HTOOSAN

လာလည်ကြတဲ့ မိတ်ဆွေများ အားလုံး ပျော်ရွှင်ချမ်းမြေ့ ကြပါစေ

Monday, January 5, 2015

-`ပစ္စပ္ပုန် ဂိမ်း´

-`ပစ္စပ္ပုန် ဂိမ်း´

အဆုံးရှုံးများနေတဲ့ မင်းရဲ့  အတွေးစတွေကိုကျော်ပြီး
အမြဲကြေကွဲလွယ်နေတဲ့ ငါ့နှလုံးသား မီးပြတိုက်မှာ
တစ်ကျွန်းခံ ရင်ခွင်တွေ ကူရာမဲ့နေတုန်း
မင်းလာရောက်ခိုဝင် နားမယ်ဆိုရင် နားခိုလိုက်စမ်းပါ

သံသရာရထားကြီးကတော့ ခရီးအရှည်ကြီးကို
တစ်ကျုန်းကျုန်း မောင်းနှင်းနေတုန်းပဲရှိသေးတယ်
အနာစိမ်းတွေလဲ ကြေပျက်ဖို့ မလွယ်သေးဘူး
အနာဟောင်းတွေလဲ နာခိုးစရာရှာနေတုန်း
သစ်လွင်တောက်ပတဲ့ ဒဏ္ဍာဆန်တဲ့ မြို့ တော်မှာ
ဟောင်းမြည်းခြင်းကင်းတဲ့ ရသကို ဖော်ဆောင်ဖို့ 
မင်းစိတ်ကူးယဉ်ဘူးတယ်ဆိုရင် .....၊

ငါသိတယ်!
မင်းရဲ့  ခတ်စိတ်စိတ် အတွေးကိုပုံဖော်ပြီး
အချစ်နဲ့ မဆိုင်တဲ့အထ္ထုပ္ပတိမှာ မင်းရဲ့ တမ်းတဲ့တတ်တဲ့
လွမ်းခြင်းကို တဂိုးလ်ရဲ့  အစိမ်းပက်ခံကဗျာထဲမှာ
မြုတ်နှံထားလိုက်ပေါ့
ငါနှလုံးသားကတော့ ထိခိုက်နာကျင်စရာတွေနဲ့ 
သံသရာ ရထားကြီး တစ်ကျော့ပြန်
ခရီးပြန်မ၀င်နိုင်အထိတော့ ..............၊
ငါကံကြမ္မာနဲ့  ကစားရလိမ့်ဦးမယ်​....................။

ထူးဆန်း​နေ့ စဉ်​သတင်းများ ဘ​လော့ အများအကျိုးအတွက်​ ​စေတနာဖြင့်​ ကိုယ်​တိုင်​​ရေး post များအပြင်​ နည်းပညာ ညီအစ်​ကိုများ၏ နည်းပညာသတင်းများကိုပါ ဖြန့်​ဝေ​ပေး​နေခြင်းဖြစ်​ပါသည်​။ .................................................................... Admin .Thuraaung www.htoosan.blogspot.com ထူးဆန်း ဘ​လော့သို့ လာ​ရောက်​လည်​ပတ်​ကြ ​သောသူငယ်​ချင်းများအားလုံးကို ​ကျေးဇူးတင်​ပါသည်​။

No comments:

Post a Comment