HTOOSAN

လာလည်ကြတဲ့ မိတ်ဆွေများ အားလုံး ပျော်ရွှင်ချမ်းမြေ့ ကြပါစေ

Tuesday, July 29, 2014

မြန်မာနိုင်ငံ sim card သားတို့ ၏ သိုင်းလောကပြိုင်ပွဲ

သိုင်းလောကထဲတွင် သိုင်းသမားကြီး mpt
သည့် နာမည်အကြီးဆုံးဖြစ်သည်
သူဆီတို့  အူရီဒူနှင့်တယ်လီနော ဆိုသော
သိုင်းသမားနှစ်ဦး ယှဉ်ပြိုင်မည်ဟု
ကြွေးကြော်ကာ ရောက်လာခဲ့သည်။
mpt သည်ပြုံးပြုံးကြီနှင့် လက်ခံလိုက်သည်
သူသည်ခေသူတော့ မဟုတ်ပေ။တစ်ခေတ် တခါက သိုင်းလောကတွင် ၁၅ သိန်းသိုင်းဖြင့်
နာမည်ကြီးခဲူ့သည်။
နောက် ၅ သိန်းသိုင်း ၂သိန်းသိုင်း တို့ ဖြင့်အောင်မြင်ခဲ့ပြီ ယခု ၁၅၀၀ သိုင်းဆိုသည်
နာမည်တစ်လုံးဖြင့် ရပ်တည်နေခဲ့သူဖြစ်သည်။

သကောင့်သားနှစ်ဦးကတော့ အင်တာနက်မြန်နှုန်းမြင့် သိုင်း video call ဝန်ဆောင်မှု့အကောင်း ဆုံးပေး သိုင်းတို့ ကိုတတ်မြောက်ထားပြီး mpt ကိုယှဉ်ပြိုင်ခြင်းဖြစ်သည်။

လက်ရှိ mpt ၏
နာမည်အကြီးဆုံး အဝိုင်းလည် သိုင်းကို အနိုင်ယူ
မည်ဟု ကြွေးကြော်ထားသည်။ ယခုချိန်ထိ mpt
သိုင်းသမားကြီး တုတ်တုတ်မလုပ်ပေ ဒါလည်း
အကြောင်းရှိသည်။သူသည် ဂျပန်သိုင်းသမားကြီး
နှင့် သွေးသောက်ညီအကို ဖွဲထားသည်။ အားလုံး
ကိုကျော်ဖြတ်မည့်အဆင့်မြင့်သိုင်းပညာကို တိတ်တိတ်လေးသင်ယူလျက်ရှိသည်။

ဒူရီဒူက
သူ၏ အင်တာနက်မြန်နှုန်းမြင့်သိုင်းကိုမကြာသေး
မီကမှ ကစားပြထားသည်
သို့ သော် mpt ၏ အဝိုင်းလည်သိုင်းကို မကျော်နိင်သေးပေ။ နိင်ငံရေးစကားဖြင့်ပြောရသော် mpt သိုင်းသမားသည် လူထု ထောက်ခံမှုကို နှစ်ပေါင်း
များစွာ ခံယူထားသုဖြစ်၍ဖြစ်သည်။

သိုင်းလောကသားများကြာတွင်တော့ သူ့ လူကိုယ်ဘက်သားကိုယ်လူသူဘက်သားများ
ပေါ်ထွန်းနေခဲ့ပြီဖြစ်သည်။

တချို့ကတော့ အူရဒူ ၏ အင်တာနက်မြန်နှုန်းမြင့်
သိုင်းကို ကြိတ်သဘောကျနေကြသည်။
mpt ကတော့ ဒီသိုင်းကိုသူတတ်မြောက်ထားတာ
ကြာပီဖြစ်သော်လည်း ထုတ်မ်ပြသေးကြောင်း
အထောက်တော်မျာူးမှတဆင့်သိခဲ့ရသည်။
တယ်လီနောကတော့ ဂူအောင်း
်ူသိုင်းကျင့်နေသဖြင် ထွက်မလာသေးပေ

သူတို့ သုံးဦးသား၏ ယှဉ်ပြိုင်မှုကိုစောင့်ကြည့်နေသူတစ်ဦးကိုတော့သူုတို့ သတိမပြုမိပေ
သူကာ mec ပင်ဖြစ်သည်
ဓနအင်းအာတောင့်တင်းခိုင်မာသော သိုင်းသမား
တစ်ဦးလည်းဖြစ်သည်။ ၁၅၀၀ သိုင်းကို စတင်တီထွင်ခဲပြီး ယခု လက်ရှိ ငါခေါ်သူမကြား
သူခေါ်ငါမကြား သိုင်းဖြင့်နာမည်ကြီးသူဖြစ်သည်။

သိုင်းလောကတွင်တော့ ထို လေးဦး၏ ယှဉ်ပြိုင်
မှုကို မြေစာပင် အဖြစ်ခံ၍ ကြည့်ရမည့်အနေအထားရှိသည်။
သိုင်းလောကစိန်ခေါ်ပွဲကြီး နီကပ်လာပြီ
မည်သူုကအနိင်ရမည်ဆိုသည်ကိုတော့
့ပရိတ်သတ်ကဆုးူံဖြတ်ပေးလိမ့်မည်

No comments:

Post a Comment