`THE LAST OF MY TIME´
မနေ့ က ငါပြောတယ်
မနေ့ က ငါသိတယ်
မနေ့ က ငါပြုံးခဲ့တယ်
မနေ့ က ငါဝမ်းနည်းခဲ့တယ်
မနေ့က ....၊
မနေ့ က ......ပေါ့
မှန်နှစ်ထပ်ကာရံထားအတိတ် ပြန်အစားမခံရတော့တဲ့
ကျန်ရစ်ခဲ့တဲ့ ဆုံးရှုံးမှုတွေ
မင်းရော့ မနေ့ က အကြောင်းအရာတွေကို
ပြန်လွမ်းနေမိ့သေးလား?
ငါကရော¿
ခြောက်ကပ်ကပ်နဲ့  သက္ကရာဇ်တော်တော်ကြာ
ရွက်စုတ် ပြက္ခဒိန်အဟောင်းတွေ
ငါ့ရင်နဲ့ အပြည့်ပေါ့
တည်ငြိမ်နိုင်မှုကင်းမဲ့နေသေးတဲ့ ရင်ခုံသံကို
ခတ်စိတ်စိတ်အတွေးနဲ့ ချိန်ညှီမှုက
အသောမသတ်နိုင်တဲ့ ဒွိဟကိုပါ ကျော်လွန်ပြီး
အသေသတ်ချင်နေသေးတဲ့ ဆုံးရှုံးမှုများက
မနေ့ က ငါဖြစ်ခဲ့ပြီး ဒီနေ့ ငါဟုတ်နေတဲ့
မနေ့ က ငါဖြစ်တဲ့ ငါလိုလူတစ်ယောက်က
မနေ့ က မရှိခဲ့တဲ့ နေ့ တွေကို ကြိုက်နေတယ်
အစ်ကိုကြီးကတော့ သတိပေးပါတယ်
`မင်းမငယ်တော့ဘူး ညီ´တဲ့။
သူရအောင်
2.11.14
10:10(FINISH)
Admin .thuraaung
Htoosan(everday new)
No comments:
Post a Comment