အုန်းပင်အကြောင်း သိကောင်းစရာ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®
အုန်းသီးစိမ်း အနု
အုန်းသီးစိမ်းသည် သည်းခြေဖျား၊ သွေးဖောက်ပြန်ခြင်း၊ ရေငတ်ခြင်း၊ အန်ခြင်း၊ ပူလောင်ခြင်း၊ အော့အန်ခြင်း၊ သွေးအန် သွေးကျများကို လျင်မြန်စွာ ပျောက်ကင်းနိုင်၏။
အုန်းသီးစိမ်းအရင့်
ချို၏။ အပူကိုဖြစ်စေ၏။ သည်းခြေကို ပွားများစေသည်။ ကြေကျက်ခဲ၏။ မလတို့ကိုချုပ်စေ၏။ အားကိုပွားစေ၏။ သုတ်ပွား၏။
အုန်းသီးအခြောက်
အုန်းသီးအခြောက်သည် ကြေကျက်ခဲ၏။ အပူကြိုဖစ်စေ၏။ နူးညံ့၏။ မလတို့ကို ချုပ်စေ၏။ သည်းခြေကို ပျက်စေ၏။ ၎င်းပြင် သုတ်ကိုပွားစေ၏။ အားကိုဖြစ်စေ၏။ နှုတ်ကိုမြိန်စေ၏။
အုန်းနို့
အုန်းနို့သည် အားကိုဖြစ်စေ၏။ နှုတ်ကိုမြိန်စေတတ်၏။ ၀မ်းမီးချက်ပြီးသည့်နောက် ချို၏၊ ပြေပြစ်၏၊ သုက်ကိုပွားစေ၏၊ အပူကိုလည်း ဖြစ်စေတတ်၏၊ လေရောဂါ သလိပ်ရောဂါနှင့် ဂူလုံးရောဂါများ၊ ချောင်းဆိုး ရောဂါများကို နိုင်၏၊ များစွာစားမူ ဝမ်းသက်စေတတ်၏။
အလွန်နုသော အုန်းစိမ်းရည်
အလွန်နုသော အုန်းစိမ်းရည်သည် များသောအားဖြင့် ဝမ်းကျ စေတတ်၏။
မနု မရင့် အလတ်စား အုန်းစိမ်းရည် အချို
မနု မရင့် လတ်လတ် ဆတ်ဆတ်အုန်းစိမ်းရည်သည် သုက်ကို ပွားစေ၏၊ အဆီသြဇာ ရှိ၏၊ ချို၏၊
အချို့စဉ်းငယ်ဖန်၏၊ အေး၏၊ ကြေလွယ်၏၊ ပေါ့၏၊ ရေငတ်ခြင်း၊ သည်းခြေနာ၊ လေနာတို့ကို နိုင်၏၊ ဝမ်းမီးကို တောက်စေတတ်၏၊ ဆီးကို ရွှင်စေတတ်၏၊ ဝမ်းမီး ချက်ပြီးသည့်နောက် ချို၏။
မနု မရင့် အလတ်စား အုန်းစိမ်းရည် အငန်
မနု မရင့် အလတ်စား အုန်းစိမ်းရည်သည် ချိုငန်ပျပျရှိ၏၊ နှလုံးကို ကြည်လင်စေတတ်၏၊ နှုတ်ကို မြိန်စေတတ်၏၊ အားကိုဖြစ်စေတတ်၏။
အလွန်ရင့်သော အုန်းရည်
အလွန်ရင့်သော အုန်းရည်သည်၎င်း၊ ဆွတ်ခူး၍ကြာပြီးသော အုန်းရည်သည်၎င်း မလတို့ကို ချုပ်စေ၏၊ ဝမ်းချုပ်စေ၏၊ ကြေခဲ၏၊ သည်းခြေကို ပျက်စေ၏။
အုန်းစိမ်းရည်
အုန်းရည်ကို စဥ့်အိုးတွင်ထည့်၍ စိမ်ဆေးရည်များကဲ့သို့ အချဉ်ဖောက်ထားသော အရည်သည် ဝမ်းမီးတောက်စေ၏၊ ပိုးတို့ကိုနိုင်၏။
အုန်းဆီ
အုန်းဆီသည် အားကိုဖြစ်စေ၏၊ ကြေကျက်ခဲ၏၊ အားကုန်ခန်းသောသူများကို အားအင်တိုးစေတတ်၏၊ ဝဖြိုးစေတတ်၏၊ ပိုးကိုနိုင်၏၊ လေနှင့် သည်းခြေကို နိုင်၏၊ ၄င်းအပြင် ဆီးချုပ်နာ၊ ပြည်တူလာသရောနာ၊ ပန်းနာရင်ကျပ်၊ ချောင်းဆိုးခြင်း၊ အဆုတ်နာဖြစ်ခြင်း၊ အသိတရား နည်းပါးခြင်း၊ မေ့လျော့ခြင်း၊ ထိခိုက်သော ဒဏ်နာများကို အလွယ်တကူ ပျောက်ကင်းစေ၏၊ ကျင်ကြီး၊ ကျင်ငယ်တို့ကို ရွှင်စေ၏၊ ဝမ်းမီးကို ပျက်စေတတ်၏၊ ခါးကိုက်နာခြင်းများကိုလည်း ပျောက်ကင်းစေ၏၊ ဝဲစို၊ ဝဲခြောက်များကိုလည်း ပယ်ဖျောက်တတ်၏။
အုန်းမြစ်
အုန်းမြစ်သည် ဆီးရွှင်၏၊ လည်ချောင်း အာခေါင်၌ ပေါက်သော အဖုများကိုလည်း ပယ်ဖျောက်တတ်၏၊ တွန့်ရှုံ့စေတတ်၏။
အုန်းမြစ်ပြုတ်ရည်
အုန်း ၃ကျပ်၊ ရေ ၄၈ကျပ်နှင့် ၆ ကျပ်သား ကျန်အောင်ကျို၍ တခွက်စာ ၃ ကျပ်သားမျှ သောက်မူ ညောင်းကျေ၇ာဂါ၊ အသက်ရှူ ပြွန်တံရောင်ခြင်း၊ အသည်းနှင့်ပတ်သတ်သော ကိုယ်ရေ၀ါ ရောဂါတို့ကို ပယ်တတ်၏။ ၎င်း ၀မ်းကိုက်ခြင်း သလိပ်နှင့်ရော၍ သွေးစ သွေးနပါခြင်း၊ သွေးအန် သွေးကျနှင့် ယှဉ်လျက် ဖျားခြင်းတိုပကိုလည်း ပယ်ဖျောက်တတ်၏။
(မှတ်ချက်။ အရှင်နာဂသိန်ရေးသားတော်မူသော ပုံပြဆေးအဘိဓာန် စတုတ္ထတွဲ မှ ကောက်နှုတ်ဖော်ပြပါသည်။)
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
No comments:
Post a Comment