HTOOSAN

လာလည်ကြတဲ့ မိတ်ဆွေများ အားလုံး ပျော်ရွှင်ချမ်းမြေ့ ကြပါစေ

Monday, October 27, 2014

တိမ်မြုပ်နေတဲ့ တရားမျှတမှု

တိမ်မြုပ်နေတဲ့ တရားမျှတမှု

---------------------------------------------------------------------------

မြန်မာပြည်မှာ အရပ်သားတပိုင်းအစိုးရ သက်တမ်းသုံးနှစ်ကျော်လာပေမယ့် ဖြစ်ပျက်နေတဲ့ ပြဿနာနဲ့ ပဋိပက္ခတွေကိုကြည့်ရင် ဒီမိုကရေစီအသွင်ကူးပြောင်းဖို့ အမြစ်မတွယ်နိုင်သေးဘူးလို့ နယူးရောက် အခြေစိုက် ICTJ (International Center for Transitional Justice) အဖွဲ့ရဲ့  ဇူလိုင်လက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။ အသွင်ကူးပြောင်းနေတုန်း တရားမျှတရေးကိစ္စ ဆွေးနွေးတာဟာ ပြဿနာ ရှာသလို ဖြစ်နေတယ်လို့ မြင်သူတွေလည်း ရှိပါတယ်တဲ့။ စစ်အာဏာပိုင်တွေ မတရားလုပ်ခဲ့တာကို ထုတ်ဖော်ပြီး တရားမျှတရေးကို တောင်းဆိုရင် ချက်ချင်းလက်တုံ့ပြန်လာနိုင်တယ်လို့လည်း မြင်ကြပါတယ်။

ဒါပေမဲ့ ငြိမ်းချမ်းရေးကို တကယ်တမ်း တည်ဆောက်နိုင်ဖို့နဲ့ ရေရှည်တိုးတက်ဖွံ့ဖြိုးဖို့အတွက် အတိတ်က ပြဿနာတွေကို ကိုင်တွယ်ဖို့လိုတယ်လို့ ဆိုပါတယ်။ အသွင်ကူးပြောင်းရေးဟာ တဖက်စောင်းနင်း ဖြစ်နေပါတယ်တဲ့။ အရပ်သားအဖွဲ့အစည်းတွေ ပိုမိုလွတ်လပ်လာမှု၊ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနိုင်မှု၊ NLD အဖွဲ့ချုပ် လှုပ်ရှားနိုင်မှု စတာတွေရှိပေမဲ့ ကချင်ပြည်နယ်လိုနေရာမှာ လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားနေပါတယ်။ အပစ်အခတ်ရပ်စဲနိုင်တဲ့ ဒေသမှာ ကုမ္ပဏိကြီးတွေက မြေယာအများအပြား သိမ်းယူနေလို့ ဒေသခံတွေ နစ်နာဆုံးရှုံးနေတာကို မဖြေရှင်းနိုင်ဘဲ ဖြစ်နေပါတယ်။

မြေယာသိမ်းပိုက်မှုကို နေရာအနှံအပြားမှာ ကန့်ကွက်ဆန္ဒပြနေပေမဲ့ ထိရောက်စွာ အရေးယူဖို့ ပျက်ကွက်နေပါတယ်။ အပစ်အခတ်ရပ်စဲတဲ့ဒေသမှာ မတရားလုပ်နေတာကို အရေးမယူနိုင်တာဟာ စစ်အစိုးရဓလေ့ထုံးစံကို အမွေဆက်ခံသလို ဖြစ်နေပါတယ်။ ပြဿနာရဲ့  အခြေခံဇာစ်မြစ်ကို လေ့လာရာမှာ အတိတ်ကာလက တာဝန်မဲ့ခဲ့တာကို ပြန်လည်သုံးသပ်ဖို့ လိုအပ်ပါတယ်။ ဖိနှိပ်ညှဉ်းပမ်းမှုမှာ အပြစ်ရှိကြောင်း တာဝန်ရှိသူတွေက ဝန်ခံမယ်ဆိုရင် အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ ပိုပြီးအဆင်ပြေသွားမယ်လို့ ကိုမင်းကိုနိုင် က ပြောပါတယ်။ မတရားဖမ်းဆီးနှိပ်စက်ခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီစောင့်ရှောက်ဖို့ အစိုးရမှာ တာဝန်ရှိတယ်လို့ ကွယ်လွန်သူ ဦးဝင်းတင် က ပြောဖူးပါတယ်။ စစ်အစိုးရခေတ်မှာ နှိပ်စက်ညှဉ်းပမ်းခံရသူတွေရဲ့  ဒီမိုကရေစီ တိုက်ပွဲအသိအမှတ်ပြုဖို့ တောင်းဆိုနေကြပါတယ်။

လက်နက်ကိုင်ပဋိပက္ခနဲ့ နိုင်ငံရေးဖိနှိပ်မှု မြန်မာပြည်မှာ ဖြစ်ပွားနေတာ အနှစ် (၆၀) ကျော်ပါပြီ။ ဒါကြောင့် ဘာသာရေးနဲ့ လူမျိုးရေးအုပ်စုတွေအချင်းချင်း မယုံသင်္ကာဖြစ်တာတွေ များလာပါတယ်။ မြေယာသိမ်းပိုက်မှုကို မှန်ကန်စွာ ဥပဒေအရ အရေးယူနိုင်ဖို့အတွက် တရားစီရင်ရေးကို ထိရောက်စွာ ပြုပြင်ပြောင်းလဲဖို့ လိုပါတယ်။ လောလောဆယ်တော့ လွတ်လပ်ပြီး တရားမျှတတဲ့ တရားစီရင်ရေးဟာ မဖြစ်နိုင်တဲ့ကိစ္စပါ။ အုပ်ချုပ်ရေးဌာနနဲ့ ကင်းလွတ်တဲ့ တရားရေးဌာနပေါ်ထွက်လာရေး သိသာမြင်သာတဲ့ တရားစီရင်ရေး၊ အာဏာပိုင်က စိတ်ကြိုက်သုံးစွဲနေတဲ့ ဖိနှိပ်တဲ့ ဥပဒေတွေကို ရုတ်သိမ်းရေး စတာတွေဟာ ဦးသိန်းစိန်အစိုးရ ဦးစားပေးရမယ့် လုပ်ငန်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးယူဖို့ ပျက်ကွက်တာဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေပါတယ်။

ပြည်သူ့ယုံကြည်မှုကို ရယူလိုတဲ့အစိုးရဟာ အတိတ်ကာလ က ဖိနှိပ်ညှဉ်းပမ်းခဲ့တာတွေကို နည်းမျိုးစုံနဲ့ ဖြေရှင်းဖို့ လိုပါတယ်။ လူ့အခွင့်အရေး ချိုးဖျက်ခဲ့တာကို အတိအလင်း အသိအမှတ်ပြုနိုင်ပါတယ်။ ဒါမှမဟုတ်လဲ အမှန်တရားကို ထုတ်ဖော်ပြောဆိုဖို့ တောင်းပန်တာတွေ၊ လျော်ကြေးပေးတာတွေ လုပ်နိုင်ပါတယ်။ လောလောဆယ် ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကို မှတ်တမ်းတင်ပြီး အရေးယူနိုင်ရင် အစိုးရရဲ့  ပြည်သူ့အကျိုးဆောင်မှုနဲ့ လေးနက်မှုကို ပြသရာရောက်တဲ့အတွက် စစ်အစိုးရပေးခဲ့တဲ့ အမွေဆိုးကို ကျော်လွှားနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ အတိတ်ကကျူးလွန်ခဲ့တဲ့ပြစ်မှုကို လျစ်လျူရှုပြီး လောလောဆယ် ကျူးလွန်တဲ့ ပြစ်မှုကို အရေးမယူနိုင်တဲ့ အစိုးရကို ပြည်သူက ယုံကြည်မှာ မဟုတ်ပါဘူး။ မတရားမှုကို ကိုင်တွယ်ဖြေရှင်းနိုင်မှ လုံခြုံရေးနဲ့ တိုးတက်ဖွံ့ဖြိုးရေး ရှိနိုင်မယ်လို့ ကုလသမဂ္ဂက ယုံကြည်ပါတယ်။

မြန်မာပြည်မှာ အခုအထိ အကျိုးခံစားနေရသူတွေဟာ စစ်အုပ်စုပိုင်လုပ်ငန်းနဲ့ ခရိုနီတွေသာ ဖြစ်ပါတယ်။ ဒီလူတွေသာ ပြုပြင်ရေးကြောင့် အထူးအခွင့်အရေး ဆုံးရှုံးမှာကို စိုးရိမ်နေကြပါတယ်။ ပြည်သူကတော့ နစ်နာဆုံးရှုံးခဲ့ရတာတွေကို အသိအမှတ်ပြုပြီး အကူအညီ ပေးစေလိုပါတယ်။ အတိတ်ကို အတိတ်မှာထားခဲ့ရုံနဲ့ စစ်အစိုးရနဲ့ ဦးသိန်းစိန်အစိုးရ ကွဲပြားခြားနားတယ်လို့ မပြောနိုင်ပါဘူး။ ဗိုလ်ချုပ်ကြီးသိန်းစိန် ပါဝင်ခဲ့တဲ့ စစ်အစိုးရလုပ်ရပ်ကြောင့် ဘဝပျက်သွားခဲ့ရသူတွေကို ကူညီစောင့်ရှောက်တဲ့ ဦးသိန်းစိန်အစိုးရကိုသာ ဒီလူတွေက ယုံကြည်အားထားလာကြမှာ ဖြစ်ပါတယ်။

စစ်အစိုးရနဲ့ ကွဲပြားကြောင်းပြနိုင်တဲ့ အခွင့်အလမ်းတွေ ဦးသိန်းစိန်အစိုးရမှာ ရှိပါတယ်။ တရားမျှတအောင် လုပ်ပေးတာဟာ ငြိမ်းချမ်းရေးနဲ့ ပြုပြင်ရေးကို မထိခိုက်ပါဘူး။ ဖိနှိပ်ညှဉ်းပမ်း သတ်ဖြတ်တာကို ရပ်ဆိုင်းရုံနဲ့ ကိစ္စမပြီးပါဘူး။ ဖိနှိပ်ညှဉ်းပမ်း သတ်ဖြတ်တဲ့ဒဏ်ကို ခံခဲ့ရသူတွေအတွက် တရားမျှတစွာ ဖြေရှင်းပေးနိုင်ဖို့ လိုပါတယ်။ တရားမျှတမှု မရှိဘူးလို့ ပြည်သူ့ဘက်က ယူဆရင် ပြန်လည်သင့်မြတ်ရေးလုပ်နိုင်ဖို့ အလွန်ခက်ခဲကြောင်း နယူးရောက်အခြေစိုက် International Center for Transitional Justice အဖွဲ့ရဲ့  အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။

VOA

Admin .thuraaung
Htoosan(everday new)

ဆေးပညာသတင်းဆန်းများ (၇၈) ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ®®®®®®®®®®®®®®®®®

ဆေးပညာသတင်းဆန်းများ (၇၈)
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®

ဒေါက်တာ ကံညွန့်

ယခုဖော်ပြလိုတဲ့ သတင်းကတော့ ကလေးတွေကို နံနက်စောစော ကျောင်းသွားခိုင်းခြင်းဟာ ကလေးကို အိပ်ရေးမ၀ဖြစ်စေနိုင်ပြီး ကလေးတွေရဲ့ ကိုယ်စိတ်ကျန်းမာရေးကို ထိခိုက်နိုင်တယ်ဆိုတဲ့ သတင်းပါ။ သူတို့ အဆိုအရ ကလေးကျောင်းတက်ချိန်ကို နံနက် ၈ နာရီခွဲထက် မစောသင့်ဘူးလို့ ဆိုပါတယ်။ ဒီလေ့လာချက်ကို ထုတ်ပြန်လိုက်တာက American Academy of Pediatries (AAP) အသင်းကြီးက ဖြစ်ပြီး Pediatries ဂျာနယ်မှာ ဖော်ပြထားတာပါ။ ကလေးတွေဟာ အနည်းဆုံး ၁၀ နာရီ လောက် အိပ်သင့်ပြီး နံနက် ၇ နာရီခွဲ ၈ နာရီမှာ ကျောင်းသွားတာဟာ အိပ်ရေးမ၀ဖြစ်စေကာ ကလေးတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို ထိခိုက် စေပြီး တာရှည်အအိပ်နည်းပါးစေခြင်းဟာ စိတ်ကျရောဂါ၊ အဝလွန် ရောဂါတို့ကိုပါ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ ကလေးတွေကို နောက်ကျမှ ကျောင်းလွှတ်ခြင်းဖြင့် ကလေးတွေ ကျောင်းမှာအိပ်ငိုက်တဲ့ အချိန်ကို အထူး လျော့ပါးစေပြီး စာသင်ကြားရာမှာ ပိုမိုစိတ်ဝင်စားမှု များလာနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အမေရိကန် နိုင်ငံမှာတော့ ဝါရှင်တန် ဒီစီမှာရှိတဲ့ Children National Health System က ကလေးတွေရဲ့ ကျောင်းတက် ချိန်ကို ဟြေင်းလဲသတ်မှတ်ဖို့ စီစဉ်နေပါတယ်။ နောက်ပြီး APP အသင်းအောက်မှာရှိတဲ့ Adolescent Sleep Working Group ကလည်း Council of School Health ကော်မတီနဲ့ ပူးပေါင်းဆောင်ရွက် နေပါတယ်။ သူတို့ဟာ ကျောင်းတက်စအရွယ်မှ မြီးကောင်ပေါက်စ ဆယ်ကျော်သက် အရွယ်အထိ အိပ်ရေးဝအောင် အိပ်ပြီးမှ ကျောင်းတက် သင့်တဲ့အကြောင်း အကြံပြုထားတာကို တင်ပြလိုက်ရပါတယ်။

ကင်ဆာရောဂါရှင်များ စိတ်ကျရောဂါခံစားနေရ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®

နောက်ဖော်ပြလိုတဲ့ သတင်းကတော့ ကင်ဆာရောဂါ ရှင်တွေအားလုံးရဲ့ လေးပုံ သုံးပုံဟာ စိတ်ကျရောဂါ (Depression)ကို ဆိုးရွားစွာ ခံစားနေရပြီး အများ အားဖြင့် သူတို့ဟာ ဒီစိတ်ရောဂါအတွက် ကုသမှုမခံယူ ကြရဘူးလို့ လေ့လာချက်တစ်ခုက ထောက်ပြ ထားပါတယ်။ ဒီလေ့လာချက် ပြုလုပ်ခဲ့တာကတော့ အင်္ဂလန်နိုင်ငံ Oxford နှင့် Edinburg တက္ကသိုလ်က ဆေးပညာရှင်တွေဖြစ်ပါတယ်။ သူတို့အဆိုအရ ပြင်းထန်တဲ့ စိတ်ကျရောဂါဟာ သာမန်လူထုထဲမှာထက် ကင်ဆာရောဂါဝေဒနာ ရှင်တွေမှာ ပိုများတယ်လို့ ဆိုပါတယ်။ သူတို့ဟာ ၂၀၀၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း Scotland မှာရှိတဲ့ ဆေးခန်းတွေက ကင်ဆာရောဂါဝေဒနာ ရှင်ပေါင်း ၂၁၀၀၀ ကို လေ့လာ ထားခဲ့ကြတာဖြစ်ပါတယ်။ စိတ်ကျရောဂါ အများဆုံး ခံစားရတတ်တဲ့ ကင်ဆာရောဂါအမျိုးမျိုးတွေထဲမှာ အဆိုးရွားဆုံးကတော့ အဆုတ်ကင်ဆာဖြစ်ပြီး ဒုတိယကတော့ မီးယပ်နှင့် ပတ်သက်တဲ့ အမျိုးသမီးတွေရဲ့ သားအိမ်နဲ့ သားအိမ်ခေါင်းကင်ဆာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ပြီးမှ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ အစာအိမ်ကင်ဆာတို့ဖြစ်ပြီး နောက်ဆုံး မှာတော့ ဆီးလမ်းကြောင်း ကင်ဆာတို့ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ယခုအခါ ဆေးသုတေသီတွေဟာ ကင်ဆာဆရာဝန်ကြီးတွေနှင့် စိတ်ရောဂါဆရာဝန်၊ မိသားစုဆရာဝန်တွေပါဝင်မယ့် Depression Care For People with Cancer (DCPC) ခေါ်တဲ့ အဖွဲ့တစ်ခုကို ဖွဲ့စည်းပြီး ကင်ဆာဝေဒနာရှင်တွေ စိတ်ကျရောဂါနှင့် ပတ်သက်ပြီး ကုသပေးနိုင်တဲ့ စီမံကိန်း တစ်ခုကို အကောင်အထည်ဖော်ဖို့ လုပ်ဆောင် နေကြပါတယ်။ ဒါဟာ ကင်ဆာဖြစ်သူတွေ စိတ်ချမ်းမြေ့စွာ နေနိုင်ဖို့နှင့် သူတို့ကို လျစ်လျူရှုနေခြင်းဖြင့် စိတ်ကျရောဂါမဖြစ်အောင် လုပ်ရတဲ့ စီမံကိန်း ဖြစ်တယ်ဆိုတာ တင်ပြလိုက်ရပါတယ်။

အမေ့လွန်ရောဂါဖြစ်နိုင်ခြေ ရှိမရှိ ကြိုတင်သိနိုင်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®

အသက်အရွယ်ကြီးလာရင် မျက်စိစစ်ဆေးခြင်းဖြင့် သက်ကြီး ရွယ်အိုတွေမှာ ဖြစ်တတ်တဲ့ အမေ့လွန်ရောဂါ (Alzheimer's Disease) ဖြစ်နိုင်ခြေရှိမရှိ ကြိုသိနိုင်ပြီဆိုတဲ့ သတင်းပါ။ ဒီတွေ့ရှိချက်ကိုတော့ Australia နိုင်ငံက ဆေးပညာရှင်တွေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ Australia နိုင်ငံမှာအခြေစိုက်တဲ့ ဓနသဟာယ နိုင်ငံပေါင်းစုံ သိပ္ပံနှင့် စက်မှုဆိုင်ရာ သုတေသနအဖွဲ့ Common Wealth  Scientific and Industrial Research Organization (CSIRO) ခေါ်တဲ့ အဖွဲ့ကြီးက ဦးဆောင် သုတေသနပြုခဲ့ကြတာဖြစ်ပါတယ်။ သူတို့ပြုလုပ်ခဲ့တဲ့ လေ့လာမှုမှာ လူ ၂၀၀ ခန့် ပါဝင်ခဲ့ပြီး Tumeric Spice ခေါ်တဲ့ ဟင်းခပ်ပစ္စည်း တစ်ခုဖြစ်တဲ့ နနွင်းမှာပါတဲ့ (Curcumin) ဆိုတဲ့ဓာတ်နဲ့ Beta- amyloid Protein နှစ်မျိုးပေါင်းစပ်ပြီး ဦးနှောက်ရဲ့ ကလာပ်စည်းတွေမှာ အနည်ထိုင်တာကြောင့် Alzheimer ရောဂါဖြစ်ရတယ် ဆိုတာကို အခြေခံပြု စမ်းသပ်ခဲ့တာဖြစ်ပါတယ်။ ဒီလိုပေါင်းစပ်နေတာကို မျက်စိအတွင်းက အာရုံခံ လွှာဖြစ်တဲ့ Retina မှာ တွေ့နိုင်တယ်လို့ ဆိုပါတယ်။ ပထမစမ်းသပ်တဲ့ လူအယောက် ၄၀ ထဲမှာ Alzheimer ရှိတဲ့ သူတွေမှာ ၁၀၀ ရာခိုင်နှုန်း ဒီလိုပေါင်းစပ်တာကို တွေ့နိုင်ပြီး ရောဂါမရှိသူတွေမှာ ၈၀ ရာခိုင်နှုန်း မတွေ့ရ ဘူးလို့ ဆိုပါတယ်။ ဒီလိုမျက်စိမှာ သဲလွန်စတွေ့ပြီဆိုတာနဲ့ နောက်ထပ် ဦးနှောက်ကို စစ်ဆေးနိုင်တဲ့ MRI (Magnetic Resonance Imaging), P.E.T (Positrol Emission Tomography) နည်းတွေနဲ့ ပိုသေချာအောင် စစ်ဆေး နိုင်တယ်ဆိုတာ တင်ပြလိုက်ရပါတယ်။

ကင်ဆာရောဂါကို စောစီးစွာကုသမှုခံယူ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®
ကင်ဆာရောဂါဟာ စောစီးစွာ ကုသမှုခံယူရင် အသက်ရှည်နိုင်စွမ်းရှိပေမယ့် နောက်ကျပြီးမှ ကုကြရင်တော့ ကုရမလွယ်ကူတဲ့ ရောဂါတစ်ခုပါပဲ။ ကင်ဆာ ရောဂါကို ကုနိုင်ဖို့ ဆေးသိပ္ပံပညာရှင်တွေ အမျိုးမျိုးကြိုးစားခဲ့ရာမှာ ယခုအခါ ကင်ဆာရောဂါ တော်တော်များများကို ကုသနိုင်မယ့် ဆေးတစ်ခုကို တီထွင်နိုင်ခဲ့ကြပါတယ်။ ဒီဆေးကိုတော့ Cisplatin လို့ အမည်ပေးထားပြီး Platin M အမည်နဲ့ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ဒီဆေးကို ရှာဖွေတွေ့ရှိခဲ့တာကတော့ အမေရိကန်နိုင်ငံ Georgia University က ဆေးသိပ္ပံပညာရှင်တွေ ဖြစ်ပါတယ်။ ဒီဆေးကို Nano နည်းပညာနဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီဆေးအစိတ်အပိုင်း တစ်ခုစီဟာ ဆံပင်ချည်မျှင်ထက် အဆ ၁၀၀၀ သေးငယ်တဲ့ particle တွေနဲ့ ပြုလုပ်ထားတာလို့ ဆိုပါတယ်။ ဒီဆေးရဲ့ အစွမ်းဟာ Cancer Cells တွေရဲ့ အရေးကြီးဆုံး အပိုင်းဖြစ်တဲ့ Mitochondrial DNA ကို တိုက်ရိုက်တိုက်ဖျက်နိုင်တာလို့ဆိုပါတယ်။ ဒီဆေးဟာ ကင်ဆာအမျိုးပေါင်း ငါးမျိုးကို ကုသနိုင်မှာ ဖြစ်ပါတယ်။ အဲဒီကင်ဆာတွေကတော့ ဆီးအိမ်(Bladder)၊ မျိုးဥ (Ovarian)၊ သားအိမ် ခေါင်း (Cervical)၊ ဝှေးစေ့ (Testis)နှင့် အဆုတ် (Lung) ကင်ဆာတို့ပဲ ဖြစ်ပါတယ်။ ဒီဆေးပေါ်ပေါက်လာတာဟာ ကင်ဆာဝေဒနာရှင်တွေအတွက် ဝမ်းသာစရာ သတင်းတစ်ခုအဖြစ် ဖော်ပြလိုက် ရပါတယ်။

နှလုံးကြွက်သားလှုပ်ရှားမှု အားပျော့ရောဂါ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®

နောက်ဖော်ပြလိုတဲ့ သတင်းတစ်ပုဒ်ကတော့ Heart Failure ခေါ်တဲ့ နှလုံးကြွက်သားလှုပ်ရှားမှု အားပျော့ သွားတဲ့ရောဂါအတွက် ပေါ်လာတဲ့ အစွမ်းထက်တဲ့ ဆေးတစ်ခုအကြောင်းပါ။ ဒီဆေးကို LCZ 696 လို့ အမည်ပေးထားပြီး ထုတ်လုပ်တဲ့ ကုမ္ပဏီကတော့ Swisszerland နိုင်ငံက နာမည်ကြီး Novartis ဆေးကုမ္ပဏီ ဖြစ်ပါတယ်။ ဒီဆေးအကြောင်းကို စပိန်နိုင်ငံ Barcelona မှာ ကျင်းပတဲ့ European Society of Cardiology မှာ တင်ပြခဲ့တာဖြစ်ပါတယ်။ ဒီဆေးနှင့် ပတ်သက်ပြီး စမ်းသပ်ထားချက်တွေကို နှလုံးရောဂါပါရဂူတွေက ဆွေးနွေး လက်ခံခဲ့ ကြတာဖြစ်ပါတယ်။ Heart Failure ရောဂါမှာ နှလုံးကို ရောက်လာတဲ့သွေးတွေကို ကိုယ်ခန္ဓာ တစ်ခုလုံးရောက်အောင် နှလုံးကြွက်သား က ညှစ်ထုတ်မပေးနိုင်တော့တာဖြစ်ပါတယ်။ ဒါဟာ Ventricle ခေါ်နှလုံးရဲ့ အောက်ဘက် ကြွက်သားဟာကြီးပြီး အားပျော့သွားတာကြောင့် ဖြစ်တာပါ။ ဒီအခြေအနေကို တိုးတက်အောင် ဒီဆေးက ဆောင်ရွက်နိုင်မယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် Heart Failure ဝေဒနာ ရှင်တွေအတွက် အသက်ပိုရှည်နိုင်တဲ့ ဆေး အဖြစ် ဖော်ပြလိုက်ရပါတယ်။

အဝလွန်ရောဂါဖြစ်သူများ သတိထားနေထိုင်သင့်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®
နောက်ဖော်ပြလိုတဲ့ သတင်းတစ်ပုဒ်ကတော့ ကိုယ်အလေးချိန် များနေသူတွေနဲ့ အဝလွန်ရောဂါ ဖြစ်နေသူတွေ အတွက် ဘယ်လိုသတိထား နေထိုင်သင့်တယ် ဆိုတဲ့ လမ်းညွှန်ချက်ပါ။ ဒီလမ်းညွှန်ချက်ကို အမေရိကန်နိုင်ငံ ရောဂါကာကွယ်ရေးဆိုင်ရာ တပ်ဖွဲ့ United States Preventive Services Task Force (USPSTF) အဖွဲ့ကြီး က ထုတ်ပြန်လိုက်တာပါ။ ကိုယ်အလေးချိန် သာမန်ထက်ပိုများနေသူတွေ၊ အဝလွန် ဖြစ်နေသူတွေ၊ အမှတ်(၂) ဆီးချိုရောဂါရှိနိုင်သူတွေဟာ သွေးတိုးရောဂါရှိပြီး သွေးထဲမှာ Cholestrol နှင့် သကြားဓာတ် (Sugar) သာမန်ထက် များနေတယ်ဆိုရင် Metabolic Syndrone ရှိသူတွေလို့ သတ်မှတ်ထားပါတယ်။ဒီလူတွေဟာ နှလုံးရောဂါ ဖြစ်နိုင်ခြေ အလွန်မြင့်မားနေတာကြောင့် ဒီလူတွေဟာ သမားတော်ကြီးတွေထဲမှာ ဆေးစစ် ကုသမှုခံယူပြီး သူတို့ရဲ့လမ်းညွှန်မှု အောက်မှာ နေသင့်ကြောင်း အကြံပြုထားပါတယ်။ ဒီအကြောင်းကို အမေရိကန် နိုင်ငံမှာ ထုတ်ဝေတဲ့ Annals of Internal Medicine ဂျာနယ်မှာ ဖော်ပြထားတာပါ။ လူတစ် ယောက်ဟာ သူ့အတွက် အလေးချိန် ပိုများနေသလား၊ အဝလွန်ဖြစ်နေသလားဆိုတာကို သူ့ရဲ့ အရပ်နှင့် အလေးညွှန်း Body Mass Index အရ သိနိုင်ပါတယ်။ အလေးချိန်ပိုနေသူ Overweight နှင့် အဝလွန်သူ Obesity ဖြစ်နေလင့်ကစား ဒီလူမှာ သွေးတိုး၊ ဆီးချိုမရှိဘူး၊ သွေးထဲမှာ Cholestrol ဓာတ် ကလည်း သာမန်ထက်မပို ဘူးဆိုရင် ဒီလူကို Metabolically Healthy Obesity (M.H.O) လို့ သတ်မှတ်ပြီး ဒီလူဟာ နှလုံးရောဂါ ဖြစ်နိုင်ခြေ နည်းပါးကြောင်း တင်ပြရင်း ယခုအပတ် ဆေးပညာသတင်းဆန်းများ တင်ပြခြင်း ကို နိဂုံးချုပ်လိုက်ရပါသည်​။

Admin .thuraaung
Htoosan(everday new)

အုန်းပင်အကြောင်း သိကောင်းစရာ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ®®®®®®®®®®®®®®®®®®

အုန်းပင်အကြောင်း သိကောင်းစရာ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®

အုန်းသီးစိမ်း အနု

အုန်းသီးစိမ်းသည် သည်းခြေဖျား၊ သွေးဖောက်ပြန်ခြင်း၊ ရေငတ်ခြင်း၊ အန်ခြင်း၊ ပူလောင်ခြင်း၊ အော့အန်ခြင်း၊ သွေးအန် သွေးကျများကို လျင်မြန်စွာ ပျောက်ကင်းနိုင်၏။

အုန်းသီးစိမ်းအရင့်

ချို၏။ အပူကိုဖြစ်စေ၏။ သည်းခြေကို ပွားများစေသည်။ ကြေကျက်ခဲ၏။ မလတို့ကိုချုပ်စေ၏။ အားကိုပွားစေ၏။ သုတ်ပွား၏။

အုန်းသီးအခြောက်

အုန်းသီးအခြောက်သည် ကြေကျက်ခဲ၏။ အပူကြိုဖစ်စေ၏။ နူးညံ့၏။ မလတို့ကို ချုပ်စေ၏။ သည်းခြေကို ပျက်စေ၏။ ၎င်းပြင် သုတ်ကိုပွားစေ၏။ အားကိုဖြစ်စေ၏။ နှုတ်ကိုမြိန်စေ၏။

အုန်းနို့

အုန်းနို့သည် အားကိုဖြစ်စေ၏။ နှုတ်ကိုမြိန်စေတတ်၏။ ၀မ်းမီးချက်ပြီးသည့်နောက် ချို၏၊ ပြေပြစ်၏၊ သုက်ကိုပွားစေ၏၊ အပူကိုလည်း ဖြစ်စေတတ်၏၊ လေရောဂါ သလိပ်ရောဂါနှင့် ဂူလုံးရောဂါများ၊ ချောင်းဆိုး ရောဂါများကို နိုင်၏၊ များစွာစားမူ ဝမ်းသက်စေတတ်၏။

အလွန်နုသော အုန်းစိမ်းရည်

အလွန်နုသော အုန်းစိမ်းရည်သည် များသောအားဖြင့် ဝမ်းကျ စေတတ်၏။

မနု မရင့် အလတ်စား အုန်းစိမ်းရည် အချို

မနု မရင့် လတ်လတ် ဆတ်ဆတ်အုန်းစိမ်းရည်သည် သုက်ကို ပွားစေ၏၊ အဆီသြဇာ ရှိ၏၊ ချို၏၊
အချို့စဉ်းငယ်ဖန်၏၊ အေး၏၊ ကြေလွယ်၏၊ ပေါ့၏၊ ရေငတ်ခြင်း၊ သည်းခြေနာ၊ လေနာတို့ကို နိုင်၏၊ ဝမ်းမီးကို တောက်စေတတ်၏၊ ဆီးကို ရွှင်စေတတ်၏၊ ဝမ်းမီး ချက်ပြီးသည့်နောက် ချို၏။

မနု မရင့် အလတ်စား အုန်းစိမ်းရည် အငန်

မနု မရင့် အလတ်စား အုန်းစိမ်းရည်သည် ချိုငန်ပျပျရှိ၏၊ နှလုံးကို ကြည်လင်စေတတ်၏၊ နှုတ်ကို မြိန်စေတတ်၏၊ အားကိုဖြစ်စေတတ်၏။

အလွန်ရင့်သော အုန်းရည်

အလွန်ရင့်သော အုန်းရည်သည်၎င်း၊ ဆွတ်ခူး၍ကြာပြီးသော အုန်းရည်သည်၎င်း မလတို့ကို ချုပ်စေ၏၊ ဝမ်းချုပ်စေ၏၊ ကြေခဲ၏၊ သည်းခြေကို ပျက်စေ၏။

အုန်းစိမ်းရည်

အုန်းရည်ကို စဥ့်အိုးတွင်ထည့်၍ စိမ်ဆေးရည်များကဲ့သို့ အချဉ်ဖောက်ထားသော အရည်သည် ဝမ်းမီးတောက်စေ၏၊ ပိုးတို့ကိုနိုင်၏။

အုန်းဆီ

အုန်းဆီသည် အားကိုဖြစ်စေ၏၊ ကြေကျက်ခဲ၏၊ အားကုန်ခန်းသောသူများကို အားအင်တိုးစေတတ်၏၊ ဝဖြိုးစေတတ်၏၊ ပိုးကိုနိုင်၏၊ လေနှင့် သည်းခြေကို နိုင်၏၊ ၄င်းအပြင် ဆီးချုပ်နာ၊ ပြည်တူလာသရောနာ၊ ပန်းနာရင်ကျပ်၊ ချောင်းဆိုးခြင်း၊ အဆုတ်နာဖြစ်ခြင်း၊ အသိတရား နည်းပါးခြင်း၊ မေ့လျော့ခြင်း၊ ထိခိုက်သော ဒဏ်နာများကို အလွယ်တကူ ပျောက်ကင်းစေ၏၊ ကျင်ကြီး၊ ကျင်ငယ်တို့ကို ရွှင်စေ၏၊ ဝမ်းမီးကို ပျက်စေတတ်၏၊ ခါးကိုက်နာခြင်းများကိုလည်း ပျောက်ကင်းစေ၏၊ ဝဲစို၊ ဝဲခြောက်များကိုလည်း ပယ်ဖျောက်တတ်၏။

အုန်းမြစ်

အုန်းမြစ်သည် ဆီးရွှင်၏၊ လည်ချောင်း အာခေါင်၌ ပေါက်သော အဖုများကိုလည်း ပယ်ဖျောက်တတ်၏၊ တွန့်ရှုံ့စေတတ်၏။

အုန်းမြစ်ပြုတ်ရည်

အုန်း ၃ကျပ်၊ ရေ ၄၈ကျပ်နှင့် ၆ ကျပ်သား ကျန်အောင်ကျို၍ တခွက်စာ ၃ ကျပ်သားမျှ သောက်မူ ညောင်းကျေ၇ာဂါ၊ အသက်ရှူ ပြွန်တံရောင်ခြင်း၊ အသည်းနှင့်ပတ်သတ်သော ကိုယ်ရေ၀ါ ရောဂါတို့ကို ပယ်တတ်၏။ ၎င်း ၀မ်းကိုက်ခြင်း သလိပ်နှင့်ရော၍ သွေးစ သွေးနပါခြင်း၊ သွေးအန် သွေးကျနှင့် ယှဉ်လျက် ဖျားခြင်းတိုပကိုလည်း ပယ်ဖျောက်တတ်၏။

(မှတ်ချက်။ အရှင်နာဂသိန်ရေးသားတော်မူသော ပုံပြဆေးအဘိဓာန် စတုတ္ထတွဲ မှ ကောက်နှုတ်ဖော်ပြပါသည်။)
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

Monday, October 13, 2014

ကျိုတ်​လတ်​မြို့  မီးကွင်းဘုရားကြီးမှာ သီတင်းကျွတ်​ လပြည့်​​ကျော်​ ၁ရက်​​နေ့ ကစလို့  ဘုရား​အောက်​​ခြေ တည့်​တည့်​မှာ ထူးဆန်းတဲ့ အသံ​တွေ စတင်​ကြားရ ပါတယ်​။

ဓာတ်​ပုံ
ထူးဆန်း​သော အသံများထွက်​​ပေါ​သော ​နေရာသို့ 
လာ​ရောက်​​စောင့်​ဆိုင်းနား​ထောင်း​နေကြသူများ

11.​အောက်​တိုဘာ.2014
ကျိုတ်​လတ်

ကျိုတ်​လတ်​မြို့  မီးကွင်းဘုရားကြီးမှာ သီတင်းကျွတ်
လပြည့်​​ကျော်​ ၁ရက်​​နေ့ ကစလို့  ဘုရား​အောက်​​ခြေ
တည့်​တည့်​မှာ ထူးဆန်းတဲ့ အသံ​တွေ စတင်​ကြားရ
ပါတယ်​။ဒီ​နေ့ ဆို ကြား​နေရတာ ၃ရက်​ရှိပါပြီ။
ပထမစတင်​​ကြားရတဲ့​နေ့ ကဆို လူ​ပေါင်းများစွာ လာ
ရောက်​နား​ထောင်​ကြသူအားလုံး အဲအသံကို ကြားရ
ပါတယ်​ မ​နေ့ ညက​တော့ လူအ​ယောက်​ သုံးရာနီးပါ
လောက်​ လာ​ရောက်​နား​ထောင်​ကြပါတယ်

           ကြားရတဲ့ အသံ​တွေမှာ​တော့ ​ရေ​ရေရာရာ
ဝေခဲမရ​အောင်​ ရှုပ်​​ထွေး​နေပါတယ်​။အသံ​တွေက​တော့
ကျယ်​ပါတယ်​ ။တစ်​ခါတစ်​ခါ လူတစ်​​ယောက်​ ​အော်​​ပြော
နေသ​လောက်​ကို ကျယ်​ပါတယ်။ ဘုရားအ​နောက့်​က
အုတ်​နံရံမှ ကပ်​နား​ထောင်​ရင်​ ပိုပြီး​တော့ ရှင်းရှင်းကြား
ရပါတယ်​။ ၄င်းအသံအ​ကြောင်းကို အမျိုးမျိုး ​ပြောဆို​နေ
ကြ​သော်​ ကျွန်​​တော်​ ​ရောက်​သွားချိန်​မှာ​တော့ ကျွန်​​တော်
ကြားရတဲ့ အသံက​တော့ သတ္တ၀ါဆိုးတစ်​​ကောင်​ ကို
လှောင်​အိမ်​ထဲမှာ ပိတ်​​လှောင်​ထားသလို့ မျိုး ကုတ်​ခြစ်
ရိုက်​ပုတ်​​နေသလိုမျိုး ၊ အဆိုးဆုံးက​တော့ တိုင်​နဲ့ ​ခေါင်း
စောင့်​​နေသလို့  တစ်​ဒုန်းဒုန်းနဲ့  အပြင်​က လူအများကြီး
ဆူ​နေတဲ့ အသံကို​တောင်​ ​​ကျော်​ပြီး​တော့ ကြားရပါတယ်
ပြောရမယ်​ဆိုရင်​​တော့ အသံဆိုးလို့ ပဲ​ပြောရမလိုပါပဲ
ကျွန်​​တော်​ အရင်​ ဟမ်းဖုန်းနဲ့  အသံဖမ်းထားတဲ့ အသံ
ကို နား​ထောင်​ကြည့်​မိ့တာက​တော့ ဆူညံ​နေတဲ့ အသံ
တွေကြားထဲ​တောင်​ ​ကျော်​လွန်​ပြီး ဗုန်းဗုန်း ဒုန်းဒုန်း အိုးသံ
ခွက်​သံမျိုး​တွေလိုမျိုးပါ ပီပီသသ ကြားရပါတယ်
ဘာ​တွေမှန်း​သေ​သေချာ မ​ဝေခွဲနိုင်​​ပေမဲ့ ၄င်းအသံတိုင်း
ကြားရ​ကြောင်း အားလုံးက အတည်​ပြု​ပြောကြားပါတယ်
မ​နေ့ ကတော့ အမျိုးသမီးတစ်​​ယောက်​ကို နဂါးဝင်​​ရောက်​ပူးကပ်​တယ်​လို့ ဆိုပါတယ်​ .ကျွန်​​တော်​ စိတ်​အထင်​က​တော့ ဘုရား​အောက်​က ​မြေပျို​နေခြင်းလား။ ဒါမှမဟုတ်
ဂလိုင်​လိုမျိုးလိုမျိုးဖြစ်​​နေပြီး င​ရွေးလိုမျို ငါကြီးကြီးတစ်​​ကောင်​​ကောင်​ က တွင်းခတ်​​နေခြင်းပဲလား လို့  သံသယ
ရှိ​နေ​ပေမဲ့ ​အောက်​​ခြေ​နေရာ အနှံအပြားကို ဆင်းစမ်းကြ
သော်​လဲ ဘာမှ မ​တွေ့ ခြင်း၊ ​နောက်​ တစ်​ခါတစ်​ခါ၃​နေရာ
လောက်​က ကြားရခြင်း ၊​နာရီကြည့်​ပြီး အသံ​ပေး​နေသလိုမျိုး မိုးချုပ်​က​နေ ၁၀ အ​တော့အတွင်းသာ အသံ
ပေးခြင်း ၊တစ်​၀ုန်းဝုန်း အသံကြား​နေရချိန်​​တွေမှာ ​ရေမှာ
ပိုမိုတည်​ငြိမ်​​နေသလိုမျိုးဖြစ်​​နေခြင်း၊ စသည်​ အချက်​များ
ဖြင့်​ လာ​ရောက်​နား​ထောင်​သူများ ပိုမိုများပြားလာကာ
အဖြစ်​မှန်​ကိုသေချာ​နေ​သေးသမျှ​တော့ထူးနေဦးမည်သာ။