မိုးတွင်းကသိုးကျိကျိဖြစ်နေပြီ
အချစ်ဆိုတာက ခါးကြားလိမ်ထားတဲ့ကွမ်းယာထုပ်လောက်မှတန်ဖိုးမရှိ
ခဏခဏကျတဲ့မျက်ရည်တွေက လိုင်းမမိတဲ့ဖုန်းလောက်တောင်အသုံးမဝင်ပါဘူး
အင်္ဂလန်မှာမွေးပြီး မီးပျက်တဲ့နိုင်ငံမှာလာသေတဲ့ကောင်
မနက်ဖြန်ကိုရေကြည့်တော့မှ
ဟိုက် တစ်ဆယ့်ခြောက်ရွက်ပဲရှိတယ်
အီစီကလီလုပ်ခြင်းက အစာကိုကြေစေတယ် ရင်ကိုချောင်စေတယ်
ပတ္တာတွေပြုတ်ကုန်လို့ တံခါးဂျက်တွေလည်း အလုပ်မရှိဘူး
ပြတင်းပေါက်ဖြစ်ပြီး မိုးပက်မှာကြောက်နေတဲ့ကောင် ။
အံဆွဲတွေဆွဲဆွဲဖွင့်ပြီး ဝိဥာည်တွေကိုရှာတယ်
တကယ်တန်းမတွေ့တာက
အချစ်မဟုတ်ဘူး ။
ကောင်မလေး ။
မြတ်နိုးရမယ့် မိန်းမပျိုက ခါချဉ်ထုပ်ထဲ ဝင်ပုန်းနေတယ်
အဲ့ဒါကလည်းပြဿနာမဟုတ်သေးဘူး ။
လက်ရှိတွဲနေတဲ့ မင်းချစ်သူနဲ့ဖြတ်ပေးရင်
ခြေ/ဥ ပြင်ပေးမယ်
. ကိုညီမင်း(ကျိုတ်လတ်)
No comments:
Post a Comment