HTOOSAN
လာလည်ကြတဲ့ မိတ်ဆွေများ အားလုံး ပျော်ရွှင်ချမ်းမြေ့ ကြပါစေ
Thursday, June 19, 2014
ဧရာဝတီတိုင်းဒေသကြီး ကျိုတ်လတ်မြို့ နယ် တပေတမောကျေးရွာ ထွန်တုန်းတိုက်ပွဲ
်ကျွန်တော်မြန်မာလူမျိုးတွေ အချောင်ကြိုက်တဲ့ လူမျိုးတွေ မဖြစ်သင့်ပါဘူး...ပြီးတော့ သူများပြောတိုင်းလဲ မယုံကြည်သင့်ကြပါဘူး ....
နောက် သူများခိုင်းတိုင်းလဲ လိုက်မလုပ်သင့်ကြပါဘူး ..အမှန်တရားနဲ့ နစ်နာမှု
                                    အဖိုးအဖွားတွေပိုင်တဲ့ လယ်ယာမြေတွေကို သားသမီး မြေးဖြစ်တွေ ပိုင်ဆိုင်သင့်တယ်ဆိုတ                             ၅.၆.၂၀၁၄ ရက်နေ့ က
ဧရာဝတီတိုင်းဒေသကြီး ကျိုတ်လတ်မြို့ နယ် တပေတမော့ကျေးရွာအုပ်စု ကွင်းအမှတ် ၁၁၉(A)
တွင်ရှိသော လယ်ယာမြေများအား အတင်းအဓမ္မ
ထွန်ယက်စိုက်ပျိုးမှုဖြစ်ပွားခဲ့ပါတယ်
အဆိုပါ ကွင်းအမှတ် ၁၁၉(A)အတွင်းရှိ
လယ်ယာမြေများကို နိုင်ငံတော်မှကော့စတစ်ဆိုဒါ
စက်ရုံတည်ဆောက်ရန် ၁၉၈၅ခုနှစ်မှာ သိမ်းဆည်း
ခံခဲ့ရပါသည်. ၁၉၈၈မှာ စီမံကိန်းပျက်သွားသဖြင့်
စက်ရုံဆောက်လုပ်ပြီး ကျန်ရှိနေသော လယ်ယာမြေများကို မှုလပိုင်ရှင်များကပဲ ဆက်လက်လုပ်ကိုင်၍ နိုင်ငံတော် တာဝန်ကျေ
စပါးများအား ရောင်းချခဲ့ပါသည် .
၎င်း လယ်ယာမြေတွင် ဒေါ်သန်းကြည်၏
သမက်တော်စပ်သူ ဦးကျော်ရှိန်မှ ဆက်လက်လုပ်
ကိုင်ခဲ့ပါသည်. ၁၉၉၁ခုနှစ်တွင် ဦးကျော်ရှိုန်သည်
အဆိုပါ ဦးဝင်းမြင့်မှ တာဝန်ကျေ စပါးရောင်းချခြင်း
သာပေါင်းစက်ရုံသို့  သီးစားခ ပေးချင်းတို့ ကို
လုပ်ဆောင်ခဲ့ပါသည် .အခု အချိန်နဲ့ ဆိုလျှင် နှစ်ပေါင်း ၂၀ကျော်တောင် ကြာခဲ့ပြီဖြစ်သည်  .
သို့ ရာတွင် 5.6.2014 ကြာသပတေးနေ့ တွင်မှု
ဦးဝင်းမြင့်နှင့်ဦးဝင်းကြည့် တို့ လုပ်ကိုင်ခွင့်ရထားသော လယ်ယာမြေများပေါ်တွင်
တပေတမော့ ကျေးရွာမှာနေတဲ့ ဦးထိန်လင်းမှ
မှ ပြည်သူ့ လွတ်တော်ကိုယ်စလှယ် ဦးစိန်ဝင်း၏
အကူအညီကို ရယူကာ လူအင်အား (၁၀၀)
လောက်ဖြင့် လက်ထွန်စက် ၅လုံးဖြင့် အတင်းအဓမ္မဝင်ရောက် မျိုးကျဲမှုများ လုပ်ဆောင်
ခဲ့ကြသည်. ထိုသို့ လုပ်ဆောင်ခြင်းသည်  တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတော် တည်ငြိမ်ရေးကို ထိခိုက်ပျက်စီးနိုင်ပါသဖြင့် သက်ဆိုင်ရာ အဖွဲအစည်းများက လက်ရှောင်မနေပဲ အရေးယူမှုများ ဆောင်ရွက်သင့်
ပါကြောင်းဖော်ပြအပ်ပါသည်.
No comments:
Post a Comment