HTOOSAN

လာလည်ကြတဲ့ မိတ်ဆွေများ အားလုံး ပျော်ရွှင်ချမ်းမြေ့ ကြပါစေ

Sunday, July 6, 2014

ဖျာပုံဆရာဇော်ဂျီရဲ့  လှိုင်းကလေးသင် ကဗျာပါ

လှိုင်းကလေးသင်

ပြင်ကျယ်ကျယ် ပင်လယ်စခန်းဆီက . . .
သည်ကမ်းယံ စေတီဦးဆီသို့
ဖူးမြော်ရန် ရောက်လာရင်းပေလ
ဘော အိုအချင်း လှိုင်းကလေး-သင်။
-
ကမ်းရောက်ပြန်တော့ . . .
တဖြောက်မြည်သံကျူ၍
နဂိုမူစွန့်ကာပစ်ပါလို့
မူသစ်တစ်ဆင်ခြယ်၍
ပြင်ကျယ်ကျယ်ပင်လယ်စခန်းဆီသို့
မြန်းကြွမည့်သွင်။
-
ဘယ်ဒေသဆီက . . .
သင်ကြွကာ သည်ကိုလာ၍
ဘယ်နေရာ ဘယ်ဆိပ်ကမ်းဆီသို့
မြန်းမယ်လို့သင်ဟန်ပြင်
ကြံချင်ဘူး သည်အရေး။
-
သို့ကတဲ . . .
စိတ်ထဲငါဆင်ခြင်ခဲ့
သင်လာစဉ် ပင်လယ်လမ်းမှာဖြင့်
မုန်တိုင်းလေ လှိုင်းရေကြမ်းသော်ကြောင့်
ပန်းခဲ့သူ စင်ရော်ငှက်ကိုလ
ကျောထက်ဝယ် ဆောင်ယူသယ်၍
ဖောင်သဖွယ် သင် ကူမတယ်လို့
တွေးဆကာ သည်အလွမ်းရယ်နဲ့
ဝမ်းမြောက်တယ်လေး . . . ။
                                               ဇော်ဂျီ

No comments:

Post a Comment