PR စနစ် အတည်ပြုပြီး / မပြီး ၀ိဝါဒ ကွဲနေ
PR ခေါ် အချိုးကျ ကိုယ်စားပြု မဲစနစ်ကို လာမယ့် ရွေးကောက်ပွဲမှာ သုံးစွဲဖို့ အတည်ပြု မပြုကို လွှတ်တော် ကိုယ်စားလှယ်တွေ ကိုယ်တိုင် ရှင်းရှင်းလင်းလင်း နားမလည်ကြပါဘူး။။
တချို့က PR စနစ် အတည်ပြုလိုက်ပြီလို့ ပြောကြပြီး တချို့က အတည်မပြုရသေးဘူးလို့ ပြောနေကြတဲ့ အတွက် အယူဆ ၂မျိုး ဝိဝါဒ ကွဲနေပါတယ်။
PR စနစ်ကို ပြောင်းလဲ အသုံးပြုရေးအတွက် အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီဝင် ဦးအောင်ဇင်က ပြည်သူ့လွှတ်တော်မှာ အဆိုပြုခဲ့တာကို ဒီနေ့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
PR အကြောင်း ဆွေးနွေးမှု မပြီးပြတ်သေးခင်မှာဘဲ PR သုံးသင့် မသုံးသင့်ကို ပြည်ထောင်စု လွှတ်တော် ကနေ ကော်မရှင် ဖွဲ့ပြီး ဆုံးဖြတ်မယ်လို့ ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက အဆိုပြုပြီး ထောက်ခံသလား၊ မထောက်ခံဘူးလား ဆိုတာကို သဘောထား တောင်းခံခဲ့တယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က မရှင်းလင်းတဲ့အတွက် PR ကို ထောက်ခံရမှာလား၊ ကော်မရှင်ကို ထောက်ခံရမှာလားလို့ မေးရာမှာ ဦးရွှေမန်းက ကော်မရှင်ဖွဲ့ရေး မဖွဲ့ရေးလို့ ပြောတဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေ၊ တခြား PR ဆန့်ကျင်သူတွေက မကန့်ကွက်ဘဲ သဘောတူခဲ့ကြတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မိတ္ထီလာမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောပါတယ်။
သူတို့ သဘောတူခဲ့တာဟာ ကော်မရှင်ဖွဲ့ရေးသာ ဖြစ်တယ်လို့ ဆိုပါတယ်။
အမျိုးသား ဒီမိုကရေစီသစ် ပါတီဥက္ကဋ္ဌ ဦးသိန်းညွန့်ကတော့ PR စနစ်အကြောင်းကို ဦးရွှေမန်းက ပြန်လည် ရှင်းလင်းပြောပြပြီးနောက် ကန့်ကွက်သူ မရှိကြတဲ့ အတွက်ကြောင့် အတည်ဖြစ်သွားပြီလို့ ဆိုပါတယ်။
No comments:
Post a Comment