HTOOSAN

လာလည်ကြတဲ့ မိတ်ဆွေများ အားလုံး ပျော်ရွှင်ချမ်းမြေ့ ကြပါစေ

Tuesday, November 18, 2014

မာနကြီးတဲ့ ယောက္ခမ

မာနကြီးတဲ့ ယောက္ခမ
ညဆိုင်းအလုပ်ဆင်းပြီး ပြန်လာတဲ့ယောက်ျားဟာ အိပ်ခန်းထဲဝင်လာတော့ မိန်းမလုပ်သူက စောင်ကြီးခေါင်းမြီးခြုံပြီး အိပ်နေတုန်း။
ဒါနဲ့ ဘာမှပြောမနေဘူး စောင်ခြုံထဲအသာတိုးဝင်လိုက်တယ်
ပြီးတော့ မိန်းမကို ပွတ်သီးပွတ်သပ်သွားလုပ်ပြီး ချစ်မဏ္ဍိုင်လေး စိုက်လိုက်မိတယ်။

ခဏနေတော့ ဗိုက်ဆာလာတာနဲ့ စားစရာယူမလို့ မီးဖိုထဲသွားလိုက်တာ... ...
ဟင် ... မိန်းမက မီးဖိုထဲ ရောက်နေပါလား
မြန်လိုက်တာ
အဲ ... မဟုတ်သေးပါဘူး
မသင်္ကာတာနဲ့ မေးကြည့်တယ်... ...

"မိန်းမ၊ မင်းက ဘယ်လိုလုပ်ပြီး မီးဖိုထဲ ရောက်နေတာလဲ"
"ဘာတွေလာပြောနေတာလဲ၊ ကျမ ဒီမှာ ဟင်းချက်နေတာ ကြာလှပြီ"

"ဟင်.... ဒါဆို ဟို..ဟို... အိပ်ရာထဲက ဘယ်သူတုန်း"
"ကျမအမေလေ၊ မနက်ကမှ ရောက်တာ၊ ခရီးပန်းလာပြီး ခေါင်းကိုက်နေလို့ ကျမတို့ အိပ်ရာထဲ ဝင်အိပ်ခိုင်းထားတာလေ"

"ဘုရား... ဘုရား၊ မှားကုန်ပြီ မိန်းမရေ၊ ငါက မင်းမှတ်လို့ ဟို ဟို ခြေလွန်လက်လွန်တွေ ဖြစ်ကုန်ပြီကွာ"
"ရှင်ဟင် ဟင်... အီး ဟီး လုပ်ရက်လှချည်လား ယောက်ျားရယ် အီး "

မိန်းမလုပ်သူလည်း ငိုယိုပြီး အိပ်ခန်းထဲ ပြေးသွားတယ်
ပြီးတော့ အိပ်ရာပေါ်မှာ ငေါင်စင်းစင်းနဲ့ ငုတ်တုတ်ကြီးထိုင်နေတဲ့ အမေကို ရန်တွေ့တာပေါ့... ...

"မေမေရယ်၊ ခုနတုန်းက ဟိုသင်း ဒီသင်းဖြစ်တာ သမီးယောက်ျားမှန်း မသိဘူးလား"
"သိသားပဲ"

"ရက်စက်လိုက်တာ မေမေရယ်၊ သိရက်သားနဲ့၊ ဘာလို့ ဘာမှပြန်မပြောဘဲ ငြိမ်နေရတာလဲ မေမေရဲ့"
"အောင်မယ်... လွန်ခဲ့တဲ့ ၁၅နှစ်တုန်းက ငါသဘောမတူဘဲနဲ့ ညည်းကို ဒီအကောင် ခိုးပြေးတာ မှတ်မိလား"

"မှတ်မိပါတယ် မေမေ"

"အေး... အဲဒီကတည်းက ဒီကောင့်ကို မုန်းလွန်းလို့ စကားမပြောပဲ နေလာတာ၊ ခုချိန်ကျမှ ငါက ခေါ်ခေါ်ပြောပြော လုပ်နေရအုံးမှာလားအေ့... ကဲ"

"ရှမ်..."

သန်၎ကို-ဘာသာပြန်သည်။

I Would like to share this with you. Here You Can Download This Application from PlayStore https://play.google.com/store/apps/details?id=com.abc123ing.myanmarfunny

No comments:

Post a Comment