ပတ္တနိက္ကုဇ္ဇနသံဃကံ (သပိတ်မှောက်ကံ) ဆောင်ရွက်တော်မူကြခြင်း။
*********************************
ဧရာဝတိတိုင်းဒေသကြီး ၊ကျိုတ်လတ်မြို့ နယ် ၊အမှတ် (၅)ရပ်ကွက်၊
ကျိုတ်လတ်မြို့ နယ်လုံးဆိုင်ရာ ၀ါပကာလ အာရုံဆွမ်းလောင်းအသင်း
(၇)သင်းမှ သံဃာတော် အရှင်မြတ်တို့ အား ၀ါပတ်ကာလ ဆွမ်းလောင်း
လှူကြရာတွင် စနေ၀ါပါတ် ဆွမ်းလောင်းအသင်း ဆွမ်းလောင်းလှူပဲ၌
(21.2.2015) နေ့  စနေနေ့ တွင် အမျိုးဘာသာ သာသနာအတွက်
စွမ်းစွမ်းတမံ ဆောင်ရွက်လျှက်ရှိသော အကျိုးတော်ဆောင်များ၏ နာ
ယကကြိး ဦးကြည်ဝင်း (၁၆ /၁၇ လမ်းမတော်လမ်းနေ ၊စနေ၀ါပတ်
ဆွမ်းလောင်းအသင်း အကျိုးတော်ဆောင် )အား ဂုဏ်သရေပျက်အောင်
ပြုလုပ်ခြင်း ဆဲရေးတိုင်းထွာပြုလုပ်ခဲ့သော ၁၇ /၁၈ လမ်းမတော်လမ်း
အိမ်အမှတ် ၃၃၄ နေ ဒေါ်စန်းကြည်သမီး မသင်းသင်းမော် ၊သား
မောင်သိန်းထိုက်အောင် နှင့် မိ့သားစု၊ ကျိုတ်လတ်မြို့  ၁၆/၁၇ လမ်း
မတော်လမ်း ၊အိမ်အမှတ် ၃၅၆ .ဦးနေကိုနေ၀င်းနှင့် သမီး မနေခြည်
တို့ အား အမှတ်(၅)ရပ်ကွက် ၊ဆရာတော် သံဃာ တော်များနှင့်
အောက်ပါ ဆရာတော်သံဃာတော်များမှ ၁၃၇၆ ခုနှစ် ၊တပေါင်းလဆန်း
(၁၃)ရက် ၊(၂ .၃ .၂၀၁၅) တနင်္လာနေ့  နေလည် ၁၂နာရီမှ စ၍
၎င်းတို့ နေအိမ် ၂ရပ်၌ နောက်နောင် ဆရာတော် သံဃာတော်များ
နှင့်ပါတ်သတ်၍ မည်သည့်ကိစ္စနှင့်မျှ ကြွရောက်တော် မမူကြရန်
ကျိုတ်လတ်မြို့ နယ်လုံးဆိုင်ရာ သံဃာတော်အရှင်မြတ်တို့ နှင့် အခြား
သော သာသနာ့ဝန်ထမ်း ရဟန်းသာမဏေအားလုံးအား ပတ္တနိက္ကုဇ္ဇန
သံဃကံ (သပိတ်မှောက်ကံ) အား ဆောင်ရွက်တော်မူခဲ့ကြောင်းကို
ကျောင်းတိုက် ဆရာတော်များနှင့်တကွ ဆရာတော်ကြီးများအား
လက်မှတ်ရေးထိုး၍ ကျိုတ်လတ်မြို့ နယ်လုံးဆိုင်ရာ သံဃာတော်အရှင်မြတ်တို့ 
နှင့် အခြားသော သာသနာ့ဝန်ထမ်း ရဟန်းသာမဏေအားလုံးအား
သိရှိစေရန် အကြောင်းကြားစာအား ဖြန့် ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
Admin .thuraaung (kyaiklatt) ထူးဆန်းဘလော့ကို အားပေးကြသော သူငယ်ချင်းများအား ကျေးဇူးအထူးတင်ရှိပါသည်။
No comments:
Post a Comment