HTOOSAN

လာလည်ကြတဲ့ မိတ်ဆွေများ အားလုံး ပျော်ရွှင်ချမ်းမြေ့ ကြပါစေ

Tuesday, November 25, 2014

မနက်ခင်းဆီ တည့်တည့်သွားနေတဲ့ ဒီည

မနက်ခင်းဆီ တည့်တည့်သွားနေတဲ့ ဒီည
မူးရစ်ရီဝေမှုအထိအတွေ့ အောက်မှာ
အသောမသတ်နိုင်တဲ့ အတ္တကိုကျော်ပြီး
ပေပေတေတေ ခရီးနှင်လိုတော့သွားပြီ
အမုန်းလိုပေးထားတဲ့ ရလဒ်ကို မှီငြမ်းဖို့ 
မင်းကမ်းတဲ့လက်တစ်ဘက်ဟာ
စည်ရုံးသိမ်သွင်းမှုမဲ့စေခဲ့ရင်ပေါ့
ဒီညပြောခဲ့တဲ့ ဖုန်းထဲက မင်းစကားသံ ချိုလွင်လွင်ဟာ
သံသရာထိ ခ၇ီးဆက်ဖို့ ဆိုရင်တော့
ငါ့မှတ်ဥာဏ်ကို ခြေဖျက်ဖို့  မကြိုးစားနဲ့ တော့!
ငါ့စကားတိုင်းရဲ့  အဓိပ္ပါယ် ကို ငါချစ်နေတတ်နေဖို့ 
လိုတယ်ချစ်သူ.....၊

ဒါဟာ မုသားတိုင်းရဲ့  (အဖြေမှန်)ရလဒ်ပဲပေါ့

သူရအောင်

ကဗျာဝါသနာရှင်​များ ကျွန်​​တော့်​ဘ​လော့မှာ ကဗျာများ
တင်​ချင်​ပါကygn.myanarry@gmail.com 
သို့ emailဖြင့်​​ပေးပို့ နိုင်​ပါသည်
Admin .thuraaung
Htoosan.blogspot.com

No comments:

Post a Comment