HTOOSAN

လာလည်ကြတဲ့ မိတ်ဆွေများ အားလုံး ပျော်ရွှင်ချမ်းမြေ့ ကြပါစေ

Friday, February 20, 2015

HTC ဖုန်းများကို micro sdcard ဖြင့်​firmware တင်နည်း

အရင်ဆုံး tmp folder ကို ရှင်းထားပေးပါ။ ဖုန်းကတော့ s-off အနေအထားဖြစ်ရပါမယ်။ ပြီးရင်တင်မဲ့ firmware , Ruu.exe ကို run လိုက်ပါ။ပြီးရင် tmp folder ထဲသွားပါ Ruu.exe ကို မပိတ်လိုက်ပါနဲ့။ window 7 သမားတွေအတွက် C:\Users\\AppData\Local\Temp ဖြစ်ပြီး XP သမားတွေအတွက် C:\Documents and Settings\\Local Settings\Temp အတိုင်းသွားပါ။ run box ကနေ ရိုက်ထည့်လည်းရပါတယ်။ run box ကနေရိုက်ထည့်ချင်သူတွေအတွက် window key + R တွဲနှိပ်ပြီး “%temp%” ဟုရိုက်ထည့်ပြီး folder အားဖွင့်ပါ။ tmp ဖိုင်တွေထွက်လာရင် နောက်ဆုံး creat လုပ်ထားတဲ့ folder ထဲမှာ rom.zip လေးရလာပါလိမ့်မယ်။ desktop သို့မဟုတ် တစ်နေရာရာကို copy ယူထားလိုက်ပါ။ ပြီးရင် rename ပြန်ပေးပါ့မယ်။ rename ပေးဖို့အတွက် ဖုန်းရဲ့  modelid ကို သိဖို့လိုပါတယ်။ modelid သိဖို့အတွက် ဖုန်းကို fastboot mode ၀င်ပြီး “fastboot getvar all” ရိုက်လိုက်ပါ။ modelid ထွက်လာပါလိမ့်မယ်။ ဥပမာ wildfires ဆိုရင် modelid က PG76100 ပါ။ ကျွန်တော်တို့ rename ပြန်ပေးပါ့မယ်။ PG761IMG.zip ဆိုပြီး။ ပြီးရင် sdcard ကို format ရိုက်ပြီး copy ယူထည့်လိုက်ပါ။ ပြီးရင် ဖုန်းကို Hboot mode ၀င်လိုက်ပါ vol down + power နဲ့ Hboot mode ရောက်ရင် ဖုန်းက zip file ကို ဖတ်နေပါလိမ့်မယ်။ sdcard card ထဲမှာ zip ကိုရှာတွေ့ ပြီဆိုရင် install လုပ်မှာလားဆိုတဲ့ confirmation တွေပေါ်လာပါလိမ့်မယ်။ အဆင့်ဆင့် လုပ်ဆောင်ပေးသွားယုံပါပဲ။ ကျွန်တော် ကိုယ်တိုင် စမ်းသပ်ထားသော post ပါ။ စမ်းတာက screenshot ဖမ်းထားပေမဲ့ ပုံတွေပြန်ရှာမရတော့တာရယ် အခုတင်ပေးဖို့ကျတော့ photo တွေမရှိတော့လို့ မပြနိုင်တာ sorry ပါ။
Ref : http://forum.gsmhosting.com/vbb/f485/guide-how-upgrade-your-htc-android-phone-microsd-card-1604799/
အောက်က list ကတော့ model နဲ့ ပြောင်းလဲပေးရမဲ့ rename ပါ list မှာ မပါလည်း modelid ကို အပေါ်ကနည်းအတိုင်းကြည့်ပါ။
HTC Amage 4G PH85IMG.zip
HTC Aria(Liberty) LIBEIMG.zip
HTC ChaCha PH06IMG.zip
HTC Desire PB99IMG.zip
HTC Desire HD(Ace) PD98IMG.zip
HTC Desire S(Saga) PG88IMG.zip
HTC Desire V PL11IMG.zip
HTC Desire Z(Vision) PC10IMG.zip
HTC Dream(G1) DREAIMG.zip
HTC Droid2 Verizon(VivoW) PG32IMG.zip
HTC Droid DNA PL83IMG.zip
HTC Droid Eris PB00IMG.zip
HTC Espresso PB65IMG.zip / ESPRIMG.zip
HTC Evo 3D PG86IMG.zip
HTC Evo 4G PC36IMG.zip
HTC Evo Shift 4G PG06IMG.zip
HTC EvoView 4G PG41IMG.zip
HTC Explorer PJ03IMG.zip
HTC Flyer PG41IMG.zip
HTC myTouch 4G(Glacier) PD15IMG.zip
HTC Hero HEROIMG.zip
HTC Incredible HD(Mecha) PG05IMG.zip
HTC Incredible S(Vivo) PG32IMG.zip
HTC Inspire 4G PD98IMG.zip
HTC Jewel PJ75IMG.zip
HTC JetStream PG09IMG.zip
HTC Legend LEGEIMG.zip
HTC Magic(Sapphire) SAPPIMG.zip
HTC Merge(Lexicon) PD42IMG.zip
HTC Mini PB92IMG.zip
HTC One S PJ40IMG.zip
HTC One X PJ83IMG.zip
HTC One V PK76IMG.zip
HTC Paradise PC49IMG.zip
HTC Passion(Google Nexus One) PASSIMG.zip / PB99IMG.zip
HTC Radar PI06IMG.zip
HTC Rezound PH98IMG.zip
HTC Rhyme PI46IMG.zip
HTC Salsa PH11IMG.zip
HTC Sensation PG58IMG.zip
HTC SensationXL PI39IMG.zip
HTC Surround PD26IMG.zip
HTC Tatoo(Click) CLICIMG.zip
HTC Vivid 4G PH39IMG.zip
HTC Wildfire PC49IMG.zip
HTC Wildfire ADR6225 PD06IMG.zip
HTC Wildfire S PG76IMG.zip

credit Hein Maung



Admin .thuraaung (kyaiklatt) ထူးဆန်းဘ​လော့ကို အား​ပေးကြ​သော သူငယ်​ချင်းများအား ​ကျေးဇူးအထူးတင်​ရှိပါသည်​။

ဗုဒ္ဓ၏ အဆုံးအမတော်များ

20.2.2015
Friday

ပစ္စုပ္ပန်ကို တန်ဖိုးထား အသုံးချတတ်ပါစေ
လွန်လေပြီးသော အတိတ်ကိုလည်း တ သက်သက်တွေးပြီး လွမ်းဆွေးမနေ ရာ။ မရောက်သေးသည့် အနာဂတ်ကိုလည်း တတောင့်တတ ဖြစ် မနေရာ။ အဘယ်ကြောင့်ဆိုသော် အ တိတ်သည် ချုပ်ပျောက်ခဲ့ပြီးဖြစ်၍ အနာဂတ်မှာလည်း မဖြစ်သေးသော ကြောင့် ဖြစ်သည်။
ဥပရိပဏ္ဏာသပါဠိတော်၊
ဘဒ္ဒေကရတ္တာသုတ်
(ဗုဒ္ဓ၏ သြဝါဒအမြုတေ၊
ဒဂုန်ဦးထွန်းမြင့်၊ စာ-၂၂၅)
''သင်နှင့် ကျွန်ုပ်တို့ သည် ယခုအခါ ဘယ် နေရာ၌ တည်နေကြ ပါသလဲ။ ရှည်လျား လှသော သံသရာ ကာလကြီး၏ အ လယ်တွင် တည်နေ သည်ဟု ဆိုနိုင်ပေ သည်။ အဓွန့်ရှည်ကြာ သော အတိတ်ကာလ လဟာ ပြင်ကျယ်နှင့် အဆုံးအစမရှိ သော အနာဂတ်ကာလ အဏ္ဏဝါ ဘွေကြီးနှစ်ခုစပ်ကြား၌ ရှိသော ကျဉ်းမြောင်းလှသည့် ပစ္စုပ္ပန်ကာလ ကလေးတွင် တည်နေကြလေသည်။ ထိုသို့ တည်နေရာမှ တစ်ဖက်သော အတိတ်ကာလ လဟာ ပြင်ကျယ်ကြီးဘက်သို့ လှမ်းလိုက်ပါမူ စိတ်ရောကိုယ် ပါ ဒုက္ခရောက်၍ အကျိုးကင်းမဲ့ချေမည်။ အနာ ဂတ်အဏ္ဏဝါကြီးထဲသို့ ခြေစုံပစ်၍ ကူး လျှင်လည်း စုံးစုံးမြုပ်တော့မည့်ဧကန် ပင်တည်း။ သို့ဖြစ်သောကြောင့် ကျွန်ုပ် တို့နှင့် သက်ဆိုင်သော ပစ္စုပ္ပန်ကာလ ကလေးတွင် ခိုင်ခိုင်မာမာ ရပ်တည်နေ ကြရန် သင့်လှပေသည်''
ကမ္ဘာကျော်စာရေးဆရာကြီး ''ဒေးကာနေ ဂျီ''၏ အထက်ပါရေးသားချက်ကို ထူးထူးလည်လည် နှစ်သက်သဘောကျမိပါသည်။ အချိန်ဟူသော ကာလ ယန္တရားကြီးသည် ရပ်နားနေသည် မရှိမူလျက် အစဉ် ခရီးနှင်လျက် တရွေ့ရွေ့ ကုန်ဆုံးဖြတ်သန်းလျက်ရှိရာ ယင်းကိုပင် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဟူ၍ ပညတ် တင် သုံးနှုန်းခဲ့ကြပါ၏။ ထိုကာလသုံးတန်တွင် 'အတိတ်' ဟူသည် ကုန်လွန်ခဲ့ပြီ၊ ကျန်ရစ်ခဲ့ပြီ၊ ကျော်ဖြတ်ခဲ့ပြီ။ အတိတ်၊ ပစ္စုပ္ပန်အနာဂတ်ဟူသည် ဆက်စပ်နေသော ကာလသုံးတန် ဖြစ်လင့်ကစားအတိတ်ကို တစ်ကျော့ တစ်ဖန်ပြန်၍ မရတော့။ အသစ်တစ်ဖန် ပြန်မဖြစ်တော့။

လူ့ဘဝခရီးကို ကာလရှည်ကြာ နှစ်ပရိစ္ဆေဒ များစွာ ဖြတ်သန်းခဲ့သူများ၌ ရှည်လျားသောအတိတ် များရှိခဲ့ကြပေသည်။ ထိုရှည်ကြာသော အတိတ်ကာလ ၌ အကောင်းအဆိုးရြော>ွပမ်းသော ဖြစ်ရပ်ပေါင်းစုံ ဖွဲ့ စည်းဖြစ်တည်ခဲ့ပေလိမ့်မည်။ ဝမ်းနည်းဝမ်းသာခံစားမှု မျိုးစုံ ပွင့်အန်ပေါက်ကွဲခဲ့ပေလိမ့်မည်။ ကောင်းဆိုးနှစ် တန် လောကဓံတရားမျိုးစုံတို့ ဖြစ်ပွားပေါ်ပေါက်ခဲ့ပေ လိမ့်မည်။ အတိတ်ကာလတွင် ကြည်နူးပျော်ရွှင်ဖွယ်တို့ ရှိခဲ့သလို ဝမ်းနည်းပူဆွေးစရာတွေနှင့်လည်း ကြုံဆုံခဲ့ ဖူးပေလိမ့်မည်။
တချို့သူတို့သည် အတိတ်ကို ပြန်ပြောင်း၍ သတိရနေလေ့ရှိသည်။
အတိတ်မြေပုံဟောင်းကို ကြိမ် ဖန်များစွာ ပြန်လည်တူးဆွဖော်ထုတ်ချင်သည်။ ရွှေထီး ဆောင်းခဲ့သော အတိတ်ကာလများကို တမ်းတရင်း လွမ်း လွမ်းဆွေးဆွေး ဖြစ်တတ်ကြသည်။ မိမိထက်ဦးစွာ ဆောလျင်၍ လူ့လောကမှထွက်ခွာသွားသော မိသားစု ဝင်၊ ဆွေမျိုးသားချင်း၊ ငယ်ပေါင်းရောင်းရင်းများကို မှတ်မှတ်ထင်ထင်၊ ဆွေးဆွေးမြည့်မြည့် သတိရနေလေ့ ရှိပါသည်။ အတိတ်ကာလက ဝမ်းနည်းဖွယ်ရာများကို ပြန်လည်ပုံဖော်ပြီး လွမ်းမောခြင်း၊ ယူကျုံးမရခြင်းတို့ ကို ခံစားလေ့ရှိသည်။ ဝေဒနာဟောင်းများကို ပြန်လည် အသက်သွင်းကာ ဝေဒနာအသစ်ပြုလုပ်ခြင်းသည် ဥာဏ် အမြော်အမြင် နည်းပါးခြင်းသာဖြစ်ပါ၏။ အကျိုးစီးပွား မဲ့မှုကိုသာ ပေးပါလိမ့်မည်။
တစ်ခါက စဂင်နောမြို့ငယ်တွင်နေသော မု ဆိုးမကြီး မစ္စစ်ရှီးလ်ဒ်သည် ယောက်ျားဖြစ်သူတိမ်းပါး သွားပြီးနောက် စားဝတ်နေရေး ကျပ်တည်းလွန်းသော ကြောင့် သူ့ကိုယ်သူ သတ်သေရန်ပင် ကြံစည်ခဲ့သည်။ တစ်နေ့၌ မဂ္ဂဇင်းတစ်စောင်တွင်ပါရှိသော ''လူလိမ္မာ တို့အဖို့ နေ့တိုင်းသည် ဘဝသစ်ဖြစ်သည်''ဟူသောဝါကျ ကိုဖတ်မိရာမှ သူမည်သို့ပြောင်းလဲသွားကြောင်း မုဆိုးမ ကြီးမစ္စစ်ရှီလ်ဒ်က ဤသို့ဖွင့်ဟပြောကြားခဲ့သည်။

''အဲဒီနေ့ကစပြီး ကျွန်မအရင်က ဖြစ်ခဲ့တာတွေလဲ မစဉ်းစားတော့ဘူး။ နောက်ဘာဖြစ်မယ်ဆိုတာကို လဲ တွေးပြီးမပူတော့ဘူး။ မနက်တိုင်း ငါဒီနေ့ ဘဝ သစ်ရောက်ပြီလို့ အသိတရားပွားများတော့တာပဲ။ အဲဒီနေ့ကတည်းက ကျွန်မဟာ ဘဝကိုမုန်းတဲ့စိတ် ပျောက်သွားပြီး ပျော်ပျော်ရွှင်ရွှင် အလုပ်ကိုသာ အာရုံပြုပြီး လုပ်တော့တာပါပဲ''
'အတိတ်'ကို သမင်လည်ပြန် ကြိမ်ဖန်များ စွာ လှည့်ကြည့်လွန်းလျှင် တွေးတောငေးမောမှုများစွာ တွင် နစ်ဝင်လွန်းလျှင် ပစ္စုပ္ပန်တွင် ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်သည်များကို သတိလက်လွတ် ဖြစ် တတ်ပါ၏။ မေ့မေ့လျော့လျော့ ဖြစ်တတ်ပါ၏။
'အတိတ်'ဆီသို့ ခရီးနှင်ခြင်းကြောင့် ပစ္စုပ္ပန်တွင် ဖော်ဆောင်ရရှိမည့် အကျိုးကျေး ဇူးများကို လက်လွှတ်ဆုံးရှုံးရတတ်ပါ၏။ ထို့ကြောင့် အတိတ်လွမ်းချင်းအကြား တွင် မျောနစ်မနေသင့်။ အတိတ်ဟူသည် 'မပိုင်တော့သော တံခါးချပ်'ကို ပြန်ဖွင့် ရန် အားထုတ်မှုမပြုသင့်။ အတိတ်ကို အတိတ်မှာပင် ယတိပြတ်ထားခဲ့၊ ချန်ခဲ့၊ စွန့်လွှတ်ခဲ့သင့်ပါ၏။
ကာလသုံးတန်တွင် အနာဂတ်ဟူသည် ရောက်မလာသေးသော အချိန် ဖြစ်ပါ၏။ မိမိ၏လက်ဝယ် မရောက်သေးသော အချိန်ဖြစ်ပါ၏။ မျက်မှောက်ထင် ထင် မရှိသေးသောအချိန်ဖြစ်ပါ၏။ အတိတ်ဟူသည် 'မပိုင်တော့သော တံခါး ချပ်'ဖြစ်လျှင် အနာဂတ်သည် 'မဆိုင်သေးသော တံခါးချပ်'ဟု ဆိုနိုင်ပါ၏။

တချို့သူတို့သည် ရောက်မလာသေးသော မိမိတို့၏အနာဂတ်ကို ကြိုတင် စိတ်စော စိတ်မောနေတတ်သည်။ အမျိုးမျိုးတွေးတောပူပန်နေတတ်သည်။ မသေ ချာ၊ မရေရာသောအနာဂတ်အတွက် ကြောင့်ကြနေတတ်သည်။ သူတို့၏ အနာ ဂတ်ဘဝ ရုပ်ပုံလွှာကို ကြိုတင်သိလိုဇောဖြင့် ဗေဒင်ဆရာ၊ ဘိုးတော်၊ နတ်ကတော် တို့ထံ ချဉ်းကပ်မေးမြန်းတတ်ကြ၏။
အမှန်တော့ ကြိုတင်မြင်နိုင်စွမ်းမရှိ သေးသော၊ မသေချာ၊ မရေရာသေးသော အနာဂတ်ကာလကို ကြိုတင်ပူပန်ကြောင့်ကြနေ ခြင်းသည် စိတ်ပိုင်းဆိုင်ရာ အားနည်းခြင်း၏သွင်ပြင်လက္ခဏာ ဖြစ်ပါ၏။ အမှန်စင် စစ် အနာဂတ်ကာလကို မျှော်ခေါ်ကြောင့်ကြပြီး ဗေဒင်မေးနေခြင်းထက် ပစ္စုပ္ပန် တိုင်း၊ ပစ္စုပ္ပန်တိုင်းကို အလေးအနက်တန်ဖိုးထားပြီး ကံကောင်းများကို ထူထောင် နေခြင်းက လက်တွေ့လည်းကျပြီး သာယာလှပသော အနာဂတ်ကို ဖြစ်ထွန်းစေပါ လိမ့်မည်။ ပစ္စုပ္ပန်တိုင်း၊ ပစ္စုပ္ပန်တိုင်းတွင် အချိန်ကို တန်ဖိုးရှိရှိ အသုံးချနေခြင်းသည် ပင်လျှင် အနာဂတ်ကာလအတွက် အကောင်းဆုံးကြိုတင်ပြင်ဆင်မှု ဖြစ်ပါ၏။
အမှန်တော့ ကုန်ဆုံးသွားခဲ့သော အတိတ်ကို မိမိမပိုင်တော့။ မရောက် သေးသော အနာဂတ်ဟူသည်ကိုလည်း မိမိမပိုင်ဆိုင်သေး။ မိမိ တကယ်တမ်း ပိုင်ဆိုင်သည်မှာ 'ယနေ့'ဟူသော ပစ္စုပ္ပန်သာဖြစ်လေရာ ယနေ့တိုင်း၊ ယနေ့တိုင်း ကို အကျိုးရှိရှိ ထိထိမိမိ အသုံးချနေထိုင်သွားရန်သာ လိုပါသည်။ အိန္ဒိယစာရေး ဆရာ 'ရှာရီဗားခန့်လားလ်ကေ'က
''အတိတ်က ပူဆွေးမှုသညာတွေထဲမှာ မင်းနေ နေရင် မင်းဟာ ဘဝကိုနေနေတာမဟုတ်ဘူး။ လက်ကလေးပိုက်ပြီး အနာဂတ် အတွက် ပျင်းပျင်းရိရိအိပ်မက်မက်နေရင် မင်းဟာ ဘဝကိုနေနေတာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းဟာ သတိရှိရှိနဲ့ပစ္စုပ္ပန်မှာထိုင်နေတာဆိုရင် မင်းဟာ ဘဝကိုနေနေ တာဖြစ်တယ်''ဟု 'ဘဝဆိုတာ နေပျော်စရာ'စာအုပ်မှာ ရေးသားခဲ့ပါသည်။

စင်စစ် ဘဝဟူသည် နှစ်ကာလများစွာတို့ဖြင့် ရက်လုပ်ထားသောအရာ ဖြစ်ပါသည်။ ထိုနှစ်ကာလများစွာကို 'ယနေ့'ဆိုသော ပစ္စုပ္ပန်အချိန်ကလေးများ ဖြင့်သာ ချိတ်ဆက်သွားခြင်း ဖြစ်ပါသည်။ တစ်နေ့ချင်း တစ်နေ့ချင်း ကုန်လွန် ဖြတ်သန်းပြီးမှ နှစ်ကာလတို့ဖြစ်တည်လာခြင်းဖြစ်ပါ၏။ လူတို့၏ဘဝသည် နှစ် ပရိစ္ဆေဒရှည်ကြာစွာ ဖြတ်တည်နေသော်လည်း တစ်နေ့ချင်း တစ်နေ့ချင်းသာ ဘဝ၌ နေထိုင်သွားရခြင်းဖြစ်ပါသည်။ တစ်နေ့ချင်းပြုသော ကံသုံးပါးကသာ ဘဝ ရုပ်ပုံလွှာကို အကောင်းအဆိုး ပုံဖော်ဖန်တီးသွားခြင်းဖြစ်ပါ၏။
ကမ္ဘာကျော်ဆရာဝန်ကြီး ''ဆာဝီလျံအော့စလား''ကလည်း အတိတ်နဲ့ အနာဂတ်ကို တံခါးပိတ်ပြီး ပစ္စုပ္ပန်တည်တည့် နေထိုင်သွားသင့်ကြောင်း ဤသို့ ပြောခဲ့ပါသည်။
''သေကျေပျက်စီး ရွေ့လျားသွားတယ်ဆိုတာ လူတိုင်းသိနေတဲ့ မနေ့... မနေ့ကပေါင်းများစွာတို့ရယ်၊ မပေါ်လာသေးဘူး၊ မမွေးဖွားသေးဘူးဆိုတာ လူ တိုင်းသိနေတဲ့ မနက်ဖြန်၊ မနက်ဖြန်ပေါင်းများစွာတို့ရယ်၊ အဲဒါတွေဟာ မောင်တို့၊ ကျုပ်တို့နဲ့ မဆိုင်ဘူး။ ပြီးတာလဲ ပြီးပါပြီ။ မပြီးပါနဲ့လို့ မတားနိုင်ဘူး။ မဖြစ် သေးတာကိုလဲ ဘာဖြစ်မှန်းမသိသေးတော့ ဘယ့်နှယ်လုပ်ပြီး စိတ်မောနေဖို့လိုမလဲ။
အဲဒီတော့ ကျုပ်တို့မှာ ကိုယ်ပိုင်ပစ္စည်းအဖြစ်နဲ့ ဘာပဲကျန်ခဲ့သလဲ။ အဲဒါ တော့ တခြားမဟုတ်ပါဘူး။ သည်နေ့၊ ယနေ့၊ ယခုဆိုတာပဲပေါ့။ လူတွေနဲ့အသက် ဆိုင်ဆုံးက မျက်မှောက်ပစ္စက္ခပါပဲ။ နောင်ရေးကိုတွေးပြီးပူနေတဲ့သူဟာ အအိပ် ပျက်၊ အစားပျက်နဲ့ အားအင်လျော့ပါးပြီး အလကားသက်သက် ဒုက္ခရောက်ရ တယ်။ ပြီးခဲ့တဲ့အတိတ်ကာလအဖြစ်အပျက်ကို ပြန်ပြီးတွေးတော တမ်းတလွမ်းဆွတ် နေရင် ဘယ်မှာအကျိုးထူးဦးမှာလဲ။ ဒါကြောင့် အတိတ်နဲ့ အနာဂတ်တို့ကို အသာ ကလေးတံခါးပိတ်ပြီး တစ်ဘဝမှာ တစ်နေ့တာကလေး အကန့်လိုက်လုပ်ပြီး နေကြ စမ်းပါလို့ ဆရာတိုက်တွန်းချင်ပါတယ်''
ကျေးဇူးရှင် စွန်းလွန်းဆရာတော်ကြီးကလည်း ကာလသုံးတန်နှင့်စပ် လျဉ်း၍ ဤသို့ဆုံးမတော်မူခဲ့ပါ၏။ ''အတိတ်ကိုလည်း မပြန်နဲ့။ အနာဂတ်ကို လည်း မကြံနဲ့။ ပစ္စုပ္ပန်တည့်တည့်ထား။ အတိတ်ပြန်တော့ ဒေါသဖြစ်တယ်။ အနာ ဂတ်ကြံတော့ လောဘဖြစ်တယ်။ ဒါကြောင့် ပစ္စုပ္ပန်ကာလသည်သာ အရေးကြီး တာ။ ဝိပဿနာလုပ်တဲ့အခါမှာလဲ ပစ္စုပ္ပန်ရောက်တဲ့အချိန်သာ ရောင့်ရဲတင်းတိမ် မယ်ဆိုရင် အမှန်ချမ်းသာတယ်''
နံနက် အိပ်ယာမှ နိုးထသည်နှင့် ''ငါဟာ ကံကောင်းထောက်မလို့ အသက်ရှင်နေရတာကိုက ဝမ်းသာစရာပဲ။ ဒီနေ့မှာ ကောင်းတာတွေ ကြံစည် တွေးတောမယ်။ ကောင်းတာတွေပြောမယ်။ ကောင်းတာတွေ လုပ်ကိုင်ဆောင်ရွက် မယ်။ အကုသိုလ်မှုတွေ လုံးဝမပြုလုပ်ဘဲ တတ်နိုင်သမျှ ကုသိုလ်ကောင်းမှုပြု မယ်'' ဟု နှလုံးသွင်းလျက် နေ့တိုင်းနေ့တိုင်းတွင် ကံကောင်းများကို ထူထောင်သွားရ မည် ဖြစ်ပါသည်။
နေ့စဉ်ပြုသောကံကောင်းများက တဖြည်းဖြည်းချင်း ငြိမ်းအေး ချမ်းမြေ့သော ဘဝကောင်း၊ ဘဝမွန်တစ်ခုကို ပုံဖော်ထုဆစ်သွားပါလိမ့်မည်။

Credit :TheFlowerNews
Yangon Media Group
Admin .thuraaung



Admin .thuraaung (kyaiklatt) ထူးဆန်းဘ​လော့ကို အား​ပေးကြ​သော သူငယ်​ချင်းများအား ​ကျေးဇူးအထူးတင်​ရှိပါသည်​။

နာကျင်​ကိုက်​ခဲတာ​တွေ သက်​သာ​စေနိုင်​မဲ့ မီးဖိုချောင်သုံးပစ္စည်းများ

ဗိုက်နာ၊ ဗိုက်အောင့်၊ သွားနာ၊ ခါးနာ၊ အဆစ်အမြစ်နာစတဲ့ ကိုက်ခဲနာကျင်မှုတွေကို လူတိုင်းလိုလို ခံစားဖူးကြပြီး အိမ်မီးဖိုချောင်ထဲက ဘယ်ပစ္စည်းတွေက ဆေးဖက်ဝင်နေလဲဆိုတာ သိထားရအောင် မျှဝေချင်ပါတယ်။

သွားနာ၊ သွားကိုက်ပြီဆိုရင် လေးညှင်းပွင့်ကအကောင်းဆုံးပါ ပဲ။ လေးညှင်းပွင့်ကို ၀ါးစားတာ ဖြစ်ဖြစ်၊ သွားကို တို့ပေးတာပဲဖြစ် ဖြစ် ပြုလုပ်ပေးရင် သွားနာသွားကိုက်တင်မက သွားဖုံးရောင်တာပါ သက်သာစေပါတယ်။ ဒူး၊ ပခုံး၊တင်ပဆုံ အဆစ်အမြစ်နာကျင် တာတွေကိုတော့ နနွင်းက ကုပေးနိုင်ပါတယ်။ နနွင်းမှုန့်လက်ဖက်ရည် ဇွန်းတစ်ဇွန်းကို ပျားရည်အနည်းငယ်၊ နွားနို့တစ်ဖန်ခွက်နဲ့ရောပြီး တစ်နေ့နှစ်ကြိမ်သောက် ရင် သက်သာစေပါတယ်။

  နားကိုက်ပြီဆိုရင်လည်း သံလွင်ဆီကို ကြက်သီးနွေး အပူပေးပြီး နားထဲခတ်ပေးနိုင်သလို ခေါင်းကိုက်တာကိုလည်း  ပက်ပါမင့်ဆီနဲ့ နားထင်ကိုလိမ်းပြီး နှိပ်နယ်ကာ ပူရှိန်းလက်ဖက်ရည်ကြမ်းကို ပျားရည်လေးခတ်ပြီး သောက်နိုင်ပါတယ်။

အမျိုးသမီးတွေ ရာသီလာ စဉ်နာကျင်ကိုက်ခဲရင်လည်း စမုန်နက်စေ့ လက်ဖက်ရည်တစ်ဇွန်းစာကို ရေနွေးဆူဆူထဲမှာ ငါးမိနစ် လောက်စိမ်ထားပြီး အရည်စစ်ကာ ပျားရည်နည်းနည်းထည့်ပြီး သောက်နိုင်ပါတယ်။ ဒါမှမဟုတ်  စမုန်နက်စေ့လှော်ကို ၀ါးစားရင်လည်း သက်သာတယ်လို့ ဆိုပါတယ်။ ကြွက်သားတွေ နာကျင်တာအတွက်ကတော့ ချင်းက ကူညီပေးနိုင်ပါတယ်။ ရောင်ရမ်းတာတွေ သက်သာစေသလို သွေးလည်ပတ်မှုလည်း ကောင်းစေပါတယ်။ ချင်းလက်ဖက်ရည်နေ့စဉ် သောက်နိုင်သလို     ချင်းအနည်းငယ်ကို ရေနွေးနဲ့ ပြုတ်  အရည်စစ်ပြီး ပျားရည်နဲ့ ရောကာ သောက် နိုင်ပါတယ်။ ချင်းဆီကိုလည်း ကြွက်သားနာတဲ့နေရာကို လိမ်းပြီး ညင်သာစွာနှိပ်နယ်ပေးရပါမယ်။

ခြေချောင်း၊ ခြေဖနောင့်၊ ခြေချင်းဝတ်၊ ခြေထောက်အဆစ်နာကျင်တာတွေအတွက်ဆို ဆားက အသင့်လျော်ဆုံးပါပဲ။ ရေနွေးနွေး တစ်ဇလုံကို ဆားအနည်းငယ် ထည့်ပြီး ၁၅ မိနစ်လောက်စိမ်ပေး နိုင်ပါတယ်။ ပိုပြီး အာနိသင်ရှိချင်ရင်တော့ ရိုးရိုးဆားအစား ဆားခါးကို သုံးသင့်ပါ
Ref & Credit : http://7daydaily.com/story/32106#.VOckd5TBBQ4



Admin .thuraaung (kyaiklatt) ထူးဆန်းဘ​လော့ကို အား​ပေးကြ​သော သူငယ်​ချင်းများအား ​ကျေးဇူးအထူးတင်​ရှိပါသည်​။

သင့်​ android ဖုန်းကို မြန်ဆန်အောင် ထိန်းသိမ်းနည်း ၁၀ နည်း

လက်ရှိအချိန်မှာတော့ Android Device တွေဟာဆိုရင် အရေအတွက်အားဖြင့် အလွန်ကို မြင့်တက်လာတဲ့ အနေအထားမှာရှိနေပါတယ်။တန်ဖိုးအားဖြင့်လည်းသင့်တင့်လာပြီးရွေးချယ်စရာ Brand အမျိုးအစားများပြား လာခြင်းဟာလည်း Android ရဲ့ အားသာချက်ပဲဖြစ်ပါတယ်။ Android Device အသုံးပြုသူများအနေနဲ့ မိမိအသုံးပြုထားတဲ့ Android Version နဲ့မကိုက်ညီတဲ့အခါမှာဖြစ်စေ၊ Hardware ရဲ့အားနည်းချက်ကြောင့် Application တွေကို အသုံးပြုရာမှာ လေးလံမှုတွေရှိလာနိုင်ပါတယ်။ ဒီလိုလေးလံနှေးကွေးမှုတွေ အတွက်တော့မဟုတ်ပေမယ့် မိမိရဲ့ Android Device မြန်မြန်ဆန်ဆန်လေး အသုံးပြုချင်တယ် ဆိုရင်တော့ အောက်ပါ အချက် ဆယ်ချက်ကိုလုပ်ဆောင်ကြည့်ခြင်းအားဖြင့် လုပ်ဆောင်ချက်တွေကို မြန်မြန် ဆန်ဆန်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
 
1. Hardware နှင့် Version မမျှတခြင်းမဖြစ်စေရန် စစ်ဆေးပါ။
Android ရဲ့ ICS Version ကိုအသုံးပြုချင်ပေမယ့် မိမိရဲ့ Hardware အကြောင်းကိုနားလည်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ Hardware နဲ့ကိုက်ညီမှုမရှိဘူးဆိုရင် Version Upgrade ပြုလုပ်ခြင်း ကို ရှောင် ကြဉ်ရမှာဖြစ်ပါတယ်။ Hardware ကိုက်ညီမှုရှိမရှိသိချင်တယ်ဆိုရင်တော့ Android Forum တွေမှာ ၀င်ရောက်ဆွေးနွေးနိုင်မှာဖြစ်သလို၊ နားလည်တတ်ကျွမ်းသူများနဲ့လည်းတိုင်ပင်နိုင်မှာဖြစ်ပါတယ်။

2.Launcher ကို စနစ်တကျအသုံးပြုပါ။
တချို့သော Android Device တွေမှာဆိုရင် Launcher တစ်ခုထက်မကအသုံးပြုတာကိုတွေ့ရပြီး၊ တစ်ချို့သော Launcher များဟာလည်းလုပ်ဆောင်မှုကို ပိုမိုလေးလံစေပါတယ်။ တစ်ခါတစ်ရံမှာဆိုရင် Launcher Error ဖြစ်ပေါ်တတ်ပြီး အဆိုပါ Error အရ Reset ပြုလုပ်ရခြင်းမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့်မို့ မိမိနဲ့ သင့်တော်နိုင်မယ့် Launcher အမျိုးအစားတစ်ခုထဲကိုသာ သတ်မှတ်အသုံးပြုသင့်ပါတယ်။

3.Home Screen ကို စနစ်တကျပြင်ဆင်ထားပါ။
Android Device တစ်ခုမှာ အရင်ဆုံးထိတွေ့ရတာ Home Screen ပဲဖြစ်ပါတယ်။ လုပ်ဆောင်ချက်တွေ ကိုလည်း Home Screen ပေါ်မှာ ပြင်ဆင်ထားနိုင်ပြီး၊ အလွန်များပြားတဲ့ ထည့်သွင်းမှုမျိုးကတော့ လုပ်ဆောင်ချက်တိုင်းရဲ့ အချိန်ကိုပိုမိုကုန်စေနိုင်မှာဖြစ်ပါတယ်။ Wi-fi,Bluetooth,GPS,Lights တို့ပါဝင်တဲ့ Widgets လိုမျိုးထည့်သွင်းထားမယ်ဆိုရင်တော့ လုပ်ဆောင်ချက်တွေကို ပိုမိုမြန်ဆန်စေမှာဖြစ်ပါတယ်။

4. Favourite App များကို Home Screen တွင်ထားပါ။
အထက်မှာဆိုခဲ့သလိုပဲ Home Screen ဟာဆိုရင် Android Device တစ်ခုရဲ့ပင်မလုပ်ဆောင်မှုနေရာ တစ်ခုဖြစ်ပါတယ်။ မိမိရဲ့အသုံးပြုမှုများတဲ့ Favourite App တွေကို Home Screen ပေါ်မှာထားရှိခြင်း အားဖြင့် လုပ်ဆောင်ချက်တွေကို ပိုမိုမြန်ဆန်လာစေနိုင်မှာဖြစ်ပါတယ်။ App တွေကို Page တစ်ခု အတွင်းမှာ စုစည်းထားရှိပြီး အသုံးပြုမယ်ဆိုရင် ပိုမိုအဆင်ပြေစေနိုင်မှာဖြစ်ပါတယ်။

5.Animation လုပ်ဆောင်ချက်ကိုပိတ်ထားပါ။
Animation လုပ်ဆောင်ချက်ကို Display Setting မှတစ်ဆင့်ပိတ်ထားမယ်ဆိုရင် ပိုမိုမြန်ဆန်တဲ့ Android Device တစ်ခုကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Animation တွေဟာ System ပိုင်းလုပ်ဆောင်ချက်တွေကို ထိခိုက်မှုရှိလာနိုင်တဲ့အတွက် ပိတ်ထားဖို့လိုအပ်မှာဖြစ်ပါတယ်။ Animation ကိုပိတ်မယ်ဆိုရင်တော့ Setting>Display>Animation ထဲက No Animation ကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်။

6.Browser မှ Plugin တွေကိုပိတ်ထားပါ။
Android Device တစ်ခုဟာဆိုရင်လက်ရှိအချိန်မှာတော့ အင်တာနက်အသုံးပြုနိုင်ဖို့ အားထားရာ တစ်ခုဖြစ်လာပြီဖြစ်ပါတယ်။ Web browser တွေရဲ့ Plugins တွေဟာဆိုရင်လုပ်ဆောင်ချက်ပိုင်းကို ထိခိုက်နိုင်တဲ့အတွက်ကြောင့် အသုံးမလိုချိန်မှာ ပိတ်ထားသင့်ပါတယ်။ Browser Plug-ins တွေကိုပိ တ်ထားချင်တယ်ဆိုရင်တော့ Browser>Setting>Enable Plug-ins ထဲက Off ကို ရွေးချယ်ပေး ရမှာဖြစ်ပါတယ်။

7.သာမန် Wall paper များကိုသာ ဦးစားပေးအသုံးပြုပါ
Android Device တွေရဲ့ စွမ်းဆောင်ရည်တွေဟာ တစ်လုံးနဲ့တစ်လုံး မတူညီကြပေမယ့် သာမန် Wall Paper ကို အဓိကထားအသုံးပြုခြင်းဟာ စက်အတွက်များစွာသက်သာစေနိုင်မှာဖြစ်ပါတယ်။ Live Wall Paper တွေဟာဆိုရင် လုပ်ဆောင်ချက်တွေကိုနှေးကွေးစေနိုင်မှာဖြစ်လို့ အသုံးပြုရာမှာ အခက်အခဲ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သာမန် Wall Paper တွေကိုသာအသုံးပြုသင့်ပါတယ်။

8.အသုံးမပြုသော App များကို ဖျက်ပစ်ပါ
Android Device တစ်ခုအတွင်းမှာ အသုံးမပြုတော့တဲ့ App တွေကို ဖျက်ပစ်သင့်ပါတယ်။မလိုလားအပ်တဲ့ Space တွေ ကုန်ဆုံးစေနိုင်မှာဖြစ်သလို၊ Background Process အနေနဲ့ Run နေမယ်ဆိုရင် လုပ်ဆောင်ချက်ပိုင်းကို များစွာထိခိုက်စေနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အသုံးမပြုတော့တဲ့ App တွေကို ဖျက်ပစ်ရမှာဖြစ်ပါတယ်။

9.App End အတွက် Task Killer အသုံးပြုပါ
Task Killer ဟာဆိုရင် Android ပေါ်မှာ Background Process တွေကိုပိတ်ချင်တဲ့အခါမျိုးမှာ အသုံးပြုနိုင် မှာဖြစ်ပါတယ်။ မလိုလားအပ်တဲ့ App တွေကြောင့် စက်လေးလံမှုကိုဖြစ်စေနိုင်ပြီး၊ Task Killer လိုမျိုး App တွေဟာ Android Device တွေကို အမြန်ဆန်ဆုံးအနေအထားနဲ့ အသုံးပြုနိုင်အောင် ကူညီပေး မှာဖြစ်ပါတယ်။

10.Wi-fi, Bluetooth တို့ကို အသုံးပြုချိန်တွင်သာ ဖွင့်ထားပါ
Wi-fi, Bluetooth တို့ကိုအသုံးမပြုချိန်မှာ ပိတ်ထားမယ်ဆိုရင် Battery Life Time ပိုမိုကြာမြင့်စေနိုင် မှာဖြစ်သလို၊ အခြားသော လုပ်ဆောင်ချက်ပိုင်းဆိုင်ရာကို အနှောင့်အယှက်ပေးနိုင်မှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် Home Screen ပေါ်မှာ Widget တစ်ခုဖန်တီးထားပြီး အလွယ်တကူ အဖွင့်အပိတ်ပြုလုပ်နိုင်ဖို့ ဖန်တီးပေးထားသင့်ပါတယ်။

Credit : Original Author



Admin .thuraaung (kyaiklatt) ထူးဆန်းဘ​လော့ကို အား​ပေးကြ​သော သူငယ်​ချင်းများအား ​ကျေးဇူးအထူးတင်​ရှိပါသည်​။

နာကျင်​ကိုက်​ခဲတာ​တွေ သက်​သာ​စေနိုင်​မဲ့ မီးဖိုချောင်သုံးပစ္စည်းများ

ဗိုက်နာ၊ ဗိုက်အောင့်၊ သွားနာ၊ ခါးနာ၊ အဆစ်အမြစ်နာစတဲ့ ကိုက်ခဲနာကျင်မှုတွေကို လူတိုင်းလိုလို ခံစားဖူးကြပြီး အိမ်မီးဖိုချောင်ထဲက ဘယ်ပစ္စည်းတွေက ဆေးဖက်ဝင်နေလဲဆိုတာ သိထားရအောင် မျှဝေချင်ပါတယ်။

သွားနာ၊ သွားကိုက်ပြီဆိုရင် လေးညှင်းပွင့်ကအကောင်းဆုံးပါ ပဲ။ လေးညှင်းပွင့်ကို ၀ါးစားတာ ဖြစ်ဖြစ်၊ သွားကို တို့ပေးတာပဲဖြစ် ဖြစ် ပြုလုပ်ပေးရင် သွားနာသွားကိုက်တင်မက သွားဖုံးရောင်တာပါ သက်သာစေပါတယ်။ ဒူး၊ ပခုံး၊တင်ပဆုံ အဆစ်အမြစ်နာကျင် တာတွေကိုတော့ နနွင်းက ကုပေးနိုင်ပါတယ်။ နနွင်းမှုန့်လက်ဖက်ရည် ဇွန်းတစ်ဇွန်းကို ပျားရည်အနည်းငယ်၊ နွားနို့တစ်ဖန်ခွက်နဲ့ရောပြီး တစ်နေ့နှစ်ကြိမ်သောက် ရင် သက်သာစေပါတယ်။

  နားကိုက်ပြီဆိုရင်လည်း သံလွင်ဆီကို ကြက်သီးနွေး အပူပေးပြီး နားထဲခတ်ပေးနိုင်သလို ခေါင်းကိုက်တာကိုလည်း  ပက်ပါမင့်ဆီနဲ့ နားထင်ကိုလိမ်းပြီး နှိပ်နယ်ကာ ပူရှိန်းလက်ဖက်ရည်ကြမ်းကို ပျားရည်လေးခတ်ပြီး သောက်နိုင်ပါတယ်။

အမျိုးသမီးတွေ ရာသီလာ စဉ်နာကျင်ကိုက်ခဲရင်လည်း စမုန်နက်စေ့ လက်ဖက်ရည်တစ်ဇွန်းစာကို ရေနွေးဆူဆူထဲမှာ ငါးမိနစ် လောက်စိမ်ထားပြီး အရည်စစ်ကာ ပျားရည်နည်းနည်းထည့်ပြီး သောက်နိုင်ပါတယ်။ ဒါမှမဟုတ်  စမုန်နက်စေ့လှော်ကို ၀ါးစားရင်လည်း သက်သာတယ်လို့ ဆိုပါတယ်။ ကြွက်သားတွေ နာကျင်တာအတွက်ကတော့ ချင်းက ကူညီပေးနိုင်ပါတယ်။ ရောင်ရမ်းတာတွေ သက်သာစေသလို သွေးလည်ပတ်မှုလည်း ကောင်းစေပါတယ်။ ချင်းလက်ဖက်ရည်နေ့စဉ် သောက်နိုင်သလို     ချင်းအနည်းငယ်ကို ရေနွေးနဲ့ ပြုတ်  အရည်စစ်ပြီး ပျားရည်နဲ့ ရောကာ သောက် နိုင်ပါတယ်။ ချင်းဆီကိုလည်း ကြွက်သားနာတဲ့နေရာကို လိမ်းပြီး ညင်သာစွာနှိပ်နယ်ပေးရပါမယ်။

ခြေချောင်း၊ ခြေဖနောင့်၊ ခြေချင်းဝတ်၊ ခြေထောက်အဆစ်နာကျင်တာတွေအတွက်ဆို ဆားက အသင့်လျော်ဆုံးပါပဲ။ ရေနွေးနွေး တစ်ဇလုံကို ဆားအနည်းငယ် ထည့်ပြီး ၁၅ မိနစ်လောက်စိမ်ပေး နိုင်ပါတယ်။ ပိုပြီး အာနိသင်ရှိချင်ရင်တော့ ရိုးရိုးဆားအစား ဆားခါးကို သုံးသင့်ပါ
Ref & Credit : http://7daydaily.com/story/32106#.VOckd5TBBQ4



Admin .thuraaung (kyaiklatt) ထူးဆန်းဘ​လော့ကို အား​ပေးကြ​သော သူငယ်​ချင်းများအား ​ကျေးဇူးအထူးတင်​ရှိပါသည်​။