ထမီနဲ့အင်္ကျံခါးတင်လေးတွေ ၀တ်ရတာ နှစ်ခြိုက်တဲ့ မိုးဟေကို ပြောပြတဲ့ သူမရဲ့ဖက်ရှင်
Monday, June 30, 2014
ခန္ဓာကိုယ်အချိုးအစား လှပသလို ခပ်ဟော့ဟော့ဝတ်လည်း အထာကျ၊ မြန်မာဆန်ဆန် ၀တ်လည်း ကြည့်လို့ကောင်းလှတဲ့ အနုပညာရှင်တစ်ယောက်ကို ထုတ်ပြပါဆိုရင်တော့ မိုးဟေကို လို့ပဲ ဆိုရမှာပါ။ သူမဟာ အရင်တုန်းက စွပ်ကျယ်တွေဝတ်ဆင်ပြီး သူမရဲ့ခန္ဓာကိုယ်အလှကို ပရိသတ်သိအောင် ပြသနိုင်ခဲ့သလို ခုနောက်ပိုင်းမှာလည်း မြန်မာဝတ်စုံလေးတွေနဲ့ သူမရဲ့ ကျက်သရေရှိတဲ့ အလှကို အားလုံးအားကျစေခဲ့ပါတယ်။ ခုနောက်ပိုင်း မြန်မာဝတ်စုံနဲ့ အတွေ့ရပိုများလာတဲ့ မိုးဟေကိုနဲ့ တွေ့ဆုံခိုက် မြန်မာဝတ်စုံတွေကိုပဲ ဦးစားပေး ၀တ်ဆင်ဖြစ်နေသလားရယ်လို့ သူမရဲ့ ဖက်ရှင်အကြောင်း မေးကြည့်ဖြစ်တဲ့အခါမှာတော့ “မိုးက အဲဒီလိုမျိုး မြန်မာဝတ်စုံတွေ ချည်းပဲလည်း ဝတ်ဖြစ်နေတာတော့ မဟုတ်ပါဘူး။ သူ့နေရာနဲ့ သူဝတ်ဖြစ်ပါတယ်။ မြန်မာဝတ်စုံ ဝတ်ချင်စိတ် ပေါက်ရင်လည်း ဝတ်ဖြစ်ပါတယ်။ မိုးက ထမီဝတ်ရတာကို အရင်ကတည်းက ကြိုက်တယ်။ အင်္ကျီခါးတင်နဲ့ ဝတ်ရတာကို ကြိုက်တယ်။ မိုးအရင်က ဟော့ရှော့တွေ ဝတ်တယ်။ အခု မိုးမြန်မာဝတ်စုံတွေ ပြောင်းဝတ်လိုက်တဲ့ အချိန်မှာလည်း ပရိသတ်က သတိထားမိပြီး ကြိုက်တယ်လို့ ပြောကြပါတယ်။ ပြီးတော့ ဇာတ်ရုပ် အရမြန်မာဝတ်စုံ ဝတ်ရတာမျိုးရှိတယ်။ မြန်မာအင်္ကျီကို ဖက်ရှင်တွေ ထွင်ပြီး ဝတ်ဖြစ်တာကို ပိုပြီး ပရိသတ် သတိထားမိသွားတာပေါ့လို့ သူမက ပြောပြသွားပါတယ်
No comments:
Post a Comment