HTOOSAN

လာလည်ကြတဲ့ မိတ်ဆွေများ အားလုံး ပျော်ရွှင်ချမ်းမြေ့ ကြပါစေ

Friday, November 20, 2015

ကြောင်ပျံ ဒရုန်းတော့ရပြီ၊ နွားပျံ ရဟတ်ယာဉ်ကို ထပ်ဖန်တီးမယ်

ပထမတော့ ကိုယ့်မျက်လုံးတောင် ကိုယ်မယုံဘူး ဖြစ်သွားတယ်။ Bart Jasen ဆိုတဲ့ ဒက်ရှ်လူမျိုး အနုပညာရှင်တစ်ဦးက သူ့ရဲ့ကြောင်သေ သားရေအုပ်ထားတဲ့ ဒရုန်းကို ဖန်တီးခဲ့တာပါတဲ့။ ကြောင်သေကို ၆လလောက် ရေခဲသေတ္တာထဲထည့်ထားပြီး လိုအပ်တဲ့စက်ပစ္စည်းတွေကို သွပ်ပြီး ဒလက် ၄ ခုကို ခြေလက် ၄ချောင်းမှာ တပ်ဆင်ပြီး ဒရုန်းတစ်ခုအဖြစ် ပျံသွားနိုင်ခဲ့တာပါ။


သူ့ရဲ့ဖန်တီးမှုကို မနှစ်မြို့ဖွယ်ကိစ္စရပ်အနေနဲ့ မြင်တဲ့သူက မြင်ကြပါတယ်။ ဒါပေမဲ့ သူကတော့ သူ့ရဲ့ ကြောင်ပျံဒရုန်း တီထွင်မှုကို အားရကျေနပ်လျှက်ရှိပြီး နောက်ထပ်ပိုကြီးတဲ့ ဖန်တီးမှုတစ်ခုကို ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။ နွားရဟတ်ယာဉ် ဆိုပဲ။ နွားသေတစ်ကောင်နဲ့လုပ်ထားတဲ့ ရဟတ်ယာဉ်ပေါ့။ စိတ်ကူးထဲမှာ မြင်ယောင်ကြည့်ချင်စရာပဲ။ 


Jansen ဟာ အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ Arjen Beltman ရဲ့အကူအညီကိုရယူပြီး လူတစ်ယောက်စီးနင်းနိုင်တဲ့ တိရိစ္ဆာန်အကောင်ကြီးတစ်ကောင် သဏ္ဍာန်ရှိတဲ့ ယာဉ်ပျံတစ်ခုကို အတူဖန်တီးနေတယ်လို့သိရပါတယ်။


‘နွားဆိုရင်တော့ လူဆန့်လောက်မှာပါ။ ဒါကြောင့် နွားကတော့ ရွေးချယ်စရာတွေထဲက တစ်ခုအပါအ၀င်ပေါ့။ နွားကို သုံးပြီးနောက်ထပ် ဖန်တီးဖြစ်မယ်ပေါ့လေ။’ လို့ Jasen က Business Insider သတင်းဌာနကိုပြောပြခဲ့ပါတယ်။ 

Credit :ပျားသတင်း
Admin .kopauk(myinkagon)


No comments:

Post a Comment