HTOOSAN

လာလည်ကြတဲ့ မိတ်ဆွေများ အားလုံး ပျော်ရွှင်ချမ်းမြေ့ ကြပါစေ

Tuesday, December 30, 2014

What is the ADB & Fastboot? ADB နဲ့ Fastboot ဆိုတာဘာလဲ...

What is the ADB & Fastboot?
ADB နဲ့ Fastboot ဆိုတာဘာလဲ...

တစ်ချို့ဖုန်း Service သမားတွေ ADB နဲ့
Fastboot အကြောင်းကိုတောင် ကောင်း
ကောင်းနားမလည်ပဲ Service လုပ်နေတဲ့
သူတွေအများကြီးတွေ့ဖူးပါတယ်....

ဘယ်လိုတွေများဖုန်းပြင်နေကျလဲတော့
ကျွန်တော်လဲနားကိုမလည်ပါဘူးဗျာ......

သူတို့သိတာက Software, Hardware,
နောက်ဆုံးFireware ပေါ့ဗျာ......
ဒါလောက်သိကျတာနဲ့ ဆရာကြီးအထာနဲ့
ပါ. အခုရေးမှာက အဲ့ဒီ့ဆရာကြီးတွေရော
နည်းပညာ (သို့) ဖုန်းအကြောင်းလေ့လာနေ
သူများ အားလုံးအတွက် ကို လိုရင်းတိုရှင်း
သလောက် ရေးသားပေးလိုက်ပါတယ်. . . .
အောက်မှာလေ့လာပါခင်ဗျာ. . . .

✯ ADB ✯

ADB ရဲ့ နာမည်အရှည်ကတော့ Android Debug Bridge ဖြစ်ပါတယ်။ADB ဆိုတာက Android ဖုန်းတွေမှာ ခိုင်းလို့ရတဲ့ Tool Kit ဖြစ်ပြီး Computer ကနေ ဖုန်းကို ချိတ်ဆက်ပြီး ခိုင်းရမှာဖြစ်ပါတယ်။
Phone မှာ USB Debugging ဆိုတဲ့ဟာကို ဖွင့်ထားမှ Computer ကနေ Phone ကို ADB Tool Kit နဲ့ ခိုင်းလို့ရမှာဖြစ်ပါတယ်။

USB Debuggingဆိုတာအင်မတန်ကို
အရေးပါအရာရောက်ပါတယ်. . . .
မိမိဖုန်းမှာ Pattan lock တို့ ဘာLock တို့
ပြန်မမှတ်မိတော့တဲ့အချိန်မှာ ဒီ USB Debugging သာမOn ခဲ့မိပါက တော်တော်
နဲ့ Lock ပြန်ဖွင့်နိုင်မှာ မဟုတ်ပါဘူး။
ဘာကြောင်လဲဆိုရင်သင့်ရဲ့ဖုန်းနဲ့ကွန်ပြူ
တာနဲ့က ADB Driver မသိလို့ပဲဖြစ်ပါတယ်
ADB ဆိုတာ Command Line ကနေ
ခိုင်းရတာ Tool Kit တစ်ခုဖြစ်ပါတယ်။
Command မှာ သူ့ရဲ့ သက်ဆိုင်ရာ Code တွေကို ရိုက်ပြီး ဖုန်းကိုခိုင်းရမှာပါ။သူ့ရဲ့ သက်ဆိုင်ရာ Code တွေကို ရိုက်ပြီးတော့ ဖုန်းကို မြန်မာဖောင့်ထည့်တာ၊Application တွေထည့်တာ၊Root လုပ်တာ၊Recovery ထည့်တာ၊ Fastboot Mode ကိုဝင်တာ၊ Partition တွေကိုကြည့်တာRecovery Mode ကိုဝင်တာ၊Factory Reset ချတာ၊Computer ကနေ ဖုန်းထဲကို File တွေ သွင်းတာ၊ဖုန်းထဲကနေ Computer ထဲကို File တွေ ဆွဲထုတ်တာ၊Device သိမသိစစ်တာ၊Device Root ရှိမရှိစစ်
တာ၊အစရှိသဖြင့်ပေါ့ အများကြီးလုပ်လို့ရပါ
တယ်။

✯ Fastboot ✯

ဖုန်းအများစုမှာတော့ Fastboot ကို Volume Down + Power ကို နှိပ်ခေါ်ရတာများပါတယ်...သူကနေ Recovery ကို Flash တာ၊Recovery ကိုဖျက်တာ၊Boot ကို Flash တာ၊Boot ကို ဖျက်တာ၊System ကို Flash တာ၊System ကိုဖျက်တာ၊Reboot လုပ်တာတို့ အများ
ကြီးလုပ်လို့ရပါတယ်။

အဲ့ဒါအပြင် Command Line bat file တွေပါရေးလို့ရပါသေးတယ်။

Ref;
ℳ .I. Á (နည်းပညာ)
Myanmar IT & APP


Admin .Thuraaung email: ygn.myanarry@gmail.com www.htoosan.blogspot.com ထူးဆန်း ဘ​လော့သို့ လာ​ရောက်​လည်​ပတ်​ ကြ​သော သူငယ်​ချင်းများအားလုံးကို ​ကျေးဇူးတင်​ပါသည်​။

No comments:

Post a Comment