********* ရပ်*********
ငါ့တို့ တွေ ပြေးကြတယ် ...........၊
ဟိုးဝေးဝေး တောင်ထွဋ်ဖျားတွေဆီ
ငါတို့ တွေ ရှောက်လှမ်းနေကြတယ်
အဆုံးမဲ့ လမ်းခရီးတွေဆီ
ငါ့တို့ တွေ ....... ငါတို့ တွေပေါ့
သံသရာမှာ ခရီးနှင်ရင်း ............၊
ငါနဲ့ မတူရင် ရန်လိုသူ
မင်းသားခေါင်းနဲ့ အယောင်ဆောင်
ငြိမ်းချမ်းရေးသမား
အတ္တခါးခါးတွေနဲ့  ငါ့တို့ အတွက်ပဲ `ငါ´...လေ
ငါလူသစ်တွေစုဆောင်နေတုန်းပဲမလား
သေမလား? တိုက်မလား? သတ်ကြမလား?
နေ့ စဉ်တိုးတတ်လာတဲ့
ရက်စက်သွေးယုတ်မာကြခြင်း အကွဲအပြဲကဗျာတွေ
ငြိမ်းချမ်းခြင်း စည်းတိုင်မှာ ရပ်တန့် ကြပါတော့
အစွယ်ငေါငေါနဲ့ ရန်လိုမုန်းတီးစိတ်တွေက
တိုင်ထိပ်မှာ ဆန့် ဆန့် ကြီး
ငါ့အကိုယ်ကို သတ်လို့  မင်းကိုသတ်မယ်
ငါကလဲ ငါအဖေကိုသတ်လို့ မင်းအစ်ကို ကိုသတ်တယ်
မဆုံးနိုင်တဲ့ရန်ငြိုးတစ်ထွေ
အခန်းဆက် ၀တ္ထုရှည်ပေမဲ့
ငါတို့ ဆော့နေတာ Game မှမဟုတ်တာ။
ပူပူလောင်လောင်နဲ့  သတင်းစာကို ဖတ်နေမိ့တယ်။
တီးတိုးရေရွတ်မိ့တာလေးတစ်ခုကတော့
****** ရပ်*****
မင်းရဲ့ မကောင်းတဲ့ အတွေးတွေပါ ရပ်လိုက်ပါတော့:-) .
12:27
9.12.2014
Thuraaung
No comments:
Post a Comment