HTOOSAN

လာလည်ကြတဲ့ မိတ်ဆွေများ အားလုံး ပျော်ရွှင်ချမ်းမြေ့ ကြပါစေ

Monday, November 23, 2015

Ghost Push - Monkey Test & Time Service ဗိုင်းရပ်စ်များအား ခွဲခြမ်းစိတ်ဖြာ သုံးသပ်ခြင်း နှင့် ဖြေရှင်းခြင်း =================================================

2015 August လအတွင်းမှာ Coolpad ဖုန်း သုံးတဲ့သူတွေဟာ Official update လုပ်ပြီးတဲ့နောက် သူတို့ရဲ့ ဖုန်းတွေမှာ MonkeyTest နဲ့ TimeService ဆိုတဲ့ ဗိုင်းရပ်စ် ၀င်ရောက်နေတာကို တွေ့ရပါတယ်။ အဲဒီဗိုင်းရပ်စ် တွေဟာ Ghost Push ဆိုတဲ့ ဗိုင်းရပ်စ် က အရင်ဝင်ရောက်ပြီးမှ ရောက်လာကြတာ ဖြစ်ပါတယ်။ စက်တင်ဘာ (၁၈) ရက်နေ့မှာဆိုရင် ဗိုင်းရပ်စ် ၀င်ရောက်ကူးစက်ခံရတဲ့ ဖုန်းအရေအတွက်က တရက်ကို (၇)သိန်းအထိ ရှိလာခဲ့ပါတယ်။ Samsung, Coolpad, Moto အပါအ၀င် ဖုန်းမော်ဒယ် (၁)သောင်းကျော် ကူးစက်ခံခဲ့ရပါတယ်။
စူးစမ်းစစ်ဆေးချက်တွေအရ ဒီဗိုင်းရပ်စ် အဓိက ကူးစက်ခံရတာက အမေရိက၊ ရရှား၊ အရှေ့တောင်အာရှ နဲ့ တရုတ်တောင်ပိုင်း ဒေသတွေ ဖြစ်ပါတယ်။

Ghost Push ဟာ system-level access ကို ရယူပါတယ်။ ပြီးရင် ဖုန်းကို root လုပ်ပါတယ်။ MonkeyTest နဲ့ TimeService တွေကို ထပ်ပြီး download ချပါတယ်။ ဖုန်းဟာ အလွန်လေးလံသွားမယ်၊ ဘက်ထရီ အမြန်ကုန်သွားမယ်၊ အင်တာနက် network traffic ကို သိသိသာသာ ဆွဲသုံးမယ်။ အန္တရာယ်ကြီးတာက ဒီဗိုင်းရပ်စ်တွေကို အလွယ်တကူ သတ်လို့မရပဲ၊ Uninstall လုပ်ရင်လဲ ဖုန်းကို restart လုပ်လိုက်တာနဲ့ ပြန်ပေါ်လာပါတယ်။
အဲဒီတော့ Ghost Push ဘယ်လို အလုပ်လုပ်သလဲ၊ ဘယ်လို ရှင်းထုတ် ရမလဲဆိုတာ လေ့လာကြည့်ကြပါမယ်။
Ghost Push ဟာ ဖုန်းရဲ့ root access ကို ရယူတယ်။ အင်တာနက် data ကို သုံးပြီး ကြော်ငြာတွေကို ဆွဲချပါတယ်။ ဖုန်းသုံးသူမသိလိုက်ပဲ အခြား အသုံးမ၀င်တဲ့ application တွေကိုလဲ download ချပါတယ်။
Hacker တွေက Ghost Push ဗိုင်းရပ်စ် code တွေကို နံမယ်ကြီး application တွေမှာ ညှပ်ထည့်ပြီး original application ပုံစံနဲ့ ဖြန့်ဝေပါတယ်။ သုံးတဲ့သူတွေက အစစ်အမှန်ထင်ပြီး install လုပ်လိုက်မိချိန်မှာ ပြဿနာ တက်တော့တာပါပဲ။ ဗိုင်းရပ်စ်ပိုး ထည့်သွင်းခံထားရတဲ့ application တွေကို နောက်ဆက်တွဲ (၁) မှာ ဖော်ပြထားပါတယ်။


၁ ။ဗိုင်းရပ်​၀င်​​ရောက်​ပုံကို အရင်​​လေ့လာခြင်း။


၂။ root ရ​အောင်​လုပ်​ခြင်​။
Ghost Push ဟာ ဖုန်းမော်ဒယ် နဲ့ အခြား information တွေကို  http://massla.hdyfhpoi.com/gkview/info/801 
ဆာဗာကို ​ပေးပို့ ပါတယ်​ ။အဲဒီကမှ တဆင့်
 http://down.upgamecdn.com/onekeysdk/tr_new/rt_0915_130.apk 
ကနေ root toolkit ကို download ချပါတယ်။ ပြီးတာနဲ့ ဖုန်းကို တိတ်တိတ်လေး root ဖောက်ပါတယ်။ နောက်တဆင့်အနေနဲ့ debuggerd ဖိုင်ကို အစားထိုးတယ်၊ install-recovery.sh ဖိုင်မှာ code တွေ ပြင်တယ်၊ /system/xbin folder ထဲမှာ bin ဗိုင်းရပ်စ် ဖိုင်တွေ ဖန်တီးတယ်၊ ROM virus ကို install လုပ်ပါတယ်။ /system/priv-app, /system/app folder တွေထဲမှာ "camera_update" လိုဖိုင်တွေ ဖန်တီးပါတယ်။
camera_update ဟာ ဗိုင်းရပ်စ် ဖိုင်ဖြစ်ပြီး /system/priv-app folder ထဲမှာ ရှိနေပါတယ်။ အဲဒီ ဗိုင်းရပ်စ်ဟာ ဖုန်းရဲ့ ROM ထဲကို ၀င်နေပြီး uninstall လုပ်လို့ မရအောင် လုပ်ထားပါတယ်။ ဒီ ဖိုင်ကနေပဲိ http://massla.hdyfhpoi.com/gkview/info/801 
Monkey test-  time serviceကို install လုပ်ယူပါတယ်။ ပြီးတော့ အခြား ဘာမှန်းမသိတဲ့ application တွေကိုလဲ install လုပ်ယူပါတယ်


(၂) မူရင်းဗိုင်းရပ်စ်ကို သတ်မရအောင် အကာအကွယ် လုပ်ထားပုံ
------------------------------------------------------------------

(၂-က) ROM ထဲက မူရင်း ဗိုင်းရပ်စ်ကို Bin က အကာအကွယ် ပေးထားတယ်


စက်ကို ပါဝါစဖွင့်တာနဲ့ install-recovery.sh နဲ့ debuggerd ဖိုင်တွေကို execute လုပ်ပါတယ်။ အဲဒီ ဖိုင်၂ခုကနေ ဗိုင်းရပ်စ် bin ဖိုင်ကို execute ဆက်လုပ်ပါတယ်။ ဒီဟာက ROM ထဲမှာ ရှိနေတဲ့ မူရင်းဗိုင်းရပ်စ်ကို အကာအကွယ်ပေးပြီး ဆက် run နေစေတယ်၊ မူရင်းဗိုင်းရပ်စ် ရဲ့ နောက်ဆုံး installation package ကို ရယူပါတယ်။
တကယ်လို့ မူရင်းဗိုင်းရပ်စ်ကို uninstall လုပ်လိုက်ရင် Bin ဖိုင်ကပဲ ဗိုင်းရပ်စ်ကို ထပ် download ချပြီး ROM ထဲမှာ ပြန် install လုပ်ပါတယ်။



စက်က run နေချိန်မှာ Bin ဖိုင်ဟာ "chattr +I" command ကို သုံးပြီး သူ့ကိုဖျက်လို့မရအောင် ကာကွယ်ထားတယ်။

(၂-ဂ) APK ဖိုင်ကို ဖျက်လို့မရအောင် လုပ်ထားတယ်
----------------------------------------------------
Ghost Push ကလဲ user တွေ သူ့ကို ဖျက်လို့မရအောင် "chattr +I" နဲ့ ကာကွယ်ထားတယ်။

၃။ ဗိုင်းရပ်စ် က ဘာတွေ လုပ်သလဲ


ဖုန်းသုံးတဲ့သူက အင်တာနက် ဖွင့်လိုက်တာနဲ့ ဗိုင်းရပ်စ် ဖိုင်တွေက ကြော်ငြာတွေကို download ဆွဲချပြီး ဇွတ်ပြတယ်။ သူက wifi connection ကို ပိတ်ပစ်ပြီး ဖုန်းရဲ့ data ကို သုံးတယ်


Application auto ​ဒေါင်းခြင်း

http://m.AEDXDRCB.COM/gcview/api/910 ကနေ MonkeyTest နဲ့ TimeService ကို download ချ၊ install လုပ်ယူတယ်။ ဒီလို ကြော်ငြာတွေ push လုပ်တာ၊ apk တွေ push လုပ်တာတွေအတွက် Ghost Push ဟာ SQLite Database ကို သုံးတာ တွေ့ရတယ်


System ရဲ့  booster အသုံးချခြင်း

Application တွေကို download ချနိုင်ဖို့၊ install လုပ်နိုင်ဖို့အတွက် Accessibility ထဲက Booster ကို ဖွင့်ခိုင်းတတ်ပါတယ်။

အပြည့်​အစုံသိချင်​ရင်
 http://kohtike9.blogspot.com/2015/09/monkey-test-time-service-malware.html?spref=bl&m=1 
ဒီမှာ ၀င်​ဖတ်​​ပေးပါ ။

Admin .thuraaung



www.htoosan.blogspot.com.mm

No comments:

Post a Comment