HTOOSAN
လာလည်ကြတဲ့ မိတ်ဆွေများ အားလုံး ပျော်ရွှင်ချမ်းမြေ့ ကြပါစေ
Monday, September 29, 2014
နှလုံးသားရဲ့ နေ့ အကွဲအလွဲတွေနဲ့  ဝတ္တုတစ်ပုဒ်ရဲ့ ဖတ်လက်စ ညမှာပေါ့
ကျွန်တော် ကောင်းကောင်းကြီး သေပစ်လိုက်ပေမဲ့
အလွမ်းတွေသာ ဝက်ဝက်ကွဲအောင်မြင်ခဲတယ်
မရရှိ မစိုးစံထိုက်သေးပါဘူး
တကယ်တော့ သူမနဲ့  ကျွန်တော်ဟာ ဝေးကွာခြင်း
အစီအစဉ်တွေ မချခဲ့ရသေးပါဘူး
ဒါပေမဲ့ လွမ်းဆွတ်ရခြင်းရဲ့ ရလဒ်နဲ့ သူမရဲ့
ချန်မထားတဲ့ စကားတွေတူနေတယ်
မျှော်လင့်ချက်တွေ တူနေတယ်
ခြားနားရိုင်းစိုင်းခြင်းမျိုး မရှိ
ဝေးကွာနေရချိန်တွေသာ တစ်ကမ္ဘာ
ခတ်ပါးပါးလေး ခြားနေသလိုပေါ့
ရင်ထဲမှာ ထာဝရမေတ္တာနဲ့ သူမကို မြဲမြန်စွာချစ်တယ်
                                                      thuraaung
တိမ်တွေ ခတ်ပြင်းပြင်းနှင်းသွားတဲ့နေ့ က ငါ့ကမ်းခြေမှာ တစ်နေ့ ခင်းလုံးမိုးတွေရွာနေတယ်
တိမ်တွေ ခတ်ပြင်းပြင်းနှင်းသွားတဲ့နေ့ က
ငါ့ကမ်းခြေမှာ
တစ်နေ့ ခင်းလုံးမိုးတွေရွာနေတယ်
စောင်ခြုံထားတဲ့ အထ္ထုပ္ပတိကို
ဖောက်ဖတ်ဖို့ 
တန်းခိုးမရှိတဲ့ ငါ့နှလုံးသားကို
မှော်ရုံတော့မှာ ထောင်ဖမ်းခံခဲ့ရပေါ့
အစိမ်းသက်သက် ကွဲရှခံခဲ့ရတဲ့
ငါရင်ဘတ်ထဲက ဒဏ်ရာကို
ကုစားဖို့ မင်းနားလည်ရင်
အကြင်နာတွေကို.......;
ငါ့ဆီကို အမြန်ပြန်လာခွင့်ပေးပါ ချစ်သူ
                                သူရအောင်
"" ချက်(စ်)!!""
.                  "ချက်(စ်) !!"
.
.
.
.
.
.
.
.
.
.
.
'ငါမင်းကို မိ့ပြီ ချာတိတ်!'
ပြန်သွားသင်လိုက်ပါဦး
ခြောက်ခြောက်ခြားခြား ပညာသင်ဆုကို
မင်းလိုချင်ရင် ငါပေးမယ်
ဒါပေမဲ့
အစိမ်းပက်ခံထားရတဲ့ ငါဦးနှောက်ကို
မင်း စားဖို့ ဆိုရင်
မင်းလဲပဲ ငါ့လို့  ဒဏ်ရာသီချင်းကို ဆိုတတ်မှ
ရမယ်
ငါက ပစ္စုပ္ပုန်တည့်တည့်ကိုမှ  အစိမ်းလိုက်
စားချင်တဲ့ငါလိုလူ
မင်းလို  အဘိမ္မာအကြောင်းမသိပဲ
ငါစိတ်ကို သရုပ်လာမခွဲနဲ့
ငါ့ဦးနှောက်က ------------  ခါးတယ်
ငါ့ရင့်ဘတ်က ---------- ခါးတယ်
ငါ့နှလုံးသားက ----- ခါးတယ်
ငါ့အသားလဲ ------------- ခါးတယ်
**********************************************
                                       thuraaung
ကျွန်တော် Htoosan(everyday new) ဘလော့ကို အားပေးကျတဲ့ မိတ်ဆွေအပေါင်းကို ဒီရက်ပိုင်းတွေမှာ ပို့ (post) အသစ်မတင်ပေးနိုင်တဲ့ အတွက် အရမ်းပဲ အားနာမိ့ပါတယ်.
ကျွန်တော် Htoosan(everyday new) ဘလော့ကို
အားပေးကျတဲ့ မိတ်ဆွေအပေါင်းကို  ဒီရက်ပိုင်းတွေမှာ
ပို့ (post) အသစ်မတင်ပေးနိုင်တဲ့ အတွက် အရမ်းပဲ အားနာမိ့ပါတယ်.ကျွန်တော်လဲ မအားမလပ်တွေဖြစ်နေလို့ ပါ .ပြီးတော့ ကျွန်တော် ဘလော့မှာလဲ ကိုယ်ခွဲမရှိတော့ သတင်းပြတ်လပ်မှုတွေ ဖြစ်နေတာပေါ့.
နောက်ပြီး  ကျွန်တော်လဲဖျားနေတယ်ဗျာ  .
အဲဒါကြောင့်ပါ ကျွန်တော်ဘလော့ကို  အားပေးကြတဲ့ ဘော်ဒါ  မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းများကို သုတ ရသ  ကဗျာ ဆောင်းပါး နဲ့  နည်းပညာများကို
အသုံးတည့်မည်မှန်သမျှကို အကုန် တင်ပေးပါ့မယ်.
နောက် သူငယ်ချင်းတို့ ရဲ့ ကဗျာ နဲ့  သတင်းများကို ဖော်ပြပေးစေချင်လိုလျှင်လဲ  
ကျွန်တော် email : ygn.myanarry@gmail.com
သို့  ပေးပို့ နိုင်တယ်
.                                 အားလုံးကိုကျေးဇူးတင်ပါတယ်
.                                 Admin .သူရအောင်
Thursday, September 18, 2014
သတိပြုရန် ဖုန်းနှစ်လုံးနဲ့ ဥတစ်လုံး ( အရေးကြီးပါတယ် )
အခုပြောမယ့်အကြောင်းအရာလေးကို ပေါ့ပေါ့ဆဆမတွေးပဲ သေချာ တွေးစေချင်ပါတယ် ။ ပြီးရင် ကိုယ်နဲ့ နီးစပ်ရာတွေကိုလည်း ပြန်လည်ဖြန့်ဝေပေးစေချင်ပါတယ် ။ အရင်ဆုံး စမ်းသပ်ချက်လေး တစ်ခုကို ပြော ဖို့လိုပါ တယ် ။ စမ်းသပ်ချက်ပြုလုပ်ဖို့အတွက် သင့်ဆီမှာ မိုဘိုင်းဖုန်း ၂ လုံးနဲ့ ကြက်ဥ သို့မဟုတ် ဘဲဥ တစ်လုံးရှိရပါမယ် ။
ပုံမှာပြထားတဲ့အတိုင်း ဖုန်းနှစ်လုံးအလယ်မှာ ဥ ကိုထားပြီး နေရာချထားလိုက်ပြီး ကျွန်တော်တို့ ဘာတွေ ဆက်ဖြစ် သလဲဆိုတာ လေ့လာကြည့်ကြရအောင် ။
ကဲ နေရာချထားပြီးပြီဆိုရင်တော့ ဖုန်းနှစ်လုံးကို ဆက်သွယ်မှု ( Call ) ကို စတင်လိုက်ပါ ပြီးရင် ၆၅ မိနစ်အထိ ထားပါ မယ် ။ ပထမဆုံး ၁၅ မိနစ်မှာတော့ ဘာမှမဖြစ်သေးပါဘူး ။ ၂၅ မိနစ်လောက်ကြာပြီးတဲ့အခါမှာတော့ ဥ ဟာ ပူစ ပြုလာပါပြီ ။
ဝိုးးးးးးးး ၄၅ မိနစ်လောက်ရှိလာပြီဖြစ်တဲ့အခါ ဥ ဟာ အရမ်းကို ပူလာပါပြီ ။ သင်ဟာ ၆၅ မိနစ်အထိ ထားမယ် ဆို ရင်တော့ ဥဟာ စားသုံးလို့ရအောင်ကို ကျက်သွားပြီဖြစ်ပါတယ် ။
ကဲ သင်ဘာတွေ မြင်လိုက်ရသလဲ သင်ဘာတွေတွေးမိလိုက်ပါသလဲ ။ မိုဘိုင်းဖုန်းတွေရဲ့ radiation အသံ လှိုင်းတွေက အချိန်အမှတ်တစ်ခုရောက်ပြီဆိုရင် ဥထဲက ပရိုတိန်း တွေကို ကျက်သွားစေနိုင်ပါတယ် ။ ကဲ ဒါဆိုရင် ပရို တိန်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သင့်ဦးနှောက်ကို ကပ်ပြီး ၄၅ မိနစ်ကျော်ကျော်လောက်ဖုန်းပြောရင် ဘာတွေ ဖြစ်နိုင်ပါသလဲ ။
အလွန်ကို အန္တရာယ်များပါတယ် ။ Nerve လို့ခေါ်တဲ့ အာရုံကြောတွေ ပျက်ဆီးနိုင်သလို မှတ်ဥာဏ်ပိုင်းဆိုရင်ရာ စနစ်တွေ ဟာလည်း radiation တွေကြောင့် ထိခိုက်နိုင်ပါတယ် ။ ဒါ့အပြင် ဒီမိုဘိုင်းဖုန်းတွေကထုတ်တဲ့ အသံ လှိုင်းတွေဟာ လိပ်ပြာတွေကို သေစေနိုင်ပါသတဲ့ ။ ကဲ ကျွန်တော်တို့အားလုံး ဖုန်းပြောမှု ကြာချိန် ကို လျော့ ချကြရအောင်လား ။ တတ်နိုင်သမျှ လိုအပ်သလောက်ပဲပြောဆိုကြပါစို့ ။ ဒီ မက်ဆေ့လေးကိုလည်း သင် ချစ်သော သူငယ်ချင်း နဲ့ ညီအကို မောင်နှမများကို ဝေမျှပေးလိုက်ပါ ။
ကိုသက်တန့် ဆီမှ ကူးယူဖော်ပြပါသည်။
admin - သူရအောင်
Wednesday, September 17, 2014
ဖုန်းလာတဲ့အခါမှာ ကြော်ငြာကြည့်တယ်ဆိုရင် ငွေပေးတယ်ဆိုတဲ့ Apk ထွက်လာပါပြီ။ မြန်မာတွေလုပ်ထားတဲ့ Apk ဖြစ်ပါတယ်။
ဖုန်းလာတဲ့အခါမှာ ကြော်ငြာကြည့်တယ်ဆိုရင် ငွေပေးတယ်ဆိုတဲ့ Apk ထွက်လာပါပြီ။ မြန်မာတွေလုပ်ထားတဲ့ Apk ဖြစ်ပါတယ်။ စမ်းပြီးတော့ သုံးစွဲကြည့်ဖို့အတွက် တင်ပေးလိုက်ပါတယ်။ ငွေထုတ်လို့ ရမရဆိုတာတော့ ဘယ်သူမှ ငွေထုတ်တာ မရှိသေးတော့ သေချာမပြောနိုင်သေးပါဘူး။ မြန်မာက ဂျာနယ်တွေထဲမှာလဲ တရားဝင်ရေးသားထားတာတွေရှိတဲ့အတွက် ငွေထုတ်ဖို့ ပြသနာမရှိလောက်ဘူး ထင်လို့ တင်ပေးလိုက်ပါတယ်
လိုချင်ရင်တော့ အောက်က လင့်မှာ ဒေါင်းယူနိုင်ပါတ
်ယ်
 https://my.pcloud.com/publink/show?code=8Ys redit 
credit- အွန်လိုင်းမှာ ငွေပင်စိုက်သူများ
Admin သူရအောင်
Android မှာ Safe Mode ဝင်နေတာကို ဖြေရှင်းနည်း
Windows မှာလိုပဲ Android မှုာလည်း Safe Mode ကိုဝင်လို့ ရပါတယ်။ Android မှာ Safe Mode
ကိုဝင်ရင် third-party applications တွေကို Disable လုပ်ပေးထားမှာဖြစ်ပါတယ်။
သင့် Android Device ကောင်းကောင်းအလုပ်မလုပ်တော့တဲ့ အခြေအနေမှာ Safe Mode ကနေ
ပြဿနာတွေကို အဖြေရှာနိုင်ပါတယ်။ သင့် Android Device မှာ Apps တွေသုံးနေရင်းနဲ့ 
ပိတ်သွာတာတွေ၊ ဖုန်းလေးလံလာတာတွေ၊ Apps တွေအလုပ်ကောင်းကောင်းမလုပ်ဘဲ ရပ်နေတာတွေ၊
Battery ကြာရှည်စွာအသုံးမခံတော့တာတွေ စတာတွေကို Safe Mode ကိုဝင်ပြီးအဖြေရှာနိုင်ပါတယ်။
Safe Mode ကိုဝင်ပြီး ဖြစ်နေတဲ့ ပြဿနာတွေ ဖြစ်သေးလားဆိုတာ စမ်းသပ်ကြည့်ပါ။ Safe Mode မှာ
ပြဿနာတွေမဖြစ်တော့ ရင် Applications တွေကြောင့်ဖြစ်နိုင်ပြီး ပြဿနာရှိနိုင်တဲ့ Apps တွေကို
Uninstall လုပ်နိုင်ပါတယ်။Safe Mode ကို ၀င် ခြင်း။
Android 4.1 နဲ့ သူ့ အထက်မှာ Safe Mode ကိုဝင်ဖို့ အတွက် Power Options Menu ကိုမြင်တဲ့အထိ
Power Button ကိုဖိထားပါ။
Power off option ကို ဖိထားပါ။ ဒါဆိုရင် Safe Mode ကို ၀င်မလားမေးပါလိမ့်မယ်။ OK ကိုနှိပ်ပါ။
Android Version အဟောင်းတွေမှာတော့ Power Button ကိုဖိပြီး ဖုန်းကို ပိတ်ပါ။ Power Button
ကိုဖိပြီးဖုန်းကို ပြန်ဖွင့်ပါ။ Power button ကို ဖိထားတာကို လွှတ်ပါ။ Logo ကို မြင်ရရင် Volume Up နဲ
့Volume Down buttons နှစ်ခုကို ပြိုင်တူဖိထားပါ။ Screen ရဲ့ ဘယ်ဘက်အောက်ခြေ မှာ Safe Mode လို
့ပြနေတဲ့အထိ ဖိထားရမှာဖြစ်ပါတယ်။
Safe Mode မှာ ပြဿနာ တွေကို အဖြေရှာခြင်း
------------------------------------------------
Safe Mode ကိုဝင်ပြီးရင် Screen ဘယ်ဘက်အောက်ခြေမှာ Safe Mode ဆိုတဲ့ စာကိုတွေ့ နိုင်ပါတယ်။
Safe Mode မှာ သင့် Android Device မှာ နဂိုပါလာတဲ့ Apps တွေကို ပဲသုံးလို့ ရမှာဖြစ်ပြီး သင် Install
လုပ်ထားတဲ့ Apps တွေ၊ Widgets တွေကို Disable လုပ်ပေးထားမှာပါ။ သင့် ဖုန်းကို သာမာန် လို
ပဲအသုံးပြုကြည့်ပါ။ ပြဿနာတွေဖြစ်သေးလားဆိုတာ စောင့်ကြည့်ပါ။ ပြဿနာတွေမဖြစ်တော့ရင် သင်
Install လုပ်ထားတဲ့ third-party apps တွေကြောင့် ဖြစ်နိုင်ပါတယ်။
Apps တွေကို Disable လုပ်ထားပေမယ့် Uninstall လုပ်လို့ ရပါတယ်။ ပုံမှန်အတိုင်းပဲ Settings ကိုသွားပြီး
Apps ကိုနှိပ်ပါ။ ပြဿနာဖြစ်စေတယ်လို့ ထင်ရတဲ့ Apps တွေကို Uninstall လုပ်ပါ။ မကြာမီ
ကသွင်းထားတဲ့ Apps တွေက ပြဿနာ ဖြစ်စေတဲ့ Apps တွေဖြစ်နိုင်ပါတယ်။ အဲဒီအတွက် မကြာမီ
ကသွင်းထားတဲ့ Apps တွေကို အရင်ဆုံး Uninstall လုပ်သင့်ပါတယ်။
ပြီးရင်တော့ Power ကိုပိတ်ပါ။ Power ကို ပြန်ဖွင့်ပြီး Normal Mode ကိုပြန်သွားပါ။ ဖြုတ်လိုက်တဲ့ Apps
တွေကို တစ်ခုချင်းစီ ပြန်သွင်းပြီး စောင့်ကြည့်ပါ။ ဘယ် App ကပြဿနာဖြစ်စေတာလဲဆိုတာကို ဒီနည်းနဲ့ 
ရှာဖွေပါ။သင့်ရဲ့ ပြဿနာ ဟာ Apps တွေကြောင့်မဟုတ်ဘဲ တစ်ခြား ကြီးကြီးမားမား
အကြောင်းအရာတွေကြောင့်ဆိုရင်တော
့ သင့်ဖုန်း ရဲ့ Factory Default Settings ကို Restore
လုပ်သင့်ပါတယ်။ သင့်ရဲ့  ဒေတာ တွေအားလုံး ဖျက်ပစ်မှာကိုတော့ သတိပြုပါ။ အဲဒီအတွက် Backup
လုပ်ထားသင့်ပါတယ်။ Apps တွေအားလုံးကိုလည်း ပြန်ပြီး Install လုပ်ရမှာပါ။ Factory Default Settings
ကို Reset လုပ်ဖို့ အတွက် Settings ထဲကိုသွားပြီး Backup & Reset ကိုနှိပ်ပါ။ Factory Data Reset
ကိုနှိပ်ပါ။ပြီးရင် ညွှန်ကြားချက်တွေအတိုင်းဆက်လုပ်သွားပါ။
R
Sunday, September 14, 2014
(90)ဟောင်းများနှင့် ခွတ်ဒေါင်းခရီးတို့  ဤခရီးနီးကြပြီလား
(90) ဒီမိုကရေစီ ကူးပြောင်းကြည့်ကာစ
ကမမောက်ကမတွေနဲ့ ပေါ့
ချိုးဖျက်မှုတွေနဲ့  ပြောင်းပြန်အလှန်ခံရ
2013မှာတော့ ဟော! ပွင့်လင်းလာပါပြီတဲ့
ဒီမိုကရေစီ ခရီး;
ခွတ်ဒေါင်းနဲ့ ခရိုနီ အယောင်ဆောင်
ခရီးသည်တွေ
အချင်းချင်းကို အပြုတ်တိုက်တော့
ပွဲလန့် တုန်း ဖျာခင်းသွားတဲ့
ငပိလို့  ညော်ဆော်နံတဲ့ကောင်တွေကြောင့်
၁၄(2014)မှာ (90)များနဲ့  ငြမ်းအို
ဘေးဖယ်နေလိုက်ကြတာပေါ့
ဝမ်းနည်းရမည်မှာ ဘယ်သူလဲ
ဝမ်းသာရမည်မှာ ဘယ်သူလဲ
အို ...(90)ခရီးက ရဲဘော်တို့ 
တွေးတောကာ စိတ်မယိုင်ကြလေနဲ့ 
အမှန်ကို အမှန်တရား
အမှားကို အမှားတရံတခါအဖြစ်
NLD မျိုးဆက်သစ် သွေးသားများသို့ 
(90) သွေး ရဲသည်ဆိုတာ
ပြချင်စမ်းပါဘိ့။
                         ငြမ်းအို(ကျိုက်လတ်)
ငရဲ ဆိုတာ တကယ်ရှိပါတယ်လို့ သိပ္ပံနည်းကျ သက်သေလိုချင်ရင် ဖတ်ကြည့်ပါ။
ငရဲ ဆိုတာ တကယ်ရှိပါတယ်လို့ သိပ္ပံနည်းကျ သက်သေလိုချင်ရင် ဖတ်ကြည့်ပါ။
မြတ်စွာဘုရားဟောကြားခဲ့တဲ့ငရဲကြီးရှစ်ထပ်ဆိုတာကို နော်ဝေးနိုင်ငံနှင့် ဖင်လန်နိုင်ငံမှ ဘူမိဗေဒပညာရှင်များကအတည်ပြု၊ ကျနော်တို့ မြေကြီးရဲ့ မြေအောက်အလွှာတွင် ရွေ.လျှားမှုအကြောင်း လေ့လာကြတဲ့
ဆိုဗီယက်နိုင်ငံမှ ဘူမိဗေဒပညာရှင်များနှင့် ပြည်ပက ငှာရမ်းထားတဲ့ ဖင်လန်နိုင်ငံနဲ့ နော်ဝေးနိုင်ငံမှ ဘူမိဗေဒပညာရှင်များရယ် ပူးပေါင်းပြီး…ဆိုဗီယက်နိုင်ငံ ဆိုက်ဗေးရီးယား နယ်စွန်တစ်နေရာတွင် မြေအောက်ဆိုက်စမစ် တူးဖော်နည်းနှင့် တူးခဲ့ကြပါတယ်။
ပိုက်လုံးတွေချပြီး တူးကြရင်းက မြေအောက် အနက်ကိုးမိုင် အရောက်မှာ ဇာတ်လမ်းက စတော့တာပဲ။ ပူးပေါင်းတွင်းတူး အဖွဲ့ ခေါင်းဆောင် ဆိုဗီယက် ဘူမိဗေဒပညာရှင်ဒေါက်တာ
ဒီမီထရီအက်ဇာကော့လို့ ခေါ်ပါတယ်။ တွင်းအနက် ကိုးမိုင်ရောက်တဲ့ အခါ တွင်းတူးတဲ့ပိုက်ဟာ ထိန်းမရအောင် တုန်ခါလာတာကို တွေ့ရှိရပါတယ်။ ဘာကြောင့် တုန်ခါသလဲဟု စစ်ဆေးကြတဲ့အခါ
တွင်းတူးပိုက် ထိပ်ပိုင်းဟာ လေဟာနယ်လို တွင်းခေါင်းပြင်ကျယ်ကြီးတစ်ခုကို ရောက်နေလို့  ထိမ်းမရအောင် လှုပ်ရမ်းနေခြင်း ဖြစ်တယ်လို့ တွေ့ ရှိပါတယ်
အဲဒီအခါမှာတော့ လုံးဝမခံ မရပ်နိုင်အောင် နာကျင်တယ်လို့ အော်ဟစ်နေကြတဲ့ အသံကို စတင်ကြားရပါတယ်။
ပထမတော့ သူတို့ ရဲ့ တွင်းတူးစက်နဲ့ ပိုက်လုံးတွေနဲ့ မြေလွှာတွေရဲ့ တုန်ခါမှုအသံဟု ထင်မှတ်ထားကြပေမဲ့ သေချာစူစမ်းပြီး နားထောင်တဲ့ အခါမှာတော့ ပိုက်လုံးတစ်လျှောက်ထဲမှာ ကြားနေ
ရတယ် အသံတွေ ဖြစ်တာကြောင့် နားတွေတောင် မယုံနိုင်အောင် ဖြစ်ခဲ့ရတယ်လို့ ဒေါက်တာ ဒီမီထရီအက်ဇာကော့က ဆိုပါတယ်။ သေချာအောင်လို အသံဖမ်းစက်ကို တွင်းထဲချပြီး
အသံဖမ်း နားထောင်တဲ့ အခါမှာတော့ မခံမရပ်နိုင်အောင် အော်ဟစ်နေတဲ့ လူတစ်ယောက်ရဲ့ အသံကို သဲသဲကွဲကွဲ စတင်ကြားလိုက် ရတယ်။ အဲဒီအသံနဲ့အတူ လူပေါင်း ထောင်ပေါင်းများစွာ
သို့ မဟုတ် သန်းပေါင်းများစွာရဲ့ အော်ဟစ်ငြီးငြူနေကြတဲ့ အသံကိုလဲ ကြားလိုက်ရတယ်လို့ ဆိုပါတယ်။
အဲဒီအချိန်မှာ ဒေါက်တာ ဒီမီထရီအက်ဇာကော့ အပါအဝင် တခြားပညာရှင်တွေရော..တွင်းတူး လုပ်သားတွေပါ အံ့သြတုန်လှုပ်မှုများစွာ ဖြစ်ခဲ့ရပါတယ်။ အဲဒီအသံတွေကို အလွန်ဆွဲအားကောင်းတဲ့ အသံဖမ်းစက်တွေနဲ့ 
အသံကူးထားလိုက်ပြီး လုပ်ငန်းကို ဆက်မလုပ်တော့ပဲ တွင်းပေါက်ကို အဖုံးဖုံးပြီး ပိတ်ထားလိုက်ကြတယ်။
ဒါဟာငရဲကို တွေ့ ရှိခြင်းလို့ သူတို့ ခံယူထားလိုက်ကြတယ်။ အနိဌာရုံတွေနဲ့လူ လောကကို ဆက်ပေးလိုက်ကြပြီးလို့ ထင်မိပါတယ်။
ကျနော်အခု ခင်ဗျားတို့ကို ပြောပြနေတဲ့ ဟာတွေက တွင်းတူးအဖွဲ့ ခေါင်းဆောင် ဒေါက်တာ ဒီမီထရီအက်ဇာကော့နဲ့  တွင်းတူးအဖွဲ့ ဝင် နော်ဝေးနိုင်ငံ ဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ် အသက် ၆၅ နှစ်တို့ရဲ့ ပြောကြားချက်တွေပါပဲ။
ဒီသတင်းတွေကို ဖင်လန်နိုင်ငံက အင်မန်နုဆက်စတီးယားဆိုတဲ့ လစဉ်ထုတ် စာစောင်က ရေးသားဖော်ပြကြတယ်။
ဒီကျနော်တို့ ကမ္ဘာမြေကြီးရဲ့အောက် ကိုးမိုင်မှာ သိပ်ကို ပူလောင်တယ်လို့ သိခဲ့ရပါတယ်။ အခုကျနော်တို့ ရောက်နေတဲ့ ပူအိုက်စွတ်စိုတဲ့ တောဟာ ဖာရင်ဟိုက် အပူချိန်ဒီဂရီ ကိုးဆယ့်ငါးလောက်ပဲ ရှိတယ်။ မြေကြီးအောက်
်ကိုးမိုင်အကွာက အပူချိန် ဒီဂရီဖာရင်ဟိုက် 2000 ရှိတယ်လို့ တွက်ချက် သိရှိရတယ် ။
သူတို့ မူလခန့်မှန်းထားတဲ့ အပူချိန်ထက် ဆယ်ဆလောက်တောင် များနေတယ်လို့ တွင်းတူးအဖွဲ့ဝင်နော်ဝေးနိုင်ငံ ဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ်က ဆိုပါတယ်။
တွင်းတူးအဖွဲ့ဝင် နော်ဝေးနိုင်ငံ ဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ်နှင့် ဘူမိဗေဒပညာရှိချုပ်တို့ဟာ နော်ဝေးနိုင်ငံရဲ့ အကြီးဆုံးနှင့် အောင်မြင် ကျော်ကြားမှု အရှိဆုံး အော့ဘရမ်းဘတ်စတိုက်ကီး ဆိုတဲ့ သတင်းစာကြီးက
1990ခု ဇန်နဝါရီလ4ရက်နေ့မှာ တွေ့ဆုံမေးမြန်းခဲ့တယ်။
ဘာနီနန်မီဒယ် ပြောတာတွေကို သတင်းစာမှာ ရေးသားဖော်ပြခဲ့ကြတယ်။ အဲဒီသတင်းစာမှာတော့…
ဒီကမ္ဘာကြီးရဲ့အောက် ကိုးမိုင်းအကွာမှာ ငရဲပြည်ဆိုတာ တကယ်ရှိနေပြီ၊ တွင်းတူးတွေ့ရှိချက်အရ ငရဲပြည်ရဲ့ ဂိတ်ပေါက်တံခါးဝပဲဟု ရေးသားခဲ့ကြတယ်။ဒီလိုတွေ့ရှိမှုတွေပြီးတဲ့နောက်မှာ နော်ဝေးနိုင်ငံနဲ့
ဖင်လန်နိုင်ငံမှ ဘူမိဗေဒပညာရှင်တချို့..အလုပ်က နှုတ်ထွက်လိုက်ကြတယ်လို့ သတင်းစာတွေမှာ ရေးသားဖော်ပြခဲ့ ကြတယ်။
အမှန်တစ်ကယ် ဖြစ်ရပ်က သူတို့ ငှားရမ်းထားတဲ့ နိုင်ငံခြားသား အားလုံးကို တွေ့ ရှိချက် အပြီးနှစ်ရက်အကြာမှာ ဆိုဗီယက်နိုင်ငံတွင် မထားတော့ပဲ ပြည်ပကို ပြန်ပို့လိုက်ကြပြီး အလုပ်ကနှုတ်ထွက် ခိုင်းတယ်လို့ ဆိုပါတယ်။
အဲဒီသတင်းကို ကြားတဲ့အခါမှာ ဆိုဗီယက် အာဏာပိုင်တွေဟာ လာဒ်ထိုးမှုတစ်ခုနှင့် ဖြေရှင်းလိုက်ကြတယ်။
ဆိုဗီယက် သာသနာရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်က တစ်ဦးချင်းကို ငွေပေးပြီးနှုတ်ပိတ်ခဲ့တယ်။
ဒါပေမဲ့ ငွေဘယ်လောက် ဆိုတာကိုတော့ တွင်းတူးအဖွဲ့ဝင် နော်ဝေးနိုင်ငံ ဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ်ကို မေးလို့ မရခဲ့ပါဘူး။ ခန့်မှန်းရသလောက် ကတော့ တစ်ဦးစီကို သိန်းဂဏန်းလောက်
ပေးပုံရတယ်လို့  မီဒီယာသမားတွေက ထင်မြင်ချင်ဖြင့် ရေးသားခဲ့ကြပါတယ်။ ဘာနီနန်မီဒယ် ကတော့ သူရရှိတဲ့ ငွေတွေကို တပြားတချပ်မှ မယူပဲ ကယ်ဆယ်ရေး လုပ်ငန်းတွေကို
လှူဒါန်းလိုက်တယ်လို သိရပါတယ်။ ဒီသတင်း ပေါက်ကြားတဲ့ အခါမှာတော့ သူ့အသက်လဲ ဆိုးရိမ်ရပါတယ်ဟုလဲ ပြောခဲ့ပါတယ်။ ဆိုဗီယက် အာဏာပိုင်တွေဟာ ထိုငြီးငြူသံတွေကို
မြေဆီလွှာ လှုပ်ရှားသံဟု..ဆိုပြီးပယ်ချခဲ့ပါတယ်။
နောက်စာတစ်စောင်ကတော့ နော်ဝေးနိုင်ငံသား အေ့(ချ)ရန်ဒါလန်ဂျူနီယာ ဆိုတဲ့ လူရေးခဲ့တဲ့စာပါပဲ။
သူဟာ နော်ဝေးနိုင်ငံ တရားရေးဝန်ကြီးဌာန ဝန်ကြီးရဲ့ အထူးအတိုင်ပင်ခံ တစ်ယောက်လဲ ဖြစ်တယ်။
စာရေးတဲ့ နေ့စွဲက ၁၉၉၀ခု ဇန်နဝါရီလ ၇ ရက်နေ့  သူ့ စာထဲမှာ ရေးခဲ့တာကတော့ ၁၉၈၉ ခု ခရစ်စမတ် ရုံးပိတ်ရက်မှာ သူက အမေရီကန်နိုင်ငံ ကားလီဖိုးနီးယား ပြည်နယ်ကို အလည်အပတ် ရောက်နေချိန်မှာ
နော်ဝေးနိုင်ငံက ဆိုက်စမစ် ဘူမိဗေဒပညာရှင်တွေဟာ တွင်းတူးရင်းနဲ့ ဟောင်းလောင်းပေါက် ဟင်းလင်းပြင်ကို တွေ့ရပြီး လူထောင်းပေါင်း များစွာရဲ့ အော်ဟစ်သံကို ကြားရကြောင်း သတင်းစာကို
ဖတ်ရတယ်။ ဒီသတင်းစာကို ဟာသဆိုပြီး ပြက်ရယ်ပြုခဲ့ပါသေးတယ်ဟု ဆိုပါတယ်။
ဒါပေမဲ့ မကြာပါဘူး ပြည့်ပြည့်စုံစုံ ရေးထားတဲ့ နော်ဝေးနိုင်ငံမှ စာတန်းကို ဖတ်လိုက်ရတဲ့ အခါမှာတော့ သူဟာ အရမ်းအံ့သြတုန်လှုပ် သွားမိပါကြောင်းနှင့် နောက်ဆုံးမှာတော့ သူ့ ကို ဘုရားသခင်ထံမှာ
အပ်နှံကြောင်းနှင့် လုံခြုံတဲ့နေရာမှာ ထားပေးကြပါလို့  ရေးသားထားကြောင်းသိရပါတယ်။
မှတ်ချက်( ၂၀၁၀ တုန်းက ဖော်ပြခဲ့တာပါ။ မဖတ်မိ၊ မမှတ်မိတဲ့သူတွေ အတွက်ပါ၊ ယုံကြည်ခြင်း မယုံကြည်ခြင်းက မိမိကိုယ်တိုင်နှင့် သာ သက်ဆိုင်ပါကြောင်း)
မူရင်း သတင်းကို ဖော်ပြထားတာတွေက 
http://www.truthorfiction.com/rumors/d/drilltohellfacts.htm#.U8PD-kC8GSo 
 http://isrlabs.net/rants/hellsounds.html 
 http://ammenusastia.blogspot.com/2010/03/sounds-from-hell-real-or-hoax.html  
ဘိုကလေးမြို့  ကုတင်(100)ဆေးရုံက ဆရာဝန် ဆရာမများ သူနာပြူဆရာများ၏ တာဝန်ပေါ့လျော့မှုကြောင့် အရွယ်အတိုင်ခင် ကြွေလွင့်သွားရှာသော မြင့်ကကုန်းက ကိုးတန်းကျောင်းသားလေး အကြောင်း
14.September.2014
ဘိုကလေးကုတင်တစ်ရာဆေးရုံမှ တာဝန်ကျနတ်စ်မများ၏
တာဝန်ပေါ့လော့မှုကြောင့်မသေသင့်ပဲသေဆုံးသွားသော
မြင်းကကုန်းမှ၉တန်းကျောင်းသားကလေးဝက်ကြီးအကြောင်းကို
ဖော်ပြပေးလိုက်ပါတယ်
ကျွန်တော်တို့ဧရာဝတီတိုင်း  ဘိုကလေးမြို့နယ်မြင်းကကုန်းမြို့
ရွှေလမင်းရုပ်ရှင်ရုံလမ်းနေ ဦးကုလား၏သားအသက်၁၅နှစ်ရှိ
၉တန်းကျောင်းသားလေးဖြိုးကိုကိုခေါ် ဝက်ကြီးသည်
နေမကောင်းပါသဖြင့် ၁၁.၉.၂၀၁၄ရက်နေ့ ည၇နာရီအချိန်ခန့်တွင်
ဆေးရုံသို့တက်ရောက်စဉ်အမော ဖောက်လာသဖြင့်တာဝန်ကျ
သူနာပြု(nuses)မများအားအကြောင်းကြားခဲ့ရာမည်သူမျှ
လာရောက်ကြည့်ရှုမပေးပဲ တစ်နာရီခန့်အကြာတွင်ကလေးသည်
မနေနိုင်အောင်လူးလှိမ့်အော်ဟစ်နေ သဖြင့်တာဝန်ကျဆရာမများအား
အောက်စီဂျင်ပေးရန်/ ကုသပေးရန် လူနာရှင်မှ ထပ်မံ၍သွားပြောရာ
ပြုလုပ်မပေးခဲ့ပါကြောင်း ခဏအကြာတွင်ကလေးသည်သေဆုံး
သွားခဲ့သည်ဟု လူနာရှင်ဖြစ်သူ မိ့ဘများမှ ပြောပြကြပါသည်
သေဆုံးသူကလေး၏မိဘများမှာ လက်လုပ်လက်စားများဖြစ်ပါသည်။
လူနာတစ်ယောက်ငွေမပေးနိုင်၍ ကုသမပေးခြင်း သေဆုံးချင်းသည်
ယနေ့လို နိုင်ငံတော်သမ္မတကြီး၏ကျန်းမာရေးကိုအဆင့်မြှင့်တင်
နေသောအချိန်အခါတွင်ထိုကိစ္စမျိုးသည်မဖြစ်သင့်တော့ပါ။
ယဉ်ကျေးပါတယ်ဆိုသောဗုဒ္ဓဘာသာ နိုင်ငံတွင်အထက်ပါအဖြစ်မျိုးမှာ
သာ၍မဖြစ်သင့်ပါ။ကြား၍လဲမသင့်တော်ပါ။
အလားတူ ပုံစံမျိုး ဧရာဝတီတိုင်း မြောင်းမြမြို့ မှာလဲ ဖြစ်ခဲ့ရဘူးပေသည်
ငွေမပေး၍ ဆေးကုသစရိတ်မရှိ၍ ကိုယ်ကိုယ်ကို သတ်သေရတဲ့
အဖြစ်မျိုး နှင့် နိုင်ငံတော်၏ စေတနာဖြင့် ဆေးရုံများတွင် ဆေးပစ္စည်း
အခမဲ့ ကုသခွင့်ပြုထားသော်လည်း အလှူခံခြင်းများ
အကွက်များ ပိုက်ဆံပေးထားမှ မျက်နှာတွေက ကြည်ကြည်သာသာနှင့်
လုပ်ပေးကြသည် .ပိုက်ဆံမရှိပဲ ဆေးရုံတတ်လို့ ကတော့ ဘာမဟုတ်သည့်
အမှိုက်လှဲ သန့် ရှင်ရေးသမားများက အဆူအငေါက်ကို လူနာနှင့်
လူနာရှင်များ မျက်နှာငယ်ငယ်ဖြင့် ခံစားနေရသည်မှာ မြို့ နယ်ဆေးရုံ
တိုင်းလို လိုတွင် နေ့ စဉ်ဖြစ်ပျက်နေကြဖြစ်သည်
ယခုလို့  ဝမ်းနည်းစွာဖြင့် အရွယ်မတိုင်ပဲ လွင့်ကြေသွားရှာသော
ကလေးငယ် မောင်ဝက်ကြီး၏ အဖြစ်အပျက်နှင့် စပ်လျှင်း၍
ဆေးရုံရှိ ဆရာဝန် ဆရာမများ သူနာပြု ဆရာများနှင့်ဆေးရုံဝန်ထန်း
များအားလုံး နောက်နောင်ထိုဖြစ်စဉ်မျိုးမဖြစ်ပေါ်စေရန်
တင်ပြလိုက်ရပါသည်။
(ယနေ့နေ့လည်၁၂နာရီအချိန်တွင်ထိုကျောင်းသားလေး၏
နာရေးအားမြင်းကကုန်းအ.ထ.ကမှဆရာဆရာမ
ကျောင်းသူကျောင်းသားများ ရပ်ဆွေရပ်မျိုးများဝမ်းနည်းစွာလိုက်ပါ
ပို့ဆောင်ကြပါသည်။)
ဝက်ကြီးကောင်းရာသုဂတိလားပါစေ။
                                                 ကျော်သူရ(မြင့်ကကုန်း)
ကိုကျော်သူ၏ ရေးသားထားသော postအား adminမှ
ထပ်မံရေးသား ဖြည့်စွတ်ထားပါသည့်
                            ကွန့် မန်းများ