သုခမေတ္တာ နာရေးကူညီမှု အသင်း(ကျိုတ်လတ်)
မှ အရေးပေါ် သွေးလိုနေသော လူနာရှင်များ
အတွက် သွေးလိုအပ်ပါက သုခမေတ္တာ
လူမှုကူညီမှု အသင်း (ကျိုတ်လတ်)သို့  ၂၄နာရီ
အချိန်မရွေး ဆက်သွယ်နိုင်ပါကြောင်း
ဒီနေ့ မနက်မှာ အများသူငှာ သိရှိစေရန်
ဗီနိုင်းများဖြင့် ကျိုတ်လတ်မြို့  လူစုံသော
နေရာများတွင် လိုက်လံဝေငှ ထားပါသည်
သွေးလှူရှင်များကို ရှာဖွေခြင်း .ခေါ်ယူခြင်း
ပြန်လည်ပို့ ဆောင်ခြင်း စသည့် စရိတ်များ
အတွက် ငွေ(2000)ကျပ်ကို လူနာတိုင်းအတွက်
သုခမေတ္တာ လူမှုကူညီမှု အသင်းမှသာ
အကုန်အကျခံပေးပါကြောင်း
ထိုနောက် သွေးလှူရှင်ဖြစ်ပါက သွေးလှူရှင်အား
ထောက်ပံငွေ (5000)ကျပ် သတ်မှတ်ထားပြီး
တတ်နိုင်သူဖြစ်ပါက သွေးယူသူမှ သွေးလှူရှင်
အား ပေးချေနိုင်ပြီး အကယ်၍ ဆင်းရဲ နွမ်းပါသူ
ငွေကြေးမတတ်နိုင်သူဖြစ်ပါက
၎င်း သွေးလှူရှင်အား ထောက်ပံ့ငွေ ၅၀၀၀ကျပ်
ကိုပါ သုခမေတ္တာ လူမှုကူညီမှု အသင်းမှ
ကျခံလှူဒါန်းမည်ဖြစ်ပါကြောင်း
သွေးလှူရှင်များအနေဖြင့်
ဦးလှမြိုင် - 0931706735
ဦးအုန်းသန်း -0949726250
ဦးတင်ငွေ - 09250568898
ဦးဝင်းဌေး -0931710919
ဦးဇော်မျိုးဦး -0936246273
ဦးထွန်းထွန်းဦး -0936230203
သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်ဖြစ်ပါကြောင်း
ဖြန့် ဝေပေးထားသောဗီနိုင်းများတွင်
ဖော်ပြပါရှိပါသည်
Posted via Blogaway
No comments:
Post a Comment