HTOOSAN

လာလည်ကြတဲ့ မိတ်ဆွေများ အားလုံး ပျော်ရွှင်ချမ်းမြေ့ ကြပါစေ

Saturday, July 12, 2014

ချစ်သူ နှစ်ယောက်မှာ တစ်ယောက်နဲ့တစ်ယောက်ကြား အပြန်အလှန် ဂရုစိုက်မှု ရှိမနေတဲ့အခါ

ချစ်သူ နှစ်ယောက်မှာ
တစ်ယောက်နဲ့တစ်ယောက်ကြား အပြန်အလှန်
ဂရုစိုက်မှုလေးတွေရှိမနေတဲ့အခါ ရင်ထဲမှာ
သံယောဇဉ်ဆိုတာ တည်ရှိနိုင်ဖို့ ခက်ခဲနေတတ်တယ်

ချစ်သူနှစ်ယောက်မှာ
တစ်ယောက်နဲ့တစ်ယောက်ကြား အပြန်အလှန်
နားလည်မှုမပေးနိုင်တာတွေများလာတဲ့အခါ
စိတ်ပင်ပန်းမှုတွေများလာတတ်တယ်

ချစ်သူနှစ်ယောက်မှာ
တစ်ယောက်ယောက်က သစ္စာဆိုတာကို
အလေးအနက်မထားတတ်တဲ့အခါ ဘယ်လောက်ပဲ
ချစ်ပါစေ လမ်းခွဲရဖို့ လွယ်ကူနေတတ်တယ်

အဲ့ဒါကြောင့်…ကိုယ်အရမ်းချစ်ပါတယ်ဆိုတဲ့
ချစ်သူအပေါ် ဂရုစိုက်မှုလေးတွေပေးရင်း နားလည်မှု
လေးတွေနဲ့အတူ ကိုယ့်ချစ်သူအပေါ် သစ္စာရှိရှိနဲ့
တန်ဖိုးထားပေးတတ်ကြပါစေ

Khin Myo Aye

လာရောက်လည်ပတ်ကြတဲ့သူ အားလုံးကို အထူးကျေးဇူးတင်ရှိပါသည်
htoosan.blogspot.com


No comments:

Post a Comment