HTOOSAN

လာလည်ကြတဲ့ မိတ်ဆွေများ အားလုံး ပျော်ရွှင်ချမ်းမြေ့ ကြပါစေ

Thursday, August 7, 2014

အမတ်ကြီး အနန္တသူရိယ၏ "မျက်ဖြေလင်္ကာ"

အမတ်ကြီး အနန္တသူရိယ၏ "မျက်ဖြေလင်္ကာ"

မျက်ဖြေလင်္ကာ
------------------
သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ
သူတစ်ယောက်မှာ ပျက်လင့်ကာသာ
ဓမ္မတာတည်း။

ရွှေအိမ်နန်းနှင့် ကြငှန်းလည်းခံ
မတ်ပေါင်းရံလျက် ပျော်စံရိပ်ငြိမ်
စည်းစိမ်မကွာ မင်းချမ်းသာကား
သမုဒ္ဒရာ ရေမျက်နှာထက်
ခဏတက်သည့် ရေပွက်ပမာ
တစ်သက်လျာတည်း။

ကြင်နာသနား ငါ့အားမသတ်
ယခုလွှတ်လည်း မလွတ်ကြမ္မာ
လူတကာတို့ ခန္ဓာခိုင်ကျည်
မတည်မမြဲ ဖောက်လွဲတတ်သည်
မချွတ်စသာ သတ္တ၀ါတည်း။

ရှိခိုးကော်ေ၇ာ် ပူဇော်အကျွန်
ပန်ခဲ့တုံ၏ ခိုက်ကြုံဝိဘတ်
သံသာစက်၌ ကြိုက်လတ်တုံမူ
တုံ့ မယူလို ကြည်ညိုစိတ်သန်
သခင်မွန်ကို ချန်ဘိစင်စစ်
အပြစ်မဲ့ရေး ခွင့်လျှင်ပေး၏
သွေးသည်အနိစ္စ ငါ့ခန္ဓာတည်း။
                              အနန္တသူရိယ

No comments:

Post a Comment