတို့၏ တန်ခူး ကာလကို အလွန်မှ နှစ်သက်ကြည်နူး မိရပါလေသည်။ ထို့ကြောင့် နှစ်သစ်ဦး တန်ခူး လအခါတွင် ကောင်းမြတ်သော ဒါန၊ သီလ၊ ဘာဝနာအမှုတို့ကို ပြု ကျင့်နေခြင်းဖြင့် မင်္ဂလာကျက်သရေ ရှိသော အချိန်ကာလဖြစ်ကြောင်း ကိုလည်း မင်္ဂလသုတ်၊ မင်္ဂလာ နိဒါန်းဝယ် လေ့လာတွေ့ရှိရပါသည်။ ဤနှစ်သစ်မင်္ဂလာ သင်္ကြန်ပွဲတော် ကို ရှေးသောကာလ ပုဂံခေတ် အနော်ရထာ ဘုရင်မင်းမြတ် လက်ထက်ကတည်းက ပြုဆောင်ခဲ့ ကြသည်ဟုလည်း အထောက်အထား များ တွေ့ရှိရလေသည်။
ကုန်းဘောင်ခေတ် မင်းတုန်းမင်း တရားကြီးလက်ထက်တော်တွင်လည်း မန်္တလေးရွှေနန်းတော်မှ သင်္ကြန် အတာရေပက်ဖျန်းရမည့် အချိန်၌ သင်္ကြန်အမြောက်များ ပစ်ဖောက်ပြီး ဘုရင်မှ အတာသင်္ကြန်ရေပက်ဖျန်း ကာ အတာသင်္ကြန်ကျပြီဟုဆိုကာ စတင်ရေပက်ဖျန်းကြကြောင်း လေ့ လာတွေ့ရှိရပါသည်။ သီချင်းတစ်ပုဒ် ၌ အဆန်မပါ အသံသာရှိသည့် သင်္ကြန်အမြောက်ကဲ့သို့ဟူ၍ ဆို ထားခြင်းသည် ဤအရာကို ဖော် ညွှန်းထားသည်ဟု ဆိုရပါပေမည်။ မိဿရာသီ လတန်ခူးကာလသည် ကား ဗုဒ်္ဓဘာသာမြန်မာလူမျိုးတို့၏ နှစ်သစ်ကူးအတာရေပက်ဖျန်းသော ပွဲတော်ကို နှစ်စဉ်ဆင်နွှဲလျက်ရှိရာ ယင်းမဟာသင်္ကြန်အခါတော်ကာလ ၀ယ် သီတင်း၊ ဥပုသ်၊ သီလ၊ ဘာ ၀နာပွားများကာ ဘုရားကျောင်းကန် တရားကျောင်းတိုက်တို့၌ အလှူဒါန ပြုခြင်း၊ အရပ်လေးမျက်နှာမှ ပုဂ်္ဂိုလ် တို့အား အာဟာရဒါနကျွေးမွေး လှူ ဒါန်းခြင်း၊ ရေနည်းရာအိုင် ရေကန် တို့မှ သားငါးများအား ရေများရာ နေရာသို့ ရွှေ့ပြောင်းလွှတ်ပေးခြင်း၊ ငါးများသက်စေ့လွှတ်ပေးခြင်းများ၊ ဘိုးဘွားတို့ကို သန့်ရှင်းရေးပြုစု ပေးခြင်း၊ ဂါရ၀ပြုခြင်း၊ ဇီဝိတဒါန တိရစ်္ဆာန်တို့အား ဘေးမဲ့ပေးခြင်း တို့ကို ကြီးကျယ်ခမ်းနားစွာ ကျင်းပ ပြုလုပ်လေ့ရှိကြပါလေသည်။ တစ်နည်းဆိုရသော် ခေတ်ဟောင်း အပြစ်အနာအဆာ ကြေးညှော်တို့ အား နှစ်သစ်ဘက်သို့ မသယ် ဆောင်တော့ဘဲ ရေဖြင့်ဆေးကြော သုတ်သင်ကြသည့်အလား သီလ ဘာဝနာပွားများကြသည့် အလေ့အထ များသည်လည်း မြန်မာလူမျိုးတို့ အတွက် နှစ်သက်ကြည်နူးဖွယ်ရာ ဓလေ့ပင်ဖြစ်ပါပေသည်။ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် သည်ရာသီနက်္ခတ်နှင့် ပန်းအလှ တို့ စန်းယှဉ်ကာဖြင့် ဘ၀င်မှာ ကြည်နူး အလှူဒါန ရည်စူးကာ နှစ်ဟောင်းကာလမှပြုခဲ့သမျှ အကု သိုလ်တရားတို့ကို စွန့်ခွာလျက် နှစ်ဦးမင်္ဂလာအဖြစ် မြန်မာတစ် မျိုးသားလုံး ဘ၀င်ချမ်းမြေ့စဉ် မမေ့ဘဲ နှစ်စဉ်နွှဲပျော်မြဲဖြစ်သည့် သင်္ကြန်္တမင်္ဂလာတစ်ခုပင် ဖြစ်ပါ ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
+ရွှေတိုင်လွင်+
Admin .thuraaung (kyaiklatt) ထူးဆန်းဘလော့ကို အားပေးကြသော သူငယ်ချင်းများအား ကျေးဇူးအထူးတင်ရှိပါသည်။
No comments:
Post a Comment