ဓာတ်ပုံ
ထူးဆန်းသော အသံများထွက်ပေါသော နေရာသို့ 
လာရောက်စောင့်ဆိုင်းနားထောင်းနေကြသူများ
11.အောက်တိုဘာ.2014
ကျိုတ်လတ်
ကျိုတ်လတ်မြို့  မီးကွင်းဘုရားကြီးမှာ သီတင်းကျွတ်
လပြည့်ကျော် ၁ရက်နေ့ ကစလို့  ဘုရားအောက်ခြေ
တည့်တည့်မှာ ထူးဆန်းတဲ့ အသံတွေ စတင်ကြားရ
ပါတယ်။ဒီနေ့ ဆို ကြားနေရတာ ၃ရက်ရှိပါပြီ။
ပထမစတင်ကြားရတဲ့နေ့ ကဆို လူပေါင်းများစွာ လာ
ရောက်နားထောင်ကြသူအားလုံး အဲအသံကို ကြားရ
ပါတယ် မနေ့ ညကတော့ လူအယောက် သုံးရာနီးပါ
လောက် လာရောက်နားထောင်ကြပါတယ်
ကြားရတဲ့ အသံတွေမှာတော့ ရေရေရာရာ
ဝေခဲမရအောင် ရှုပ်ထွေးနေပါတယ်။အသံတွေကတော့
ကျယ်ပါတယ် ။တစ်ခါတစ်ခါ လူတစ်ယောက် အော်ပြော
နေသလောက်ကို ကျယ်ပါတယ်။ ဘုရားအနောက့်က
အုတ်နံရံမှ ကပ်နားထောင်ရင် ပိုပြီးတော့ ရှင်းရှင်းကြား
ရပါတယ်။ ၄င်းအသံအကြောင်းကို အမျိုးမျိုး ပြောဆိုနေ
ကြသော် ကျွန်တော် ရောက်သွားချိန်မှာတော့ ကျွန်တော်
ကြားရတဲ့ အသံကတော့ သတ္တ၀ါဆိုးတစ်ကောင် ကို
လှောင်အိမ်ထဲမှာ ပိတ်လှောင်ထားသလို့ မျိုး ကုတ်ခြစ်
ရိုက်ပုတ်နေသလိုမျိုး ၊ အဆိုးဆုံးကတော့ တိုင်နဲ့ ခေါင်း
စောင့်နေသလို့  တစ်ဒုန်းဒုန်းနဲ့  အပြင်က လူအများကြီး
ဆူနေတဲ့ အသံကိုတောင် ကျော်ပြီးတော့ ကြားရပါတယ်
ပြောရမယ်ဆိုရင်တော့ အသံဆိုးလို့ ပဲပြောရမလိုပါပဲ
ကျွန်တော် အရင် ဟမ်းဖုန်းနဲ့  အသံဖမ်းထားတဲ့ အသံ
ကို နားထောင်ကြည့်မိ့တာကတော့ ဆူညံနေတဲ့ အသံ
တွေကြားထဲတောင် ကျော်လွန်ပြီး ဗုန်းဗုန်း ဒုန်းဒုန်း အိုးသံ
ခွက်သံမျိုးတွေလိုမျိုးပါ ပီပီသသ ကြားရပါတယ်
ဘာတွေမှန်းသေသေချာ မဝေခွဲနိုင်ပေမဲ့ ၄င်းအသံတိုင်း
ကြားရကြောင်း အားလုံးက အတည်ပြုပြောကြားပါတယ်
မနေ့ ကတော့ အမျိုးသမီးတစ်ယောက်ကို နဂါးဝင်ရောက်ပူးကပ်တယ်လို့ ဆိုပါတယ် .ကျွန်တော် စိတ်အထင်ကတော့ ဘုရားအောက်က မြေပျိုနေခြင်းလား။ ဒါမှမဟုတ်
ဂလိုင်လိုမျိုးလိုမျိုးဖြစ်နေပြီး ငရွေးလိုမျို ငါကြီးကြီးတစ်ကောင်ကောင် က တွင်းခတ်နေခြင်းပဲလား လို့  သံသယ
ရှိနေပေမဲ့ အောက်ခြေနေရာ အနှံအပြားကို ဆင်းစမ်းကြ
သော်လဲ ဘာမှ မတွေ့ ခြင်း၊ နောက် တစ်ခါတစ်ခါ၃နေရာ
လောက်က ကြားရခြင်း ၊နာရီကြည့်ပြီး အသံပေးနေသလိုမျိုး မိုးချုပ်ကနေ ၁၀ အတော့အတွင်းသာ အသံ
ပေးခြင်း ၊တစ်ဝုန်းဝုန်း အသံကြားနေရချိန်တွေမှာ ရေမှာ
ပိုမိုတည်ငြိမ်နေသလိုမျိုးဖြစ်နေခြင်း၊ စသည် အချက်များ
ဖြင့် လာရောက်နားထောင်သူများ ပိုမိုများပြားလာကာ
အဖြစ်မှန်ကိုသေချာနေသေးသမျှတော့ထူးနေဦးမည်သာ။
No comments:
Post a Comment