HTOOSAN

လာလည်ကြတဲ့ မိတ်ဆွေများ အားလုံး ပျော်ရွှင်ချမ်းမြေ့ ကြပါစေ

Monday, January 5, 2015

လက်ပံတောင်း ကြေးနီစီမံကိန်းမှာ ယမ်းဖောက်ခွဲဖို့ ကျေးရွာတွေကို အသိပေး ______________________


လက်ပံတောင်း ကြေးနီစီမံကိန်းမှာ ယမ်းဖောက်ခွဲဖို့ ကျေးရွာတွေကို အသိပေး
____________________________________4December2015 RFA Burmese

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဇန်နဝါရီလအတွင်းမှာ ပြန်လည်လုပ်ကိုင်မှာဖြစ်တဲ့အတွက် ယမ်းဖောက်ခွဲဖို့ဆိုပြီး သတ်မှတ်ချိန်အတွင်းမှာ ရွာသားတွေကို အပြင်မထွက်ကြဖို့ ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သောင်းက မနေ့က ရွာသားတွေကို အကြောင်းကြားစာပေးပို့ခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

ယမ်းဖောက်ခွဲမှုမပြုခင် သံရှည်ဥသြဆွဲပြီး သတိပေးမယ်လို့ အဲဒီ့အကြောင်းကြားစာထဲမှာ ပါတယ်လို့ ဆည်တဲရွာသူ မနွယ်နွယ်ဝင်းက ပြောပါတယ်။

"မိုင်းခွဲမယ်ဆိုလို့ရှိရင်လည်း နေ့လယ် ၁၂ နာရီကနေပြီးတော့ ၁၂ ခွဲပေါ့၊ ညနေကျရင်လည်း ၃ နာရီကနေ ၃ နာရီခွဲ ယမ်းခွဲချိန်သူတို့ သတ်မှတ်ထားတယ်၊ အဲ့အချိန်ကျလို့ရှိရင် ဘယ်နေရာကိုမှ ဖြတ်သန်းမသွားဖို့ပေါ့၊ အဲ့လိုမျိုး သူတို့စာရွက်တွေ ပို့ပေးထားတယ်၊ သူတို့စာရွက်ထဲမှာပါတာကတော့ ယမ်းခွဲမယ်ဆိုရင် မခွဲခင် ၁၅ မိနစ်ကြိုတင်ပြီး သံရှည်ဥသြနှစ်ကြိမ်ဆွဲမယ်ဆိုတာ ပါတယ်ပေါ့နော်"

အရင်ကတော့ စီမံကိန်းလုပ်ဆောင်နေချိန် ယမ်းမခွဲခင် ၁၅ မိနစ်ကြိုတင်ပြီး ဥသြသံရှည် ၂ ကြိမ်နဲ့ ယမ်းဖောက်ခွဲခါနီး ဥသြသံရှည် ၂ ကြိမ်ဆွဲပြီး သတိပေးမယ်ဆိုပြီး ထုတ်ပြန်ချက်တွေမှာပါရှိပေမဲ့ လက်တွေ့မှာတော့ အဲဒီလိုဆောင်ရွက်တာမရှိခဲ့ဘူးလို့ ရွာသားတွေက ပြောပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအနားကျေးရွာတွေဖြစ်တဲ့ မိုးကြိုးပြင်၊ ဆည်တည်း၊ တုံ၊ ဖောင်းတကာ၊ တောင်ပလူ၊ ညောင်ပင်ကြီး၊ ရွာရှည်စတဲ့ ကျေးရွာတွေကို အခုလို သတိပေးစာ


ထူးဆန်း​နေ့ စဉ်​သတင်းများ ဘ​လော့ အများအကျိုးအတွက်​ ​စေတနာဖြင့်​ ကိုယ်​တိုင်​​ရေး post များအပြင်​ နည်းပညာ ညီအစ်​ကိုများ၏ နည်းပညာသတင်းများကိုပါ ဖြန့်​ဝေ​ပေး​နေခြင်းဖြစ်​ပါသည်​။ Admin .Thuraaung www.htoosan.blogspot.com ထူးဆန်း ဘ​လော့သို့ လာ​ရောက်​လည်​ပတ်​ကြ ​သောသူငယ်​ချင်းများအားလုံးကို ​ကျေးဇူးတင်​ပါသည်​။

No comments:

Post a Comment