1929 ခုနှစ် အောက်တိုဘာလ ကထုတ်တဲ့
နှစ်ပေါင်း 84နှစ်ကျော် ကြာမြင့်နေပြီ ဖြစ်တဲ့
ကျိုက်လတ်မြို့ ဘထွေးစာပုံနှိပ်တိုက်
တရုပ်တန်းလမ်း က ထုတ်တဲ့
ကိုလိုနီခေတ် ကျိုတ်လတ်မြို့ ထုတ်
ပညာမဂ္ဂဇင်း ရှားပါးပုံလေးပါ
ဒီနေ့ ထုတ် daily elevelပါလာလို့  မျှဝေပေး
လိုက်ပါတယ်
လွန်ခဲ့တဲ့ နှစ်ပေါင် 80ကျော် ကိုလိုနီခေတ်ကတည်းက့
ကျိုတ်လတ်မြို့ က ကိုယ်ပိုင်မဂ္ဂဇင်းထုတ်ဝေ
နိုင်ခဲ့တယ်ဆိုတာကို အခုခေတ်ကျိုတ်လတ်
်မြို့ သူမြို့ သားတွေ ဂုဏ်ယူနိုင်အောင်လို
့ပြန်လည်ဖော်ပြပေးလိုက်ခြင်းဖြစ်ပါတယ်
ကျွန်တော် ဘလော့မှာ နေ့ စဉ် အပ်ဒိပ် သတင်းများနှင့် ရသစုံ စာပေများ တင်ပေးသွားမှာဖြစ်ပါတယ်
HTOOSAN
Saturday, August 30, 2014
1929 ခုနှစ် အောက်တိုဘာလ ကထုတ်တဲ့ နှစ်ပေါင်း 84နှစ်ကျော် ကြာမြင့်နေပြီ ဖြစ်တဲ့ ကျိုက်လတ်မြို့ ဘထွေးစာပုံနှိပ်တိုက် တရုပ်တန်းလမ်း က ထုတ်တဲ့ ကိုလိုနီခေတ် ကျိုတ်လတ်မြို့ ထုတ် ပညာမဂ္ဂဇင်း ရှားပါးပုံလေးပါ
မအူပင်မြို့နယ်အပါအဝင် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ လယ်ယာမြေများမတရားသိမ်းဆည်းခံရသူ တောင်သူများက ဩဂုတ်လ (၃၀)ရက်နေ့ စနေနေ့ နံနက် ၁၀.၀၀အနာရီအချိန်က မအူပင်ခရိုင် မအူပင်မြို့၌ ဆန္ဒထုတ်ဖော်ကြပါသည် ။
မအူပင်မြို့နယ်အပါအဝင် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ လယ်ယာမြေများမတရားသိမ်းဆည်းခံရသူ တောင်သူများက ဩဂုတ်လ (၃၀)ရက်နေ့ စနေနေ့ နံနက် ၁၀.၀၀အနာရီအချိန်က မအူပင်ခရိုင် မအူပင်မြို့၌ ဆန္ဒထုတ်ဖော်ကြသည် ။
နံနက် ၉.၀၀နာရီအချိန်က စုရပ်နေရာ ရေလဲလမ်း လမ်းဆုံတွင်နေရာယူကြပြီး ၁၀.၀၀နာရီအချိန်တွင် လူအင်အား ၄၀၀ကျော်ဖြင့် ရေလဲလမ်းအတိုင်း မြို့တွင်းသို့ စတင်လမ်းလျှောက်၍ ဟစ်ကြွေးသံများ ဟစ်ကြွေးကာ ဆန္ဒထုတ်ဖော်ကြသည် ။
ရေလဲလမ်းမှ တဆင့် မင်းလမ်း တောက်လျှောက် ထို့နောက် (၃)လမ်းသို့ ထောင်တက်၍ (၃)လမ်းမှ ကမ်းနားလမ်းသို့ ကွေ့ဝင်ကာ ကမ်းနားလမ်းတောက်လျှောက် လွတ်တော်ကိုယ်စားလှယ်ကြီးရုံးရှေ့ရောက်သည်အထိ ဆန္ဒထုတ်ဖော်ကြသည် ။
ကမ်းနားလမ်း တိုးရွှေဝါခန်းမအနီး လွတ်တော်ကိုယ်စားလှယ်ရုံးရှေ့၌ ရပ်နားကြစဉ် မအူပင်မြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းနှင့် တောင်သူလယ်သမားအကျိုးဆောင်ကွန်ရက်မှ ဦးဇော်ရမ်း ၊ ဦးကြည်လွင် ၊ ဦးအောင်မြင့်တို့က ဟောပြောမှုများ ပြုလုပ်ကာ နေ့လည် ၁၂.၀၀နာရီအချိန်တွင် အစီအစဉ်ပြီးဆုံးသည် ။
Monday, August 25, 2014
အခေါ်ကော ပိတ်ထားမယ် အပလီကေးရှင်းကို သူငယ်ချင်းတို့ အတွက် တင်ပေးလိုက်ပါတယ
အခေါ်ကော ပိတ်ထားမယ် အပလီကေးရှင်းကို
သူငယ်ချင်းတို့ အတွက် တင်ပေးလိုက်ပါတယ်
အဝင်ခေါ် ပိတ်တဲ့BLACK LIST.APK
တွေကတော့ ပေါပြီး ဒီလိုမျိုး အထွက်ကော
ပိတ်တဲ့ ဆော့ဝဲကတော့ ရှားပါတယ့်
ဘာပဲဖြစ်ဖြစ် ဒီအပလီကေးရှင်းနဲ့ အထွက်ကောကို
ပိတ်ထားနိုင်ပါတယ်
ဖုန်းခိုးဆက်ခံရတဲ့ ရန်ကလဲ ကာကွယ်နိုင်ပါတယ်
သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်ချင်တယ်
ပြောရင် ကိုယ်ကလဲ ဖုန်းဘေကုန်မှာ သမြှောနေ
အဲလိုအခါမျိုးဆိုရင် ဒီအပလီကေးရှင်းကို
သုံးပြီး သူကိုပေးခေါ်လိုက်ပေါ့ဗျာ
ကိုယ်လဲ မျက်နှာမပျက်ရတော့ဘူး
သူလဲ လိုင်းကျနေသလိုလို ဘာလိုလိုနဲ့  ဖုန်းခေါ်
လိုမရ . ကဲ့ သူငယ်ချင်းတို့ ရေ အဆင်မပြေဘူးလား
ဗျာ . လိုချင်ရင်တော့အောက်မှာသာ ဒေါင်းယူပေတော့
ဒီဆော့ဝဲနေကို ကျွန်တော် ကလီထားပါတယ်
ကျွန်တော်ပုံကြီးမြင်နေရတော့ ဆဲတော့ မဆဲကြ
နဲ့ ပေါ့ဗျ ဟဲဟဲ....!!
APK ရယူရန် DOWNLOADကို နှိပ်ပါ
DOWNLOAD
ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့အစည်း ARNO ထိုင်း-မြန်မာနယ်စပ်တွအခြေချခွင့်ရရေး ကြိုးပမ်းခဲ့ကြောင်း အမေရိကန်သံရုံးလျှို့ဝှက်ကြေးနန်း ဖော်ပြ့
Saturday, August 23, 2014
ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့အစည်း ARNO ထိုင်း-မြန်မာနယ်စပ်တွအခြေချခွင့်ရရေး ကြိုးပမ်းခဲ့ကြောင်း အမေရိကန်သံရုံးလျှို့ဝှက်ကြေးနန်း ဖော်ပြ
ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့အစည်း Arakan Rohingya Natioanal Organization (ARNO) သည် ဘင်္ဂလားဒေ့ရှ်အစိုးရက ဖိအားပေးသဖြင့် ၎င်းတို့၏ စစ်စခန်းများအား ထိုင်-မြန်မာနယ်စပ်ရှိ Karenni National Progressive Party(KNPP) ထိန်းချုပ် နယ်မြေများထံ ရွှေ့ပြောင်းနိုင်ရေးအတွက် KNPP အား ၂၀၀၂ ခုနှစ်က ဆက်သွယ်ခဲ့ကြောင်း မြန်မာစစ်ထောက်လှမ်းရေးအစီရင်ခံစားကို ကိုးကား ထားသော မြန်မာနိုင်ငံအမေရိကန်သံရုံးက ပေးပို့သော ကြေးနန်းတခုအရ သိရသည်။
ARNO နှင့် Al-Qaeda ဆက်သွယ်မှုရှိသည်ဆိုသော အစောပိုင်း အစီရင်ခံစာများအား ရှင်းလင်းအတည်ပြုလိုသောကြောင့် အဆိုပါစစ်ထောက်လှမ်းရေးအစီရင်ခံစာကို ဗိုလ်မှူးချုပ်ကျော်သိန်းက အမေရိကန်သံရုံးသို့ ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု ရေးထားသည်။
ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့အစည်း ARNO သည် လက်နက်ကိုင်အဖွဲ့အစည်းများစုပေါင်းထားသည့် Democratic Alliance Of Burma နှင့် ပူးပေါင်းရန်လည်း ကြိုးပမ်းခဲ့ကြောင်း၊
ထိုစဉ်က ရခိုင်ဒီမိုကရက်တစ်မှ အောင်စိန်သာနှင့် ရခိုင်လွတ်မြောက်ရေးပါတီမှ ခိုင်စိုးအောင်တို့က ရိုဟင်ဂျာတို့သည် ရခိုင်ပြည်နယ်မှ ဒေသခံတိုင်းရင်သားလူမျိုး မဟုတ်သောကြောင့် အပြင်းအထန် ကန့်ကွက်ခဲ့သဖြင့် DAB အဖွဲ့ဝင်ဖြစ်ခွင့် မရခဲ့ကြောင်း၊ DAB အဖွဲ့ဝင်မဖြစ်ခဲ့သော်လည်း စစ်ရေးအရ မဟာမိတ်ဖြစ်ခဲ့ကြောင်း သိရသည်။
ARNO ဒု-ဥက္ကဌ Fayos Ahmed သည် ၂၀၀၂ သြဂုတ်လ ၂၇ ရက်နေ့က ဘင်္ဂလားဒေ့ရှ်မှ ဘန်ကောက် ထိုမှတဆင့် ချင်းမိုင်ကို သွားရောက်ခဲ့ကြောင်း၊ ပြီးနောက် KNPP ဒု-ဥက္ကဌ အောင်သန်းလေး၊ အတွင်းရေးမှုး ချုပ် ရေမွန်ထူး၊ တွဲဖက်အထွေထွေအတွင်းရေးမှုးချုပ် ဦးခွန်ရယ်၊ စစ်ဦးစီးချုပ်
အောင်မြတို့ နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ဘင်္ဂလားဒေ့ရှ်အစိုရက ၎င်းတို့အား နိုင်ငံအတွင်းမှ ထွက်ခွာပေးရန် ပြောထားသဖြင့် အခက်ဖြစ်နေကြောင်း၊ အမေရိကန်ရှိ ၎င်းတို့၏ အဆက်အသွယ်များနှင့် Al-Qaeda ချိတ်ဆက်များအကြောင်းတို့ကိုလည်း Fayos Ahmed က ဆင်ပြဆွေးနွေးခဲ့သည်။
ယင်းအပြင် Fayos Ahmed သည် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သော ပလောင်လွတ်မြောက်ရေးတပ်ဦးမှ အတွင်းရေးမှုး ခွန်ဥက္ကာ၊ ပအို့လွတ်မြောက်ရေးအဖွဲ့ဥက္ကဌ၊ လာဟူးအမျိုးသားအဖွဲ့မှ အေးမောင်တို့နှင့် တွေ့ဆုံခဲ့သည်။ Fayos သည် စက်တင်ဘာ ၅ရက်နေ့တွင် ချင်းမိုင်မှ မဲဆောက်သို့သွားရောက်ခဲ့ပြီး KNU ဌာနချုပ်၌ ဗိုလ်မြ၊ ဖဒိုမန်းရှာ၊ တာမလဘောတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု အမေရိကန်သံရုံးကြေးနန်းတွင် ရေးသားထားသည်။
ထိုစဉ်က ချင်းမိုင်၌ အခြေစိုက်လုပ်ကိုင်နေသော သတင်းမီဒီယာများဖြစ်သော BBC၊ VOA၊ RFA တို့နှင့် ARNO အဖွဲ့အစည်းအရေးကြီးအခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်ဟုလည်း ရေးသားထား သည် ။ မြန်မာနိုင်ငံအမေရိကန်သံရုံးမှ ပေးပို့သော လျှို့ဝှက်ကြေးနန်းစောင်ရေ ၂၀၀၀ နီးပါးအား ၀ီကီလိခ်က ဖွင့်ချခဲ့ခြင်း ဖြစ်သည်။
News Watch Weekly
Friday, August 22, 2014
ဖုန်းကိုပေါ့ပါးနေအောင်လုပ်မယ်
ဒီအပလီကေးရှင်းကတော့ ဖုန်းတစ်လုံး
ပါဖော့မင့်ကို မြင့်ပေးတဲ့ အပလီကေးရှင်းပါ
ဖုန်းတစ်လုံးဟာ သုံးတာသုံးပြီး စက်မရှင်းပဲထားလို့ 
ကြာလာတဲ့ အခါ စက်ကလေးလာတတ်ပါတယ်
အဲလိုလေးလာတဲ့ စက်ကို ပေါ့ပါးသွားစေချင်ရင်တော့
ဒီအပလီကေးရှင်းလေးကို သုံးလိုက်ပါ
သူအလိုအလို အလုပ်လုပ်ပေးနေမှာဖြစ်တဲ့
အတွက် အပန်းလဲ မကြီးပါဘူး
ပြီးတော့ စက်တိုင်းနဲ့ လဲ ကိုက်ညီမှုရှိပါတယ်
ပြီးတော့ မြန်မာဗားရှင်းလေးဖြစ်အောင်
ကျွန်တော် မြန်မာမှု ပြုပေးထားပါတယ်
ဘလော့ကို လာလည်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်
ဒေါင်းလုပ်ယူရန် နှိပ်ပါ
ခန္ဓာကို အစိတ်အပိုင်းအကုန်လုံး ဖွဲစည်းပုံ ကို အသေး စိတ်သိရှိနိုင်မဲ့ အပလီကေးရှင်းလေးပဲဖြစ်ပါတယ်
ခန္ဓာကို အစိတ်အပိုင်းအကုန်လုံး ဖွဲစည်းပုံ ကို
အသေး စိတ်သိရှိနိုင်မဲ့
အပလီကေးရှင်းလေးပဲဖြစ်ပါတယ်
ဒီအပလီကေးရှင်းလေးဟာ ဆေးပညာကို
စိတ်ဝင်စားတဲ့သူ မိမိခန္ဓာကို ဖွဲ့ စည်းပုံကိုလဲ
သိရှိနိုင်မဲ့ အပြင် ဗဟုသုတအနေနဲ့  ခန္ဓာဗေဒအကြောင်းကို လေ့လာနိုင်မှာ ဖြစ်ပါတယ်
လိုချင်တဲ့ သူများ အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ
htoosan (everyday new) အားပေးကြတဲ့
ဘော်ဒါများကို ကျေးဇူးတင်ပါတယ်
ကျွန်တော် ဘလော့လေးဟာ
ကျွန်တော်တို့  မြို့ ငယ်လေးက သတင်းတွေကို
တင်ပေးချင်လို့ ထောင်ထားပေမဲ့လဲ
အများအကျိုးရှိမဲ့ သတင်းများ အပလီကေးရှင်း နည်းပညာများကို တတ်သလောက်
မှတ်သလောက် တင်ပေးသွားမှာဖြစ်ပါတယ်
ထူးဆန်း
Posted via Blogaway
၂လုံးဂဏန်း ဝါသနာရှင်များအတွက် ဖုန်းထဲမှာ ၂လုံးထီတိုက်လို့ ရတဲ့ အပလီကေးရှင်းလေးပါ
လာပါပြီး ၂လုံးဂဏန်း ဝါသနာရှင်များအတွက်
ဖုန်းထဲမှာ ၂လုံးထီတိုက်လို့ ရတဲ့ အပလီကေးရှင်းလေးပါ
ဘယ်လိုကြည့်ရမယ်ဆိုတာလဲ
ပြပေးထားပါတယ်
အသုံးပြုရတာ လွယ်ကူပြီး တော်ရုံ အင်တာနက် ကော်နက်ရှင်ဖြင့် အသုံးပြုနိုင်ပါတယ်
လိုအပ်လျှင် အောက်ကလင့်မှာ ရယူနိုင်ပါပြီ
်
ဒေါင်းလုပ်ရယူရန် အောက်က လင့်ကိုနှိပ်ပါ
2D application.ဒေါင်းရန်နှိပ်ပါ
Posted via Blogaway
အင်တာနက် လိုင်းစပိမြင့်ချင်ကြတဲ့ ဘော်ဒါတွေ အတွက် အင်တာနက် စပိဗိုစတာလေးပါ တကယ်ကောင်းပါတယ်
အင်တာနက် စပိ ဗိုစတာလေးပါ အင်တာနက်လိုင်း
စပိကို မြင့်ပေးတာပါ
ကျွန်တော်လက်ရှိသုံးနေတာလေးပါ
လိုင်းကျနေချိန်မှာ ဒီကောင်းလေးကို run ပေးလိုက်ပါ
အရမ်းအဆင်ပြေသွားပါ့မယ်
တစ်ခုတော့ရှိပါတယ် run ပြီးလို့ လိုင်းတတ်လာချိန်
မှာ home keyနဲ့ ထွက်ပေးလိုက်ပါနော်
ကြာပါတယ် ထပ်ရှင်းမပြတော့ဘူးနော်
အောက်မှာ ဒေါင်းယူလိုက်ပါဗျာ
http://htoosan.blogspot.com
Thursday, August 21, 2014
ကောသလမင်းကြီး၏အိပ်မက်(၁၆)ချက်
ကောသလမင်းကြီး၏အိပ်မက်(၁၆)ချက် သိသောသူတွေလဥ၁်းများပါတယ် ဒါပေမယ့် မသိသောသူများအတွက်ပါ နဥ၁်းနဥ၁်းလေးရှားနေသလို ခံစားရပါတယ် ဒါကြောင့် ပြန်လဥ၁်မျှဝေပေးလိုက်ပါတယ် ပုံလေးတွေပါပဲ ကြဥ၁့်ကြဥ၁့်လိုက်ပါ မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါက ကောသလမင်းကြီးဟာ ထူးဆန်းတဲ့ အိပ်မက် (၁၆)ခုကို ဆက်တိုက်မြင်မက်သတဲ့။ အဲ့ဒီလို ထူးဆန်းတဲ့အိပ်မက်တွေ မြင်မက်ပြီးတဲ့နောက် ကောသလမင်းကြီး ဟာ အထိတ်တလန့် ရှိတာနဲ့ ဘုရားရှင်ဆီ သွားရောက်ကာ အိပ်မက်တွေရဲ့ အနက် အဓိပ္ပာယ်ကို မေးလျှောက်တဲ့အခါ မြတ်စွာဘုရားရှင်က မင်းကြီးရဲ့အိပ်မက်တွေဟာ နောင်သာသနာတော် မှေးမှိန်ကွယ်ပျောက်လာတဲ့အချိန်မှာ ဖြစ်ပေါ်လာမယ့်အခြေအနေတွေလို့ကြိုတင် ဟောပြော ရှင်းလင်းပြခဲ့ပါတယ်။ ရှိထားသင့်တဲ့ application လေးတစ်ခုပါ။ JAS Myanmar မှရေးသားထုတ်ဝေထားတဲ့ app လေးတစ်ခုဖြစ်ပါတယ်။ ကောသလ အိမ်မက် for Android ကိုအောက်က Link မှာရယူပါ apk အား ဒေါင်းရန်
Posted via Blogaway
ရန်ကုန်ရောက် သရဲတစ်ကောင်၏ ဖွင့်ဟ၀န်ခံချက်
ရန်ကုန်ရောက် သရဲတစ်ကောင်၏ ဖွင့်ဟ၀န်ခံချက်
..........................................................................
ကျုပ်လား.. ကျုပ်က သရဲလေဗျာ... သရဲတောင်မှ ရိုးရိုးသရဲမဟုတ်ဘူးဗျ.. စီနီယာသရဲ
. ကျုပ်တို့လောကမှာကလည်း ခင်ဗျားတို့လူတွေဆီက အလုပ်တွေလို စီနီယာ ဂျူနီယာ ရှိသဗျ...။
ကျုပ် နှစ်ပေါင်းများစွာကျက်စားခဲ့တာကတော့ မြန်မာ့ဘုရင်ရဲ့ နောက်ဆုံးနေပြည်တော် မန္တလေးမြို့က ကြာနီကန်သင်္ချိုင်းပေါ့ဗျာ...။
အခုတော့ အဲ့သင်္ချိုင်းမှာ မနေရဲတော့လို့ ရန်ကုန်ကို ထရန်စဖာတင်ပြီး ပြောင်းလာတာဗျို့...။
တစ်ရွာမပြောင်း သရဲကောင်းမဖြစ် ဆိုရိုးစကားရှိသကိုး..။ ခက်တာက ရန်ကုန်ရောက်မှ သေချင်တဲ့ သရဲ....ရန်ကုန်ပြောင်း ဆိုသလို လာကြုံရတယ်ဗျာ..။
မန္တလေးက ပြောင်းလာရတာကလည်း ခင်ဗျားတို့လူတွေကြောင့်ပေါ့ဗျာ...။
ခင်ဗျား ဂျာနယ်တွေမှာဖတ်လိုက်ရမှာပေါ့.. ခင်ဗျားတို့ လူလူချင်း ဗမာ - ကုလား ဆိုလား ဘာလား ပဋိပက္ခဖြစ်တာနဲ့ မဆီမဆိုင် ကျုပ်တို့အပိုင်နယ်ဝင်ပြီး မီးရှို့ကြသဗျာ..။
ကျုပ်တို့မှာ ဝေမာနိကပြိတ္တာဘ၀ အနေဆင်းရဲ အစားဆင်းရဲပါတယ်ဆိုကာမှ ခင်ဗျားတို့က မီးလာရှို့တော့...ထမင်းထုတ်စားရတဲ့ ဒုက္ခိတသရဲတွေဘ၀ ရောက်တဲ့သူရောက်ကုန်တာပေါ့..။
ခင်ဗျားတို့ရှို့တာက ကုလားသင်္ချိုင်း ဆိုပေမယ့် ကျုပ်တို့လောကမှာက ကုလားရယ်၊ တရုတ်ရယ်၊ ဗမာရယ်မရှိဘူးဗျ... သေပြီးရင်တော့ အကုန်မသာဖြစ်ပြီးမှ သရဲဘ၀ ရတဲ့လူတွေချည်းပဲ..။
ဒီကြားထဲ ကျုပ်တို့လောကမှာက သရဲဦးရေပေါက်ကွဲမှုတွေက ရှိနေသော နေရာထိုင်ခင်းက ကြပ်သဗျ... ဒီတော့ ဘာသင်္ချိုင်းညာသင်္ချိုင်းရယ် ခွဲမနေတော့ဘူး...ဘာသာရေးလည်းခွဲမနေတော့ဘူး...ဘယ်နှယ် အကုန်လုံး လူ့ဘ၀က စောက်ကျင့်မကောင်းလို့ သရဲလာဖြစ်ပါတယ်ဆိုနေမှာ ဘာသာစွဲ လူမျိုးစွဲထားနေရင် ဟာသကြီးဖြစ်နေမှာပေါ့ဗျာ...။
ကဲပါ ထားတော့..
ကျွန်တော်ပြောချင်တာက ခင်ဗျားတို့ ရန်ကုန်မြို့အကြောင်း...။
ကျုပ် ရန်ကုန်ကို ခြေချချခြင်း အနေချောင်မဲ့နေရာလိုက်ရှာသဗျ..။ သရဲဆိုတာလည်း ညမှ ထွက်ရတာကိုး..။
ည ၉ နာရီလောက် ရန်ကုန်မြို့နာမည်ကြီး သင်္ချိုင်း ရေဝေးကို ရောက်သွားသဗျ..။
အောင်မယ် ခမ်းနားလိုက်တာဗျ.. မီးခိုးခေါင်းတိုင်ကြီးတွေနဲ့ အဆောက်အဦအခန်းတွေကလည်း အများကြီး...။
ခက်တာက ည ၉ နာရီကျော်အထိ ခင်ဗျားတို့ ရေဝေးကလည်း လူမပျက်သေးဘဲကိုးဗျ..။
လူတွေက ရုတ်စုရုတ်စုနဲ့ သင်္ချိုင်းကုန်းနဲ့တောင်မတူဘူး.. ကျုပ်မှာ ဒီနေရာတော့ ငါ ခြောက်လည်းကြောက်မယ့်ဟန်မတူဘူးဆိုပြီး ပြန်လစ်ခဲ့ရတယ်..။
အောင်မယ်...ဒါနဲ့ ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံနားမှာများ ဆို သရဲခြောက်စားလို့ အဆင်ပြေမလားဆိုပြီး သွားလိုက်ပါတယ်..။
စတွေ့တာပဲဗျို့..။
ဆေးရုံကြီး ရင်ခွဲရုံဆိုတာ မှောင်ကုပ်ကုပ် မီးရောင်ဖျော့ဖျော့အဆောက်အဦမျိုး ဖြစ်ရမှာ မဟုတ်လား..။
ဘယ်ဟုတ်လိမ့်မတုန်းဗျာ... ခင်ဗျားတို့လူတွေပြောနေတဲ့ နေပြည်တော်ဆိုတာကြီးလို မီးတွေမှ ထိန်လင်းနေတာပဲ..။
အို မီးထိန်လင်းလဲ ဘာဖြစ်လဲ... လင်းလင်းထင်းထင်းသရဲခြောက်စားလို့ရတာပေါ့ဆိုပြီး ရင်ခွဲရုံနား အသာကပ်လျက်နေ မိတာ..။
ဟော့ လာပါပြီ တကျွီကျွီတွန်းလှည်းနဲ့ မသာတစ်လောင်း..။
မသာအလောင်းဘေးမှာ မသာရှင်တွေက မျက်လုံးလေးပေကလပ်ပေကလပ်ပါလာသဗျ..။
လှည်းတွန်းလာတာကတော့ ဆံပင်ကောက်ကောက်နဲ့ ကုလားတစ်ယောက်ဗျ..။
ရင်ခွဲရုံရှေ့ ရောက်တော့ ဘယ်ကဘယ်လိုပေါ်လာမှန်းမသိတဲ့ လူနှစ်ယောက်ထွက်လာကျတယ်....။
လှည်းတွန်းလာတဲ့ လူနဲ့ အဲ့ဒီလူနှစ်ယောက်က မသာရှင်တွေနဲ့ စကားပြောတယ်..။
ပိုက်ဆံတောင်းတာဗျ... ငွေကြေးကိန်းဂဏန်းတစ်ခုပဲ..။
"ပြန်သယ်သွားချင်ယင်တော့ ဒီကြေးပဲ.. ဒီညအပြီးရင်ခွဲပေးရမှာ...အလုပ်ရှုပ်တယ်.. မတတ်နိုင်ရင်တော့.. ဒီတိုင်းသာထားခဲ့..နောက်နေ့မှ ခင်ဗျားတို့လာခဲ့တော့"
မသာရှင်နှစ်ယောက်မှာလည်း သူတို့အိပ်ကပ်ကိုကြည့်လိုက် စောင်နဲ့ထုတ်ထားတဲ့ မသာကိုကြည့်လိုက် ..ရင်ခွဲပေးမယ့် လူနှစ်ယောက်ကို ကြည့်လိုက်နဲ့... နောက်ဆုံး သူတို့အိပ်ကပ်ထဲက ပိုက်ဆံတွေ..ကိုကုလားတို့ အိပ်ကပ်ထဲရောက်ကုန်တော့တယ်.။
ဒီတော့မှ တွန်းလှည်းပေါ်က ဆန့်ဆန့်ကြီးနဲ့ ခန့်ခန့်ကြီးခမျာ ရင်ခွဲရုံထဲ တွန်းသွင်း ခံရသဗျာ..။
အော် ခင်ဗျားတို့လူတွေများ... မွေးစကနေ သေတဲ့အထိ လာဘ်ပေးလဘ်ယူတွေနဲ့ ညိုနှိုင်းနေရသကိုးဗျ..ခက်တယ်...။
ဟော့ဗျာ..နောက်ထပ် တစ်လောင်းပြီးတစ်လောင်းထပ်လာသဗျ..။
ရင်ခွဲမယ့် ဆရာသမားတွေနဲ့ မသာရှင်မိသားစုတွေ ညိုကြ နှိုင်းကြ.... ငွေစကားပြောကြနဲ့ ကျုပ်ဖြင့် ငါရောက်နေတာ ရင်ခွဲရုံလား.. ပွဲစားတန်းလားလို့တောင် မကွဲပြားတော့ဘူး..။
တော်ပါပြီဗျာ ဒီနေရာမျိုး သရဲခြောက်စားလို့ကတော့ ကိုယ့်ဆီကပါ ငွေညှစ်ခံနေရမယ်..။
ကဲ..ဒီတော့ ရန်ကုန်မြို့ထဲ လူပြတ်တဲ့ လမ်းတစ်ခုခုမှာပဲ အခြေချပြီး ခြောက်တော့မယ်ဆိုပြီး ကျုပ်လည်း လမ်းပေါ်ထွက်ခဲ့သဗျ...။
ခင်ဗျားတို့ ရန်ကုန်ကလည်းဗျာ ည၁၂ နာရီနီးပါးရှိတာတောင် ကားတွေက တ၀ီဝီရယ်ဗျ..။
တစ်နေရာရောက်တော့ အမျိုးသမီးနှစ်ယောက်မတ်တပ်ရပ်နေတာတွေ့တာနဲ့.. ငါတော့ ဈေးဦးပေါက် ခြောက်ရပြီဆိုပြီး ၀မ်းသားအားရ သွားလိုက်တာ..။
အားပါး..ကျုပ်မှာ အံသြလွန်းလို့ဗျို့....။
လူတွေကသာ မိန်းကလေး စကားပြောတော့ ယောင်္ကျားသံကြီးတွေနဲ့...
ဘာတဲ့" ဒီည ဒေါ်မြုတ်ရတာ ဖီးလ်မလာပါဘူးအေ... သူငယ်တွေကလည်း ရှားလိုက်တာ... အိုဘာဖြစ်ဖြစ် အနားကပ်လာရင် ဆွဲစားရမှာပဲ.." တဲ့..။
ဘယ်နှယ့်ပါလိမ့်... သရဲလုပ်လာတဲ့ သက်တမ်းတစ်လျှောက် အနားကပ်ရင်စွဲစားမယ်ဆိုတဲ့ ယောင်္ကျားသံနဲ့မိန်းမတွေ အခုမှမြင်ဖူးတယ်..။
အနားကပ်သမျှ ဆွဲစားမယ်ဆိုတော့ ဒါ သရဲထက်မြင့်တဲ့ ဘီလူးဆိုတာတွေဖြစ်မယ် ဆိုပြီးကျုပ်ဖြင့် ဝေးဝေးက ပြေးခဲ့ရသဗျာ..။
ဒါနဲ့ ရှေ့ဆက်လျှောက်လာတော့..အောင်မယ် လူငယ်လေး သုံးယောက်ဗျ ပလက်ဖောင်းအလယ်မှာ ငုတ်တုတ်ထိုင်ပြီး ခေါင်းတွေကလည်း အောက်ကို သဲကြီးမဲကြီးငုံကြည့်နေကြသဗျ...။
ဒီတစ်ခါတာ့ တကယ် ခြောက်ရပြီဟ ဆိုပြီး အပုတ်နံ့ပေးလိုက်ပါတယ်... အောင်မယ် သူတို့က အပုပ်နံ့ကို ဘာမှမဖြစ်သလိုပဲ တခွိခွိနဲ့ဗျ...
"ဟေ့ကောင် ငါ ပုသိမ်ဂျီတီစီလင့်ခ်ရပြီ...ရော့ရော့"
"အေးကွာ ပိုက်ဆံကုန်လို့ ၀ိုင်ဖိုင်မိတဲ့နေရာလာပါတယ်ဆိုမှ လိုင်းမကောင်းဘူး"
"အရေးထဲ ဘယ်ခွေးလွင်ခွေးလွင့်လာသေပြီး ပုတ်နေလဲမသိဘူ နံတာကွာ"
"ဟိတ်ကောင်..ဒီမှာ..ဒီမှာ...မင်းလိုချင်တယ်ဆိုတဲ့ သဇင် အပိုင်း(၄)ပိုင်း"
ဒီငနဲတွေရှေ့မှာ အကောင်အထည်ကြီးသွားပြလဲ သူတို့ပြောနေတဲ့ သဇင်တို့ ပုသိမ်ဂျီတီစီတို့လောက် စိတ်မ၀င်စားလို့ ကျုပ်ကို မော့ကြည့်မှာတောင် မဟုတ်ဘူး..။
ခက်သဗျာ..ရန်ကုန်မှာ သရဲဖြစ်ရတာ တော်တော်မျက်နှာငယ်တာပဲ..။
ဒါနဲ့စိတ်ပေါက်ပေါက်နဲ့ဆက်လျှောက်လာလိုက်တာ.ဟော့ဗျာ...ရှေ့မှာလည်း လက်ဘက်ရည်ဆိုင်တွေ..ကွမ်းယာဆိုင်တွေနဲ့.... အမှိုက်ပုံနားကားရပ်ပြီး သီချင်းတကြော်ကြော်နဲ့ အမှိုက်တင်နေတဲံလူတွေနဲ့..။
စိတ်ညစ်တယ်ဗျာ..ခင်ဗျားတို့ ရန်ကုန်ကလူတွေ ညရောအိပ်ကျရဲ့လား..။
ဒါမှမဟုတ် ကျုပ်ပဲ သရဲစံတော်ချိန်မှားထွက်လာတာလား.... ဒီလောက်လူတွေများနေတာ ကျုပ်မှာ ဘယ်လိုခြောက်ရမလဲ...။
ကဲ...ကားလမ်းက လူမျာတာထားတော့.. ရထားသံလမ်းဆိုရင်တော့ ငါခြောက်လို့ အဆင်ပြေတယ်ဆိုပြီး ရထားသံလမ်းဘက်ထွက်လာသဗျ..။
ကမာရွတ်ဘူတာဆိုတဲ့ မီးမှိန်မှိန်ဘူတာလေးထဲကနေ သံလမ်းအတိုင်း တွေ့တဲ့သူ ခြောက်မဟဲ့ဆိုပြီး သွားတော့မှ ဒုက္ခရောက်တော့တာပဲဗျာ..။
မရိုသေ့စကားဗျာ...
သံလမ်းကို ခေါင်းအုံး... မြေကဗ္ပလာကို မွေ့ယာအမှတ်နဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ငေးရင်း ချစ်ရည်လူးနေတဲ့ ခင်ဗျားတို့လူစုံတွဲတွေလေ...
အောင်မလေးဗျာ.. ညကြီးအချိန်မတော်... ရထားသံလမ်းကို တည်းခိုခန်းများ မှတ်နေလားမသိဘူး.. ကျုပ်ဖြင့် အံသြမိသဗျ...။
အဲ့ဒီအတွဲကိုကျော်လာတော့....ရထားသံလမ်းဘေးမှာ လူငယ်အုပ်စုလိုက်ကြီး အရက်ထိုင်သောက်နေသဗျ.. ဒါလဲခြောက်လို့မဖြစ်သေးဘူးဆိုပြီး ဆက်လာလိုက်တာ...
ဟားရှေ့မှာ လူတစ်ယောက်တည်း သံလမ်းပေါ် ကုန်းကုန်း ကွကွ နဲ့ ငါတော့ ခြောက်ပြီဆိုပြီး ၀မ်းသာအားရအနားကပ်သွားတာ...။
ထွီ....သံလမ်းပေါ် ချီးတက်ပါနေတယ်ဗျာ...ရွံတာ
ကျုပ်ကလည်း လူဘ၀ကတည်းက အသန့်အပြန့်ကြိုက်တဲ့သရဲ.... ဒီလိုမျိုး ဆို ရွံတယ်ဗျ..။
ဒီ ငနဲကို ကျော်ပြီး ရထားလမ်းအတိုင်းလျှောက်လာလိုက်ကာမှ ပိုစိတ်ညစ်ရသဗျို့..။
သံလမ်းပေါ်မှာ ပုံစံအမျိုးမျိုးနဲ့ ချီးပုံတွေဗျာ...ခင်ဗျားတို့ လူတွေ တော်တော်ညစ်ပတ်တာပဲဗျ...
ကျုပ်မှာ သရဲ တန်မဲ့ ရှောင်ကွင်းသွားလိုက်ရတာ....။
ဟိုရှေးက မီးမှိတ်တုတ်ဘူတာလေးမှာတော့ အသံနည်းနည်းကြားလို့ ခြောက်မဟေ့ဆိုပြီး သွားတာ..
မိန်းမတစ်ယောက်နဲ့ ယောင်္ကျားသုံးယောက်ဗျ...။
ဘယ်လိုခြောက်ရမလဲစဉ်းစားနေတုန်း... မိန်မဆီက အော်ဟစ်ဆဲသံတွေ ကြားရသဗျို့
"နင်တို့ ခေါ်တုန်းက နှစ်ယောက်တည်းဆို..အခုသုံးယောက်တောင်.. ငါ့ ငါးထောင် ထပ်ပေး..မပေးလို့ကတော့ သူတောင်းစားတွေ ရပ်ကွက်ထဲအထိ စောက်ရှက်လိုက်ခွဲဖြစ်မယ်... ဖာကောင်း..သူတောင်းစား"
အာဗျာ စုံလို့ပါပဲ.... ကျုပ်သရဲသွားခြောက်ရင်တောင် မအ၀ှာက ထမိန်နဲ့အုပ်ပြီးနပန်းလုံးမယ့်သဘောဗျ...။
တောက်ခ်...............ဟိုးမှာ မိုးတောင်လင်းပြီဗျာ...
ဒီဘူတာကပဲ မန္တလေးရထားစောင့်ပြီး မန္တလေးပြန်လိုက်သွားတော့မယ်...။
ခင်ဗျားတို့ ရန်ကုန်မှာ သရဲခြောက်စားရတာ တယ်မျက်နှာငယ်သကိုးဗျ...။
လူတွေကိုယ်တိုင် ညမအိပ်တဲ့ သရဲတွေဖြစ်နေကြမှပဲ.... ကျုပ်တို့အတွက် ဘယ်နေရာရှိမလဲဗျာ..။
တော်ပြီ...တော်ပြီ.....ကြာနီကန်မှာပဲ မီးလောင်လောင် မီးရှိုရှို့ပြန်တော့မယ်ဗျာ..။
ရန်ကုန်ကို စိတ်နာတယ်...။
ဗြိတိသျှကိုကိုမောင်
သရဲ သဘက် ဘီလူး အစရှိသော ပေတ မှတ်တမ်းများ
Posted via Blogaway