HTOOSAN

လာလည်ကြတဲ့ မိတ်ဆွေများ အားလုံး ပျော်ရွှင်ချမ်းမြေ့ ကြပါစေ

Tuesday, July 29, 2014

၁၅၀၀ တန် အော်ရီဒူး ဖုန်းကတ်များ ဈေးကွက် အတွင်း ဖြန့်ချိရောင်းဝယ်ပြ

၁၅၀၀ တန် အော်ရီဒူး ဖုန်းကတ်များ ဈေးကွက် အတွင်း ဖြန့်ချိရောင်းဝယ်ပြီ

သစ်နေမိုး

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်း လုပ်ပိုင်ခွင့် ရရှိထားသည့် အော်ရီဒူးကုမ္ပဏီက ထုတ်လုပ်သည့် ၁၅၀၀ တန် ဖုန်းကတ် များ ဈေးကွက်အတွင်းတွင် ဖြန့်ချိရောင်းဝယ်နေပြီဖြစ်ကြောင်း၊ အော်ရီဒူးကုမ္ပဏီက ဖုန်းကတ်များ စတင်ရောင်းချမည့်ရက်ကို ကြိုတင် ကြေညာခြင်း မရှိသေးချိန်တွင် ဈေးကွက်အတွင်းသို့ ယင်းသို့ ၁၅၀၀ တန်အော်ရီဒူး ဖုန်းကတ်များ ၀င်ရောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

အော်ရီဒူးမှ ပြန့်ကြားရေး တာဝန်ခံဖြစ်သူ ဒေါ်သီရိကြာညိုက “အခုရောင်းနေတာတွေက ကျမတို့ Distributorတွေနဲ့ ကိုယ်စားလှယ်ဆိုင်တွေကို ရောင်းတဲ့ အချိန်မှာ အဆင်သင့် ဖြစ်အောင် ဖြန့်ဝေထားတာ၊ ဒါပေမယ့် ရောင်းနေတာ မရောင်းနေတာကတော့ ကျမအနေနဲ့ အခုမှသိတယ်။ ဒီအခြေအနေတွေအားလုံးကို သြဂုတ်လ ၂ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ဖြေပေးသွားပါမယ်” ဟု ပြောသည်။

No comments:

Post a Comment