မြန်မာနိုင်ငံမှ ဘင်္ဂါလီတစ်ဦးအား အစ္စလာမ်အစွန်းရောက်အဖွဲ့များနှင့် ဆက်သွယ်မှုဖြင့် ထိုင်းနိုင်ငံအစိုးရ မှ ဖမ်းဝရမ်းထုတ်ပြန်
____________________________________
Wednesday, November 12, 2014
မြန်မာနိုင်ငံမှ ဘင်္ဂါလီလူမျိုး၊ အစ္စလာမ်ဘာသာဝင်တစ်ဦး
အား ထိုင်းနိုင် ငံတောင်ပိုင်း ရှိ အစ္စလာမ်အစွန်းရောက်
အကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်မှု၊ မွတ်စလင်အကြမ်း
ဖက်အဖွဲ့များနှင့် ဆက်သွယ်မှုတို့ဖြင့် ထိုင်းနိုင်ငံအစိုးရ မှ
ဖမ်းဝရမ်း ထုတ်ပြန်လိုက်ကြောင်းကို ထိုင်းနိုင်ငံရှိ ယနေ့ထုတ်
The Nation သတင်းစာမှ ထုတ်ပြန်ကြေငြာခဲ့ ကြောင်း
သိရှိရပါသည်။
၎င်း၏အမည်မှာ သန်းဝင်း (ခေါ်) ဟာဆန် ဖြစ်ပြီး အသက်
၅၃ နှစ်ရှိပြီဖြစ်ကြောင်း သိရှိရသည်။ ၎င်းအနေဖြင့်
မြန်မာနိုင်ငံအတွင်းမှ ထိုင်းနိုင်ငံသို့ ခိုးဝင်ကာ ထိုင်းတောင
်ပိုင်းရှိ အကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်နေခြင်း ကြောင့်
ထိုင်းအစိုးရက နိုဝင်ဘာလ (၇) ရက်နေ့က ဖမ်းဝရမ်းစတင်
ထုတ်ပြန်ခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။
သန်းဝင်း (ခေါ်) ဟာဆန်မှာ ၎င်း၏ ပုံပန်းသဏ္ဍန်ကိုပြုပြင်
ရန်အတွက် ထိုင်းနိုင်ငံတွင် ပလတ်စတစ် ဆာဂျီ ပြုလုပ်ရန်
စီစဉ်နေသူဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်း ဖောက်ခွဲဖျက်
ဆီးခြင်းများ ပြုလုပ်ရန်ကြံစည်နေသူ ဖြစ်ကြောင်းနှင့် ယခု
အခါတွင် ၎င်းအား ဖမ်းဆီးရန်အတွက် ဖမ်းဝရမ်းအား မြို့ပြ
ရဲတပ်ဖွဲ့များနှင့် လူဝင်မှု ကြီးကြပ်ရေးရဲတပ်ဖွဲ့ထံ ဖြန့်ဝေပြီး
ဖြစ်ကြောင်းကို The Nation သတင်းစာတွင်ဖော်ပြထားပါ
သည်။
သန်းဝင်း(ခ) ဟာဆန် (၅၃) နှစ်မှာ ဘင်္ဂါလီလူမျိုး အစ္စလာမ
်ဘာသာ ၀င်တစ်ဦးဖြစ်ပြီး မွတ်စလင် အစွန်းရောက် အကြမ်း
ဖက်အဖွဲ့ ၀င်များနှင့် ဆက်သွယ်မှု၊ မြန်မာနိုင်ငံအတွင်း
ဖောက်ခွဲဖျက်ဆီးရေး အကြမ်းဖက် လုပ်ငန်းများ လုပ်ကိုင်
ရန်ကြံစည်မှု၊ မွတ်စလင်အစွန်းရောက်များအား ကချင်ပြည
်နယ်ရှိ KIA ထိန်းချုပ်နယ်မြေ တွင် စစ်သင်တန်းများပေး
ရန် ကြံစည်မှုများကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အလိုရှိနေ
သူတစ်ဦး ဖြစ်ကြောင်း ကိုလည်း သိရှိရသည်။
အဆိုပါ သန်းဝင်း (ခ) ဟာဆန်မှာ ယခင်က မြန်မာနိုင်ငံရှိ
မြစ်ကြီးနားမြို့ တွင်နေထိုင်ခဲ့သူတစ်ဦးဖြစ်ပြီး ယခု အခါတွင
်ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင် သွားခဲ့ရာမှ ထိုင်းနိုင်ငံ
အစိုးရ၏ ဖမ်းဝရမ်းထုတ်ပြန်ခြင်းကို ခံခဲ့ရသူ တစ် ဦးဖြစ်ကြောင်း
သိရှိရပါသည်။
နေလင်း နေ့စဉ်သတင်း မှကူးယူဖော်ပြသည်
Admin.thuraaung
Htoosan(everyday new)
No comments:
Post a Comment