ဗိုက်နာ၊ ဗိုက်အောင့်၊ သွားနာ၊ ခါးနာ၊ အဆစ်အမြစ်နာစတဲ့ ကိုက်ခဲနာကျင်မှုတွေကို လူတိုင်းလိုလို ခံစားဖူးကြပြီး အိမ်မီးဖိုချောင်ထဲက ဘယ်ပစ္စည်းတွေက ဆေးဖက်ဝင်နေလဲဆိုတာ သိထားရအောင် မျှဝေချင်ပါတယ်။
သွားနာ၊ သွားကိုက်ပြီဆိုရင် လေးညှင်းပွင့်ကအကောင်းဆုံးပါ ပဲ။ လေးညှင်းပွင့်ကို ၀ါးစားတာ ဖြစ်ဖြစ်၊ သွားကို တို့ပေးတာပဲဖြစ် ဖြစ် ပြုလုပ်ပေးရင် သွားနာသွားကိုက်တင်မက သွားဖုံးရောင်တာပါ သက်သာစေပါတယ်။ ဒူး၊ ပခုံး၊တင်ပဆုံ အဆစ်အမြစ်နာကျင် တာတွေကိုတော့ နနွင်းက ကုပေးနိုင်ပါတယ်။ နနွင်းမှုန့်လက်ဖက်ရည် ဇွန်းတစ်ဇွန်းကို ပျားရည်အနည်းငယ်၊ နွားနို့တစ်ဖန်ခွက်နဲ့ရောပြီး တစ်နေ့နှစ်ကြိမ်သောက် ရင် သက်သာစေပါတယ်။
နားကိုက်ပြီဆိုရင်လည်း သံလွင်ဆီကို ကြက်သီးနွေး အပူပေးပြီး နားထဲခတ်ပေးနိုင်သလို ခေါင်းကိုက်တာကိုလည်း ပက်ပါမင့်ဆီနဲ့ နားထင်ကိုလိမ်းပြီး နှိပ်နယ်ကာ ပူရှိန်းလက်ဖက်ရည်ကြမ်းကို ပျားရည်လေးခတ်ပြီး သောက်နိုင်ပါတယ်။
အမျိုးသမီးတွေ ရာသီလာ စဉ်နာကျင်ကိုက်ခဲရင်လည်း စမုန်နက်စေ့ လက်ဖက်ရည်တစ်ဇွန်းစာကို ရေနွေးဆူဆူထဲမှာ ငါးမိနစ် လောက်စိမ်ထားပြီး အရည်စစ်ကာ ပျားရည်နည်းနည်းထည့်ပြီး သောက်နိုင်ပါတယ်။ ဒါမှမဟုတ် စမုန်နက်စေ့လှော်ကို ၀ါးစားရင်လည်း သက်သာတယ်လို့ ဆိုပါတယ်။ ကြွက်သားတွေ နာကျင်တာအတွက်ကတော့ ချင်းက ကူညီပေးနိုင်ပါတယ်။ ရောင်ရမ်းတာတွေ သက်သာစေသလို သွေးလည်ပတ်မှုလည်း ကောင်းစေပါတယ်။ ချင်းလက်ဖက်ရည်နေ့စဉ် သောက်နိုင်သလို ချင်းအနည်းငယ်ကို ရေနွေးနဲ့ ပြုတ် အရည်စစ်ပြီး ပျားရည်နဲ့ ရောကာ သောက် နိုင်ပါတယ်။ ချင်းဆီကိုလည်း ကြွက်သားနာတဲ့နေရာကို လိမ်းပြီး ညင်သာစွာနှိပ်နယ်ပေးရပါမယ်။
ခြေချောင်း၊ ခြေဖနောင့်၊ ခြေချင်းဝတ်၊ ခြေထောက်အဆစ်နာကျင်တာတွေအတွက်ဆို ဆားက အသင့်လျော်ဆုံးပါပဲ။ ရေနွေးနွေး တစ်ဇလုံကို ဆားအနည်းငယ် ထည့်ပြီး ၁၅ မိနစ်လောက်စိမ်ပေး နိုင်ပါတယ်။ ပိုပြီး အာနိသင်ရှိချင်ရင်တော့ ရိုးရိုးဆားအစား ဆားခါးကို သုံးသင့်ပါ
Ref & Credit : http://7daydaily.com/story/32106#.VOckd5TBBQ4
Admin .thuraaung (kyaiklatt) ထူးဆန်းဘလော့ကို အားပေးကြသော သူငယ်ချင်းများအား ကျေးဇူးအထူးတင်ရှိပါသည်။
No comments:
Post a Comment