HTOOSAN

လာလည်ကြတဲ့ မိတ်ဆွေများ အားလုံး ပျော်ရွှင်ချမ်းမြေ့ ကြပါစေ

Wednesday, July 30, 2014

အင်တာနက် မရှိသော်လည်း free massage ပို့ နိုင်သော အပလီကေးရှင်း

အီရတ် နိုင်ငံတွင် အစိုးရနှင့် သူပုန်များ တိုက်ပွဲများကြောင့် အင်တာနက်များ ဖြတ်တောက် ထားချိန်တွင် အီရတ် နိုင်ငံသားများကြား အသုံးအများဆုံး ဖြစ်လာသော ဖုန်းအပလီကေးရှင်းကား Firechat ဖြစ်သည်။

သူပုန်များ အင်တာနက်မှတစ်ဆင့် ဆက်သွယ်မှုများ၊ ၀ါဒဖြန့်မှုများကို ဖြတ်တောက် နိုင်ရန် ဒေသ အတော်များများတွင် အင်တာနက် ဖြတ်တောက်ထားရာ ပြည်သူများပါ အင်တာနက် ကွန်ရက် အပြင် ဘက် ရောက်ကုန် ရသည်။ Firechat အပလီကေးရှင်းက လူနှစ်ယောက်မှသည် လူတစ်သောင်းထိ တစ်ပြိုင်တည်း မက်ဆေ့ဂ်ျပို့နိုင် စကားပြော နိုင်အောင် ကူညီပေးမည် ဖြစ်သည်။ အင်တာနက် မရှိလည်း စကားပြောနိုင်ကြအောင် ကူညီပေးသည်။

ကွန်ရက် နည်းပညာကို အသုံးပြု၍ ၀န်းကျင် တစ်ဝိုက်ရှိ Firechat အပလီကေးရှင်း ရှိသော ဖုန်းများသို့ မက်ဆေ့ဂ်ျ ပေးပို့နိုင်သည်။ တစ်ခု အားနည်းချက် ရှိသည်မှာ သီးခြားစီ ပို့မရဘဲ မိမိပို့ထားသည်ကို အနီး တစ်ဝိုက်ရှိ Firechat အပလီကေးရှင်းသုံး ဖုန်းအားလုံးက မြင်နိုင်ခြင်း ဖြစ်သည်။ Firechat ၏ ရည်ရွယ် ချက်သည်လည်း လူအများ တစ်စုတစ်ဝေးတည်း ချိတ်ဆက် ပြောဆိုနိုင်ကြအောင် ဖန်တီးပေးထားခြင်း ဖြစ်သည်။

အန်းဒရွိုက်နှင့် အိုင်အိုအက်စ် စနစ်သုံး ဖုန်းနှစ်မျိုးလုံးတွင် အသုံးပြုနိုင်သည်။ ပေ (၂၃၀) အ၀န်းအ၀ိုင်း အတွင်း ကောင်းစွာ ဆက်သွယ် ပြောဆိုနိုင်ကြသည်။ မက်ဆေ့ဂ်ျ များသည် Firechat သုံးသည့် ဖုန်း တစ်လုံးမှ တစ်လုံးသို့ ခုန်ကူး နိုင်အောင် ဖန်တီးထား သဖြင့် ပေ(၂၃၀) အ၀န်းအ၀ိုင်းချင်း စပ်နေပါက မက်ဆေ့ဂ်ျများသည် ပိုဝေးဝေးထိ ပျံ့နှံနိုင်စွမ်း ရှိသည်။

Firechat ကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက် Open Garden ကုမ္ပဏီက ထုတ် လုပ်ခြင်း ဖြစ်သည်။
The Messenger

No comments:

Post a Comment