HTOOSAN

လာလည်ကြတဲ့ မိတ်ဆွေများ အားလုံး ပျော်ရွှင်ချမ်းမြေ့ ကြပါစေ

Friday, June 5, 2015

ဧရာဝတီတိုင်း​ဒေသကြီး ဖျာပုံခရိုင်​ ကျိက်​လတ်​မြို့၊ အမှတ်​ (၅)ရပ်​ကွက်​ 16/17 ​ရွေဘုံသာလမ်းမှာ ​အော်​ရီဒူးတာဝါတိုင်​​ကြောင့်​ ကျမ်းမာ​ရေးနှင့်​ စိတ်​အ​နှောက်​ယှက်​မှုများ ဖြစ်​​ပေါ်လာ​နေ​ကြောင်း သိရှိရပါသည်​။

ဧရာဝတီတိုင်း​ဒေသကြီး ဖျာပုံခရိုင်​ ကျိက်​လတ်​မြို့၊ အမှတ်
(၅)ရပ်​ကွက်​ 16/17 ​ရွေဘုံသာလမ်း တွင်​ တည်​​ဆောက်
ထား​သော ​အော်​ရီဒူးမိုလ်​ဘိုင်းဖုန်း တာဝါတိုင်​ နှင့်​ပတ်​သတ်​၍ ရပ်​ကွက်​​နေ ပြည်​သူများအတွက်​ ဆူညံမှုနှင့်​စိတ်
အ​နှောက်​အယှက်​ဖြစ်​စရာများကို ပြုလုပ်​​နေ​ကြောင်း သိရှိပါသည်​။
အဆိုပါ ​အော်​ရီဒူးတာဝါတိုင်​ကို 2015ခု may လဆန်းပိုင်း
မှ စတင်​တည်​​ဆောက်​ခဲ့ပြီး ၊လူ​နေအိမ်​များကြားတွင်​ တည်​​ဆောက်​မှု​ကြောင့်​ ကန့်ကွက်​မှုများရှိခဲ့​သော်​လည်း
ပြီးစီး​အောင်​ ​ဆောက်​လုပ်​ခဲ့​ကြောင်း။အဆိုပါ ​ဆောက်​လုပ်​ခြင်းအတွက်​ ၎င်းအိမ်​ခြံ​မြေနှင့်​စပ်​ဆက်​​သော အိမ်​နီးနားခြင်းများအား မည်​သည်​ကိစမှ အ​ကြောင်းကြားခြင်း၊အသိ​ပေးခြင်းမရှိပဲ ခြံပိုင်​ရှင်​နှင့်​အတူ အတင်​အဓ္ဓမ ​ဆောက်​လုပ်​ခဲ့ခြင်း ဖြစ်​​ကြောင်း ။
ယခုအခါ အဆိုပါ ​အော်​ရီးဒူတာဝါတိုင်​ ပြီးစီးသွားပါ ၍
၂၄နာရီ ဖုန်းတာတိုင်​မှ ဖုန်းလိုင်းကို ထုတ်​လွင့်​လျှက်​ရှိပြီး
အဆိုပါ ဖုန်းလိုင်းထုတ်​လွင့်​မှုအတွက်​ ပုံပါ Power မြင့်
မီးစက်​ကြီးကို ၂၄နာရီ အချိန်​ပြည့်​ ​မောင်းနှင်​ထားပါသည်​။
အဆိုပါ မီးစက် ၂၄နာရီ လည်​ပတ်​​နေမှု​ကြောင့်​ အနီးပတ်​၀န်းကျင်​ လူ​နေအိမ်​များမှ လူများသည်​ ၎င်းဒုက္ခကို ​မေတ္တာကြီးသက်​သက်​ဖြင့်​ အသလွတ်​ခံစား​နေရ​ကြောင်း
၎င်း မီးစက်​နှင့်​ အနီးဆုံးအိမ်​မှာ ၁၀​ပေခန့်သာ ကွာ​ဝေး
သဖြင့်​ မီးစက်​မှာ ဆူညံ​သော အသံနှင့်​ တုန်​ခါများကို
နေ့ ည မပြတ်​ခံစား​နေရ​ကြောင်း ။၎င်း​ကြောင့်​ ကျမ်းမာ​ရေး
ဆုတ်​ယုတ်​မှုများပါ ဖြစ်​​ပေါ်လာ​နေပါသဖြင့်​ တာဝန်​ရှိသူများ ကျမ်းမာ​ရေးဋ္ဌာန မှ အကြီးအကဲများ မှ လူ​နေအိပ်​ကြားတွင်​ လည်​ပတ်​​နေမှုအား ထိထိ​ရောက်​​ရောက်​ အ​ရေးယူ​ပေးပါရန်​ ရပ်​ကွက်​​နေ ပြည်​သူများအားလုံးမှ ​တောင်းဆိုရန်​ ၊အ​ရေးယူ​ပေးပါရန်​အတွက်​ ပြင်​ဆင်​ပြုလုပ်​​နေ​ကြောင်း သိရှိရပါသည်​။



Admin .thuraaung (kyaiklatt) ထူးဆန်းဘ​လော့ကို အား​ပေးကြ​သော သူငယ်​ချင်းများအား ​ကျေးဇူးအထူးတင်​ရှိပါသည်​။

No comments:

Post a Comment