ကျိုတ်လတ်မြို့  အနှေးယာဉ် ဆိုက်ကားလုပ်သား
များဟာ အရင်လို ဝင်ငွေမကောင်းကြောင့်
မိသားစု အတွင်း စားဝတ်နေရေး ကျပ်တည်းမှုများ ကို ရင်ဆိုင်နေရပါတယ်
မိသားစုများတဲ့ တစ်ချို့ ဆိုက်ကားနင်းသူများဟာ
သားသမီး ကျောင်းစရိတ် မိသားစု စားစရိတ်
နှင့် အထွေထွေ ကုန်ကျမှုများအတွက်
နေ့ စဉ် ဝင်ငွေလောက်ငှမှု ရှိစေရန် တစ်နေ့ ကုန်
တစ်နေခန်း ကြိုးစားရုန်းကန်နေရပါတယ်
အခုလို ဝင်ငွေနည်းပါးလာချင်းဟာ ငွေကြေးဖောင်းပွမှု / ကုန်ဈေးနူန်းကြီးမြင့်နေမှု
မိုးရာသီအတွင်း ခရီးသည် အသွားအလာ နည်းပါးမှုနဲ့  ဆိုင်ကယ်ကယ်ရီသမားများပြားလာချင်းက အဓိက ကျတယ်လို့ ဆိုပါတယ်
ဆိုင်ကယ်ကယ်ရီတွေက ကျိုတ်လတ်မြို့ မှာ
တော်တော်လေးကို များလာတယ်
ကျွန်တော်တို့  ပို့ နေကျ ဖောက်သည်တွေတောင်
အခုတော့ သူတို့ နဲ့ ပဲ သွားနေကြတယ်
ဆိုင်ကယ်ဆိုတော့ မြန်လဲမြန်တယ်လေ
ဆိုင်ကယ်ကယ်ရီတွေ ပေါ်လာတော့ ကျွန်တော်
ကျွန်တော်တို့  ငတ်ကုန်ကြတာပေါ့
အရင်တစ်နေ့ ကို 5000လောက်ကတော့
အသာလေးရှာနင်းလို့ ရတယ်ဗျ
အခုတော့ owner ပေးဖို့ တောင် မနည်းနင်းနေရတယ် ""လို့  ကျိုတ်လတ်မြို့  ၁၆လမ်းထိပ်မှာ နင်းနေတဲ့ အနှေးယာဉ် ဆိုင်ကားဆရာတစ်ဦးက ဆိုပါတယ်
နောက် ၄င်းကပဲ 'ကျွန်တော်လိုပဲ တစ်နေ့ တာကို
ရုန်းကန်နေတဲ့သူတွေ အများကြီးပါ ..
တခြားအလုပ်လဲ မရှိဘူး ...တကယ်လိုသာ
နိုင်ငံတော်က ကျွန်တော်တို့ /ကျွန်တော်တို့ လို
လူတန်းစားတွေ အတွက် တစ်ခုခုလုပ်ပေးရင်
အရမ်းကောင်းမှာပဲ .ဥပမာ ဘဏ်တိုးလောက်နဲ့ ပဲ
ငွေထုတ်ချေးတာပဲဖြစ်ဖြစ်ပေါ့'လို့  မျှော်လင့်တစ်စုံတရာလေးနဲ့ ပေါ့ ပြောပြပါတယ်
ကျွန်တော်တို့  ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီးက သမ္မတကြီးနှင့်တကွ
မြန်မာနိုင်ငံပြုပြင်ပြောင်းလဲမှုများတွင်ပါဝင်
ကြသော လူကြီးများအားလုံး စကားလုံးများဖြင့်
အပျော်ကြံနေမဲ့အစား လက်တွေလုပ်ဆောင်ချက်
ဖြင့် အောက်ခြေသို့  ကိုယ်တိုင်ကိုယ်ကိုယ်ကြ
လေ့လာကြည့်ရှုပြီး လိုအပ်ချက်များကို
ဆောင်ရွက်သင့်ပါကြောင် ဖော်ပြလိုက်ပါသည်
htoosan
ကျွန်တော် ဘလော့မှာ နေ့ စဉ် အပ်ဒိပ် သတင်းများနှင့် ရသစုံ စာပေများ တင်ပေးသွားမှာဖြစ်ပါတယ်
HTOOSAN
Thursday, August 7, 2014
ကျိုတ်လတ်မြို့  အနှေးယာဉ် ဆိုက်ကားလုပ်သား များဟာ အရင်လို ဝင်ငွေမကောင်းကြောင့် မိသားစု အတွင်း စားဝတ်နေရေး ကျပ်တည်းမှုများ ကို ရင်ဆိုင်နေရပါတယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment