Programming ဆိုတာ ဘာလဲ မပြောခင် programming ရဲ့ သမိုင်းကို အရင်ပြောရအောင်ဗျာ၊၊
computer အတွက် အလုပ်လုပ်မယ့် ပထမဆုံး algorathm နဲ့ တည်ဆောက်ထားတယ့် programming ကို စတင် မွေးဖွားအသက်သွင်း ခဲ့သူ ကတော့ England နိုင်ငံ London မြို့က “Ada Lovelase” ပဲဖြစ်ပါတယ် ၊ သူမက programming ရဲ့ မိခင်ကြီးပေါ့၊
သူမကို 1815,December,10 မှာမွေးခဲ့တာပါ ၊ 1852,Novemver,27 သူမအသက် ၃၆ နှစ်မှာ လူသားတွေအတွက် အလွန်အသုံးဝင်တယ့် programming ဆိုတယ့် မျိုးဆက်သစ်ကို ထားခဲ့ပြီး လောကကြီးမှ အနားယူသွားပါတယ် ၊ ရှေးပဝေသဏီခေတ်တုန်းကတော့ arithmethic တို့ algebra တို့ geometry တို့လို စိတ်ကူးခြင်းတွေမရှိပါဘူး ၊ အဲ့ဒီတုန်းက လူသားတွေရဲ့ သမိုင်းမှာ တွက်ချက်ပေးတယ့် စက်ပစ္စည်းနဲ့ ပတ်သက်တယ့် ပစ္စည်းဆိုလို့ BC2500 ခန့်က Sumeria မှာ တီထွင်ခဲ့တယ့် “ပေသီးတွက်ခုံ” ပဲ ရှိခဲ့တာပါ ၊ ၊ BC100 လောက်က ပထမဆုံး “mechanical calculator “ လို့ ခေါ်ခဲ့တာပေါ့ ၊ သူရဲ့ အမျိုးမျိုးသော အရွယ်အစားနဲ့ gears တွေက calculations လုပ်ဖို့အတွက်ဆောင်ရွက်ပေးပါတယ် ၊ အဲ့ဒါကလည်း lunar-to-soloar calendars မှာသုံးတဲ့ metonic cycle ကို အခြေခံပြီးတော့ တည်ဆောက်ထားတာပါ ၊ ထားပါတော့ဗျာ ၊ အရင် ပဝေသဏီ ကအကြောင်းတွေတော့ ပြန်မပြောတော့ဘူး ၊ Analytical Engine အတွက် ပထမဆုံး computer program ကို သချာင်္ပညာရှင် Ada Lovelase က Bernoulli numbers ရဲ့ အစီအစဉ်တွေကို တွက်ချက်ပြီးရေးသွားခဲ့ပါတယ် ၊ Numerical calculations ရဲ့ synthesis ဟာ computer programming အတွက် ကြိုတင်ဟောကိန်းလိုပါပဲ ၊အဲ့ဒီနောက်မှာတော့ လူသားတွေအတွက် အလွန်လွယ်ကူတဲ့ နည်းလမ်းနဲ့ အမိန့်များဖြည့်သွင်းပီးတော့ ဖွဲ့စည်းတည်ဆောက်မှုတွေကို အကြံရခဲ့ ပါတယ် ၊ အဲ့ဒါက computer programming ရဲ့ modern development ကို ဦးဆောင်လမ်းပြပေးခဲ့တာပါ၊ စက်မှုတော်လှန်ရေးပြီးနောက်ပိုင်းတော့ Computer programming ရဲ့ ဖွံ့ဖြိုးမှုက အရှိန်အရမ်းမြင့်လာပါတယ်၊
အချက်အလက်တွေနဲ့ အမိန့်တွေကို external punched card ပေါ်မှာ ပထမဆုံး သိုလှောင်လိုက်ပါတယ် ၊punched card ဆိုတာ stiff paper ရဲ့ အပိုင်းအစလေးပါပဲ ၊ punched card ထဲမှာ data processing applications တွေအတွက် data ဒါမှမဟုတ် စက်အစိတ်အပိုင်းကို အလိုလျှောက် ထိန်းချုပ်ဖို့အတွက် commands တွေပါပါတယ် |နောက်မှ punched card အကြောင်းကို post တစ်ခုအနေနဲ့ရေးတော့မယ် ၊အခုဆက်ရအောင်ဗျာ
1880 မှာ Herman Hollerith က အချက်အလက်တွေ မှတ်တမ်းတင်နိုင် တဲ့ ကြားခံတစ်ခုကို တည်ထွင်ခဲ့ပါတယ်။အဲ့ဒီ့ ကြားခံမှာ ထည့်သွင်းထားတဲ့ မှတ်တမ်းတွေကို စက်တွေနဲ့ပြန်ဖတ်နိုင်တယ်၊ Hellerith က အမေရိကန် သချာင်္ပညာရှင် နဲ့ တီထွင်သူပေါ့ ၊ သူက သန်းပေါင်းများစွာသော data တွေကနေ လျင်မြန်စွာ တွက်ချက်ပေးနိုင်မယ့် mechanical tabulator ကို punched card ပေါ်မှာ အခြေခံပီးတော့ တီထွင်ခဲ့ပါတယ် ၊”Hellerith cards” လို့ ပထမဆုံးခေါ်ခဲ့ပါတယ် ၊ သူက keypunch,sorter နဲ့ tabulator unit record machines ကိုပါတီထွင်ခဲ့ပါတယ် ၊ ဒီတီထွင်မှုတွေက သူရဲ့ data processing လုပ်ငန်းအတွက် အခြေခံဖြစ်လာပါတယ်၊ Hellerith က နောင်မှာ IBM ဆိုပီးဖြစ်လာမယ့် Tabulating Machine Company ကို စတင်တည်ထောင်သူပေါ့ ၊ modern machine data porcessing ရဲ့ ဖခင် အဖြစ် သတ်မှတ်ခံထားရတဲ့ လူတစ်ယောက်ပါ ၊ သူ့ရဲ့ မူကြမ်းအယူအစ က ရာစုနှစ်တစ်ခုအတွက် တွက်ချက်ရေးလောကကို စိုးမိုးခြယ်လှယ်ခဲ့ပါတယ် ၊ 1906 မှာ control panel(plugboard) ကိုပေါင်းထည့်ခဲ့ပါတယ် ၊ plugboard ဆိုတာက ဘုတ်ပြားပေါ်မှာ များပြားလှတယ့် sockets တွေကနေ လျှပ်စစ်ပတ်လမ်းတွေ ၊ တယ်လီဖုန်းလိုင်းတွေ နဲ့ ကွန်ပြူတာ အစိတ်အပိုင်းတွေကို အတွင်းပိုင်းမှာချိတ်ဆက်ပေးထားတာပါ ၊ ၊ Tabulator က Hardware ဆိုင်ရာ ပြန်လည်တည်ဆောက်ခြင်းမရှိပဲ ထူးခြားလှတယ့်အလုပ် မတူညီတယ့်အလုပ်တွေကို လုပ်ခွင့်ပေးထားပါတယ် ၊ 1940 မှာ IBM 602 နဲ့ IBM 604 ကတော့ များပြားလှတယ့် တွက်ချက်မှုတွေကို စံနှုန်းမြင့် မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ၊ သူရဲ့ control panels တွေက operations ရဲ့ စာရင်းအချက်အလက်တွေကို သတ်မှတ်နိုင်ခဲ့တယ် ၊ ဒီနည်းနဲ့ပဲ programmable machines တွေဖြစ်လာခဲ့ပါတယ် ၊
နောက်တယောက်ကတော့ von Neumann ပါ ၊ သူက game theory နဲ့ design ပြီးတော့ computer memory ထဲမှာ သိမ်းနိုင်မယ့် computer programs တွေကိုတီထွင့်ခဲ့တယ် ၊Computer model အားလုံးက ထူးခြားတယ့် အမိန့်တွေ(machine language) တွေသုံးပီး တူညီတယ့်လုပ်ငန်းတာဝန်တွေ လုပ်ပါတယ် ၊ နောက်တော့ programmer တွေက assembly languages တွေကို developed လုပ်ခဲ့ကြပါတယ် ၊သင်္ကေတပုံစံ(e.g., ADD X,TOTAL) ထဲမှာ လိပ်စာတွေသတ်မှတ်တယ် ၊ပြီးတော့ ကိန်းဂဏန်း သင်္ကေတ တစ်ခုချင်းစီ ကို ရေးသားတာထက်စာရင် စာသားပုံစံတခုထဲမှာ instruction တခုချင်းစီကို သတ်မှတ်လိုက်တာ ပိုပြီးလွယ်ကူသွားပါတယ် ၊
assembly language လို programming ဘာသာရပ်တစ်ခု ပေါ်ခြင်းက ပိုပြီးအဆင်ပြေစေပါတယ် ၊ အလုပ်လုပ်ရတာ ပိုပြီးမြန်လာပါတယ် ၊ ပြီးတော့ machine language ကို သုံးခြင်းထက် လူသားတွေ error တတ်နိုင်မယ့် အခြေအနေ ပိုနည်းလာပါတယ် ၊ဒါပေမယ့် assembly language က machine language တခုထက် ပိုမိုရိုးရှင်းပြီး သင်္ကေတစနစ်တွေ ပိုများများအသုံးပြုရပါတယ်။
1954 မှာ “FORTRAN” ကို တီထွင်ခဲ့ပါတယ် ၊ FORTRAN က ပထမဆုံး high level programming language ပဲဖြစ်ပါတယ် ၊ high-level language က စည်းကမ်းချက်ကြီးပါတယ် ၊ program စာသား ဒါမှမဟုတ် source တွေက compiler လို့ ခေါ်တယ့် special program ကို သုံးပြီး စက်နားလည်တယ့် အမိန့်အဖြစ် ပြောင်းပေးနိုင်ပါတယ်၊ အမှန်က FORTRAN ဆိုတယ့် နာမည်က “Formula Translation” အတွက် ရပ်တည်ထားတာပါ ၊ များပြားလှတယ့် တခြား languages တွေကိုလည်း တီထွင်ခဲ့ကြပါတယ် ၊ စီးပွားဖြစ် programming languages တွေလည်း ပါဝင်လာပါတယ် ၊COBOL လိုပေါ့ ၊
အချိန်ကာလတိုးတက်လာတော့ computers တွေရဲ့ အလုပ်လုပ်နိုင်တယ့် စွမ်းအားဟာ ဘီလူးကြီးတကောင်ခုန်သွားသလို ကြောက်စရာကောင်းလောက်အောင် အရမ်းမြန်ဆန်လာပါတယ် ၊ programming ဘာသာရပ်အသစ် တွေကို ယူဆောင်လာပါတယ် ၊အခုခေတ်မှာ ကျော်ကြားနေတယ့် programming languages တွေကတော့ C,C++,C#,Haskell,PHP,Java,JavaScript,Objective-C,Perl,Python,Ruby,Smalltalk,SQL,Visual Basi, ActionScript ပီးတော့ အများအများကြီးရှိပါသေးတယ် ၊ Programming တွေ ပိုပီးပိုပီး ပြန့် နှံ့ လာတာနဲ့အမျှ သင်ရတာပိုပီးလွယ်လာမယ် ၊ပီးတော့ programmer တွေက source code နည်းနည်းလေးနဲ့ applications တွေ developed လုပ်နိုင်တယ့် အခြေအနေတရပ်ကို ဖြစ်ပေါ်စေခဲ့ပါတယ် ၊ low-level နဲ့ ပတ်သတ်တဲ့ hardware ထိန်းချုပ်ဖို့ လိုအပ်လာတယ့်အချိန် ဒါမှမဟုတ် processing speed အမြင့်ဆုံး မရှိမဖြစ် လိုအပ်တယ့်အချိန်တွေမှာ high-level languages တွေအသုံးပြုခြင်းက လက်တွေ့မကျပါဘူး၊ ဖွံ့ဖြိုးတိုးတတ်နေတယ့် ကမ္ဘာမှာ Computer Programming က ခေတ်စားနေတယ့် အသက်မွေးဝမ်းကြောင်းတခု ဖြစ်လာပါတယ် ၊
အလုပ်အတွက် ဒါမှမဟုတ် အပန်းဖြေစရာအဖြစ် computer ကို အသုံးပြုတတ်ကြမှာပါ ၊ လူအများစုကတော့ နေ့စဉ်လုပ်ငန်းတာဝန် အဖြစ် computer ကို သုံးကြပါတယ် ၊ သူတို့ သာမာန်လူတွေအတွက် ငြီးငွေ့ ဖွယ်ကောင်းတယ့် အလုပ်တွေကို ကောင်းကောင်းကိုင်တွယ်ဖြေရှင်း နိုင်ပါတယ် ၊ ဥပမာ number တွေပေါင်းတာ ၊ စာရွက်ပေါ်မှာ စာတွေရေးတာပေါ့ ၊ Game စက်တလုံးအနေနဲ့ သုံးရင်လည်း ကောင်းပါတယ် ၊ ဘာလို့တုန်းဆိုတော့ သူတို့က အသံနဲ့ ရုပ်ပုံတွေရဲ့ sequences တွေကို play ပေးနိုင်ပါတယ် ၊ checkbook ကို ငွေစစ်နိုင်တယ် ၊ paper တွေကို print ထုတ်နိုင်တယ် ၊ ဂိမ်းဆော့နိုင်တယ် ၊ ကွန်ပြူတာနဲ့ယှဉ်ရင် တခြားပစ္စည်းတွေက လုပ်ငန်းအတွက် အလုပ်လုပ်နိုင်စွမ်းက နယ်ပယ်ကျဉ်းမြောင်းပါတယ် ၊
Computer မှာ လုပ်ငန်းတာဝန်တခုစီ ဆောင်ရွက်ဖို့ အတွက် program ရေးရမှာဖြစ်ပါတယ် ၊ Computer က စက်ပစ္စည်းတွေထဲမှာ တာ့ စံပြပဲဖြစ်ပါတယ် ၊ data(numbers,words,media) တွေသိမ်းထားနိုင်ပါတယ် ၊ devices(monitor screen,sound system,printer) တွေနဲ့ အပြန်အလှန် တွဲဖက်အလုပ်လုပ်နိုင်တယ်၊ programs တွေဖန်းတီးနိုင်ပါတယ်
“Computer မှာ လုပ်ငန်းတာဝန်တွေခိုင်းဖို့ programs ရေးရပါတယ် ၊ ကွဲပြားခြားနားတယ့် လုပ်ငန်းစဉ်တွေအတွက် ကွဲပြားခြားနားတယ့် programs တွေ လိုပါတယ်”
ဒီနေ့ခေတ်ရဲ့ computer programs တွေ က ခေတ်မီဆန်းပြားလာပါတယ် ၊ သူတို့ကို ယုံကြည်ဖို့ ခက်ခဲပါတယ် ၊ သူတို့က အလွန် အသေးစိတ်တဲ့ ခွဲစိတ်မှုတခုလုပ်သလိုမျိုး အားလုံးကို ရေးရပါတယ်၊ “computer programs တွေက အရမ်းမြန်တယ့် အရှိန်အဟုန်ထဲမှာ အလွန်အခြေခံကျတယ့် operations တွေ ရဲ့ အစီအစဉ်တွေအတိုင်း အလုပ်လုပ်ကိုင်တယ်”၊
Computer program တွေက Computer ကို လိုအပ်တယ့် အစီအစဉ်တွေနဲ့ သတင်းအချက်အလက်ကို စက္ကန့်နှင့် အမျှပို့ပေးပါတယ် ၊ program တခုမှာ ရိုးရှင်းတယ့် operations တွေအတွက် ကြီးမားတယ့် ကိန်းဂဏန်းတွေ ပါဝင်ပါတယ် ၊ computer မှာ အသိဥာဏ်မရှိဘူး ၊ သူက ထည့်သွင်းသတ်မှတ်ထားတဲ့ အစီအစဉ် တွေကို အလွယ်တကူ အကောင်အထည်ဖော်ပေးလိုက်တာပါ ၊
Computer ကို သုံးဖို့အတွက် programming ကို သိရှိနားလည်ဖို့ မလိုပါဘူး ၊ ဒါပေမယ့် programming ကို စလေ့လာရင်တော့ သာမန်ထက်ပိုပီး လုံ့လထားဖို့တော့ လိုမယ်ဗျာ ၊
Ref; Brighter Myanmar
ထူးဆန်းနေ့ စဉ်သတင်းများ ဘလော့ အများအကျိုးအတွက် စေတနာဖြင့် ကိုယ်တိုင်ရေး post များအပြင် နည်းပညာ ညီအစ်ကိုများ၏ နည်းပညာသတင်းများကိုပါ ဖြန့် ဝေပေးနေခြင်းဖြစ်ပါသည်။ အများအတွက်အကျိုးရှိမည့် postများကို ရှယ်မိ့ရင်း credit မပေးမိ့တာမျိုးရှိခဲ့ရင် post ပိုင်ရှင်အားလုံးကို ဒီကပဲ creditပေးပါတယ်ဗျာ။ Admin .Thuraaung www.htoosan.blogspot.com ထူးဆန်း ဘလော့သို့ လာရောက်လည်ပတ်ကြသော သူငယ်ချင်းများအားလုံးကို ကျေးဇူးတင်ပါသည်။
No comments:
Post a Comment