HTOOSAN

လာလည်ကြတဲ့ မိတ်ဆွေများ အားလုံး ပျော်ရွှင်ချမ်းမြေ့ ကြပါစေ

Tuesday, December 30, 2014

✔သင့်ရဲ့ Android Device ကိုအသုံးပြုရာမှာ မြန်ဆန်အောင် ထိန်းသိမ်းနည်း ၁၀ နည်း✔

✔သင့်ရဲ့ Android Device ကိုအသုံးပြုရာမှာ မြန်ဆန်အောင် ထိန်းသိမ်းနည်း ၁၀ နည်း✔

လက်ရှိအချိန်မှာတော့ Android Device တွေဟာဆိုရင် အရေအတွက်အားဖြင့် အလွန်ကို မြင့်တက်လာတဲ့အနေအထားမှာရှိနေပါတယ်။
တန်ဖိုးအားဖြင့်လည်းသင့်တင့်လာပြီးရွေးချယ်စရာ Brand အမျိုးအစားများပြားလာခြင်းဟာလည်း Android ရဲ့ အားသာချက်ပဲဖြစ်ပါတယ်။ Android Device အသုံးပြုသူများအနေနဲ့ မိမိအသုံးပြုထားတဲ့ Android Version နဲ့မကိုက်ညီတဲ့အခါမှာဖြစ်စေ၊ Hardware ရဲ့အားနည်းချက်ကြောင့် Application တွေကို အသုံးပြုရာမှာ လေးလံမှုတွေရှိလာနိုင်ပါတယ်။ ဒီလိုလေးလံနှေးကွေးမှုတွေအတွက်တော့မဟုတ်ပေမယ့် မိမိရဲ့ Android Device မြန်မြန်ဆန်ဆန်လေးအသုံးပြုချင်တယ်ဆိုရင်တော့ အောက်ပါ အချက် ဆယ်ချက်ကိုလုပ်ဆောင်ကြည့်ခြင်းအားဖြင့် လုပ်ဆောင်ချက်တွေကို မြန်မြန်ဆန်ဆန်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

1. Hardware နှင့် Version မမျှတခြင်းမဖြစ်စေရန် စစ်ဆေးပါ။

Android ရဲ့ ICS Version ကိုအသုံးပြုချင်ပေမယ့် မိမိရဲ့ Hardware အကြောင်းကိုနားလည်ထားဖို့လိုအပ်မှာဖြစ်ပါတယ်။ Hardware နဲ့ကိုက်ညီမှုမရှိဘူးဆိုရင် Version Upgrade ပြုလုပ်ခြင်းကို ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။ Hardware ကိုက်ညီမှုရှိမရှိသိချင်တယ်ဆိုရင်တော့ Android Forum တွေမှာဝင်ရောက်ဆွေးနွေးနိုင်မှာဖြစ်သလို၊ နားလည်တတ်ကျွမ်းသူများနဲ့လည်းတိုင်ပင်နိုင်မှာဖြစ်ပါတယ်။

2.Launcher ကို စနစ်တကျအသုံးပြုပါ။

တချို့သော Android Device တွေမှာဆိုရင် Launcher တစ်ခုထက်မကအသုံးပြုတာကိုတွေ့ရပြီး၊ တစ်ချို့သော Launcher များဟာလည်းလုပ်ဆောင်မှုကို ပိုမိုလေးလံစေပါတယ်။ တစ်ခါတစ်ရံမှာဆိုရင် Launcher Error ဖြစ်ပေါ်တတ်ပြီး အဆိုပါ Error အရ Reset ပြုလုပ်ရခြင်းမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ဒါကြောင့်မို့ မိမိနဲ့ သင့်တော်နိုင်မယ့် Launcher အမျိုးအစားတစ်ခုထဲကိုသာ သတ်မှတ်အသုံးပြုသင့်ပါတယ်။

3.Home Screen ကို စနစ်တကျပြင်ဆင်ထားပါ။

Android Device တစ်ခုမှာ အရင်ဆုံးထိတွေ့ရတာ Home Screen ပဲဖြစ်ပါတယ်။ လုပ်ဆောင်ချက်တွေကိုလည်း Home Screen ပေါ်မှာ ပြင်ဆင်ထားနိုင်ပြီး၊ အလွန်များပြားတဲ့ ထည့်သွင်းမှုမျိုးကတော့ လုပ်ဆောင်ချက်တိုင်းရဲ့ အချိန်ကိုပိုမိုကုန်စေနိုင်မှာဖြစ်ပါတယ်။ Wi-fi,Bluetooth,GPS,Lights တို့ပါဝင်တဲ့ Widgets လိုမျိုးထည့်သွင်းထားမယ်ဆိုရင်တော့ လုပ်ဆောင်ချက်တွေကို ပိုမိုမြန်ဆန်စေမှာဖြစ်ပါတယ်။

4. Favourite App များကို Home Screen တွင်ထားပါ။

အထက်မှာဆိုခဲ့သလိုပဲ Home Screen ဟာဆိုရင် Android Device တစ်ခုရဲ့ပင်မလုပ်ဆောင်မှုနေရာတစ်ခုဖြစ်ပါတယ်။ မိမိရဲ့အသုံးပြုမှုများတဲ့ Favourite App တွေကို Home Screen ပေါ်မှာထားရှိခြင်းအားဖြင့် လုပ်ဆောင်ချက်တွေကို ပိုမိုမြန်ဆန်လာစေနိုင်မှာဖြစ်ပါတယ်။ App တွေကို Page တစ်ခုအတွင်းမှာ စုစည်းထားရှိပြီး အသုံးပြုမယ်ဆိုရင် ပိုမိုအဆင်ပြေစေနိုင်မှာဖြစ်ပါတယ်။

5.Animation လုပ်ဆောင်ချက်ကိုပိတ်ထားပါ။

Animation လုပ်ဆောင်ချက်ကို Display Setting မှတစ်ဆင့်ပိတ်ထားမယ်ဆိုရင် ပိုမိုမြန်ဆန်တဲ့ Android Device တစ်ခုကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Animation တွေဟာ System ပိုင်းလုပ်ဆောင်ချက်တွေကို ထိခိုက်မှုရှိလာနိုင်တဲ့အတွက် ပိတ်ထားဖို့လိုအပ်မှာဖြစ်ပါတယ်။ Animation ကိုပိတ်မယ်ဆိုရင်တော့ Setting>Display>Animation ထဲက No Animation ကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်။

6.Browser မှ Plugin တွေကိုပိတ်ထားပါ။

Android Device တစ်ခုဟာဆိုရင်လက်ရှိအချိန်မှာတော့ အင်တာနက်အသုံးပြုနိုင်ဖို့ အားထားရာတစ်ခုဖြစ်လာပြီဖြစ်ပါတယ်။ Web browser တွေရဲ့ Plugins တွေဟာဆိုရင်လုပ်ဆောင်ချက်ပိုင်းကို ထိခိုက်နိုင်တဲ့အတွက်ကြောင့် အသုံးမလိုချိန်မှာ ပိတ်ထားသင့်ပါတယ်။ Browser Plug-ins တွေကိုပိတ်ထားချင်တယ်ဆိုရင်တော့ Browser>Setting>Enable Plug-ins ထဲက Off ကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။

7.သာမန် Wall paper များကိုသာ ဦးစားပေးအသုံးပြုပါ

Android Device တွေရဲ့ စွမ်းဆောင်ရည်တွေဟာ တစ်လုံးနဲ့တစ်လုံး မတူညီကြပေမယ့် သာမန် Wall Paper ကို အဓိကထားအသုံးပြုခြင်းဟာ စက်အတွက်များစွာသက်သာစေနိုင်မှာဖြစ်ပါတယ်။ Live Wall Paper တွေဟာဆိုရင် လုပ်ဆောင်ချက်တွေကိုနှေးကွေးစေနိုင်မှာဖြစ်လို့ အသုံးပြုရာမှာ အခက်အခဲဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သာမန် Wall Paper တွေကိုသာအသုံးပြုသင့်ပါတယ်။

8.အသုံးမပြုသော App များကို ဖျက်ပစ်ပါ

Android Device တစ်ခုအတွင်းမှာ အသုံးမပြုတော့တဲ့ App တွေကို ဖျက်ပစ်သင့်ပါတယ်။မလိုလားအပ်တဲ့ Space တွေ ကုန်ဆုံးစေနိုင်မှာဖြစ်သလို၊ Background Process အနေနဲ့ Run နေမယ်ဆိုရင် လုပ်ဆောင်ချက်ပိုင်းကို များစွာထိခိုက်စေနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အသုံးမပြုတော့တဲ့ App တွေကိုဖျက်ပစ်ရမှာဖြစ်ပါတယ်။

9.App End အတွက် Task Killer အသုံးပြုပါ

Task Killer ဟာဆိုရင် Android ပေါ်မှာ Background Process တွေကိုပိတ်ချင်တဲ့အခါမျိုးမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ မလိုလားအပ်တဲ့ App တွေကြောင့် စက်လေးလံမှုကိုဖြစ်စေနိုင်ပြီး၊ Task Killer လိုမျိုး App တွေဟာ Android Device တွေကို အမြန်ဆန်ဆုံးအနေအထားနဲ့ အသုံးပြုနိုင်အောင် ကူညီပေးမှာဖြစ်ပါတယ်။

10.Wi-fi, Bluetooth တို့ကို အသုံးပြုချိန်တွင်သာ ဖွင့်ထားပါ

Wi-fi, Bluetooth တို့ကိုအသုံးမပြုချိန်မှာ ပိတ်ထားမယ်ဆိုရင် Battery Life Time ပိုမိုကြာမြင့်စေနိုင်မှာဖြစ်သလို၊ အခြားသော လုပ်ဆောင်ချက်ပိုင်းဆိုင်ရာကို အနှောင့်အယှက်ပေးနိုင်မှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် Home Screen ပေါ်မှာ Widget တစ်ခုဖန်တီးထားပြီး အလွယ်တကူ အဖွင့်အပိတ်ပြုလုပ်နိုင်ဖို့ ဖန်တီးပေးထားသင့်ပါတယ်။

Credit.ကိုစိုင်း


ထူးဆန်း​နေ့ စဉ်​သတင်းများ ဘ​လော့ အများအကျိုးအတွက်​ ​စေတနာဖြင့်​ ကိုယ်​တိုင်​​ရေး post များအပြင်​ နည်းပညာ ညီအစ်​ကိုများ၏ နည်းပညာသတင်းများကိုပါ ဖြန့်​ဝေ​ပေး​နေခြင်းဖြစ်​ပါသည်​။ အများအတွက်​အကျိုးရှိမည့်​ postများကို ရှယ်​မိ့ရင်း credit မ​ပေးမိ့တာမျိုးရှိခဲ့ရင်​ post ပိုင်​ရှင်​အားလုံးကို ဒီကပဲ credit​ပေးပါတယ်​ဗျာ။ Admin .Thuraaung www.htoosan.blogspot.com ထူးဆန်း ဘ​လော့သို့ လာ​ရောက်​လည်​ပတ်​ကြ​သော သူငယ်​ချင်းများအားလုံးကို ​ကျေးဇူးတင်​ပါသည်​။

✔wifiယူပြီးwifiပြန်လွှင့်ပေးနိုင်မယ့် wada wifi map v5.12.6 .apk✔

သူငယ်​ချင်းတို့ အတွက်​ အရမ်းအဆင်​​ပြေမဲ့ apk​လေးတစ်​ခုပါ
✔wifiယူပြီးwifiပြန်လွှင့်ပေးနိုင်မယ့်
wada wifi map v5.12.6 .apk✔

Androidဖုန်းမှာ wifi သုံးထားပြီး
တစ်ခြားဖုန်းသို့ wifi ပြန်လွှင့်ချင်သူများအတွက်
အသုံးဝင်စေတဲ့applicationတစ်ခုပါ-

-app အသုံးပြုနည်းက............

.apk ကို ဖွင့်ပြီး show hotsport on map ဆိုတာနှိပ်ပေးပါ။
နှိပ်ပြီးရင်ဖုန်းရဲ့notiဘားကိုဆွဲချလိုက်ပါ။
အဲ့ဒီမှာ boxတခု ရောက်နေလိမ့်မယ် အဲ့ဒါကို နှိပ်ပီးတော့ နံမည် password ထဲပြီး okနှိပ်လိုက်ရင်ရပါပြီ-

-Apk file size18MB ရှိပြီး
-Android OS Version2.3.3နှင့်အထက်ရှိ
ထားတဲ့ဖုန်းများပေါ်မှာထည့်သွင်းinstallလုပ်၍
အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်-

★DOWNLOAD ဆွဲရန်လင့်ခ်★ 
http://www.solidfiles.com/d/0e21108fe3/Wada-Wifi-Map-v5.12.6-Kozawthwin.apk  


ထူးဆန်း​နေ့ စဉ်​သတင်းများ ဘ​လော့ အများအကျိုးအတွက်​ ​စေတနာဖြင့်​ ကိုယ်​တိုင်​​ရေး post များအပြင်​ နည်းပညာ ညီအစ်​ကိုများ၏ နည်းပညာသတင်းများကိုပါ ဖြန့်​ဝေ​ပေး​နေခြင်းဖြစ်​ပါသည်​။ အများအတွက်​အကျိုးရှိမည့်​ postများကို ရှယ်​မိ့ရင်း credit မ​ပေးမိ့တာမျိုးရှိခဲ့ရင်​ post ပိုင်​ရှင်​အားလုံးကို ဒီကပဲ credit​ပေးပါတယ်​ဗျာ။ Admin .Thuraaung www.htoosan.blogspot.com ထူးဆန်း ဘ​လော့သို့ လာ​ရောက်​လည်​ပတ်​ကြ​သော သူငယ်​ချင်းများအားလုံးကို ​ကျေးဇူးတင်​ပါသည်​။

Programming ဆိုတာ ဘာလဲ မပြောခင် programming ရဲ့ သမိုင်းကို အရင်ပြောရအောင်ဗျာ၊၊

Programming ဆိုတာ ဘာလဲ မပြောခင် programming ရဲ့ သမိုင်းကို အရင်ပြောရအောင်ဗျာ၊၊

computer အတွက် အလုပ်လုပ်မယ့် ပထမဆုံး algorathm နဲ့ တည်ဆောက်ထားတယ့် programming ကို စတင် မွေးဖွားအသက်သွင်း ခဲ့သူ ကတော့ England နိုင်ငံ London မြို့က “Ada Lovelase” ပဲဖြစ်ပါတယ် ၊ သူမက programming ရဲ့ မိခင်ကြီးပေါ့၊
သူမကို 1815,December,10 မှာမွေးခဲ့တာပါ ၊ 1852,Novemver,27 သူမအသက် ၃၆ နှစ်မှာ လူသားတွေအတွက် အလွန်အသုံးဝင်တယ့် programming ဆိုတယ့် မျိုးဆက်သစ်ကို ထားခဲ့ပြီး လောကကြီးမှ အနားယူသွားပါတယ် ၊ ရှေးပဝေသဏီခေတ်တုန်းကတော့ arithmethic တို့ algebra တို့ geometry တို့လို စိတ်ကူးခြင်းတွေမရှိပါဘူး ၊ အဲ့ဒီတုန်းက လူသားတွေရဲ့ သမိုင်းမှာ တွက်ချက်ပေးတယ့် စက်ပစ္စည်းနဲ့ ပတ်သက်တယ့် ပစ္စည်းဆိုလို့ BC2500 ခန့်က Sumeria မှာ တီထွင်ခဲ့တယ့် “ပေသီးတွက်ခုံ” ပဲ ရှိခဲ့တာပါ ၊ ၊ BC100 လောက်က ပထမဆုံး “mechanical calculator “ လို့ ခေါ်ခဲ့တာပေါ့ ၊ သူရဲ့ အမျိုးမျိုးသော အရွယ်အစားနဲ့ gears တွေက calculations လုပ်ဖို့အတွက်ဆောင်ရွက်ပေးပါတယ် ၊ အဲ့ဒါကလည်း lunar-to-soloar calendars မှာသုံးတဲ့ metonic cycle ကို အခြေခံပြီးတော့ တည်ဆောက်ထားတာပါ ၊ ထားပါတော့ဗျာ ၊ အရင် ပဝေသဏီ ကအကြောင်းတွေတော့ ပြန်မပြောတော့ဘူး ၊ Analytical Engine အတွက် ပထမဆုံး computer program ကို သချာင်္ပညာရှင် Ada Lovelase က Bernoulli numbers ရဲ့ အစီအစဉ်တွေကို တွက်ချက်ပြီးရေးသွားခဲ့ပါတယ် ၊ Numerical calculations ရဲ့ synthesis ဟာ computer programming အတွက် ကြိုတင်ဟောကိန်းလိုပါပဲ ၊အဲ့ဒီနောက်မှာတော့ လူသားတွေအတွက် အလွန်လွယ်ကူတဲ့ နည်းလမ်းနဲ့ အမိန့်များဖြည့်သွင်းပီးတော့ ဖွဲ့စည်းတည်ဆောက်မှုတွေကို အကြံရခဲ့ ပါတယ် ၊ အဲ့ဒါက computer programming ရဲ့ modern development ကို ဦးဆောင်လမ်းပြပေးခဲ့တာပါ၊ စက်မှုတော်လှန်ရေးပြီးနောက်ပိုင်းတော့ Computer programming ရဲ့ ဖွံ့ဖြိုးမှုက အရှိန်အရမ်းမြင့်လာပါတယ်၊
အချက်အလက်တွေနဲ့ အမိန့်တွေကို external punched card ပေါ်မှာ ပထမဆုံး သိုလှောင်လိုက်ပါတယ် ၊punched card ဆိုတာ stiff paper ရဲ့ အပိုင်းအစလေးပါပဲ ၊ punched card ထဲမှာ data processing applications တွေအတွက် data ဒါမှမဟုတ် စက်အစိတ်အပိုင်းကို အလိုလျှောက် ထိန်းချုပ်ဖို့အတွက် commands တွေပါပါတယ် |နောက်မှ punched card အကြောင်းကို post တစ်ခုအနေနဲ့ရေးတော့မယ် ၊အခုဆက်ရအောင်ဗျာ

1880 မှာ Herman Hollerith က အချက်အလက်တွေ မှတ်တမ်းတင်နိုင် တဲ့ ကြားခံတစ်ခုကို တည်ထွင်ခဲ့ပါတယ်။အဲ့ဒီ့ ကြားခံမှာ ထည့်သွင်းထားတဲ့ မှတ်တမ်းတွေကို စက်တွေနဲ့ပြန်ဖတ်နိုင်တယ်၊ Hellerith က အမေရိကန် သချာင်္ပညာရှင် နဲ့ တီထွင်သူပေါ့ ၊ သူက သန်းပေါင်းများစွာသော data တွေကနေ လျင်မြန်စွာ တွက်ချက်ပေးနိုင်မယ့် mechanical tabulator ကို punched card ပေါ်မှာ အခြေခံပီးတော့ တီထွင်ခဲ့ပါတယ် ၊”Hellerith cards” လို့ ပထမဆုံးခေါ်ခဲ့ပါတယ် ၊ သူက keypunch,sorter နဲ့ tabulator unit record machines ကိုပါတီထွင်ခဲ့ပါတယ် ၊ ဒီတီထွင်မှုတွေက သူရဲ့ data processing လုပ်ငန်းအတွက် အခြေခံဖြစ်လာပါတယ်၊ Hellerith က နောင်မှာ IBM ဆိုပီးဖြစ်လာမယ့် Tabulating Machine Company ကို စတင်တည်ထောင်သူပေါ့ ၊ modern machine data porcessing ရဲ့ ဖခင် အဖြစ် သတ်မှတ်ခံထားရတဲ့ လူတစ်ယောက်ပါ ၊ သူ့ရဲ့ မူကြမ်းအယူအစ က ရာစုနှစ်တစ်ခုအတွက် တွက်ချက်ရေးလောကကို စိုးမိုးခြယ်လှယ်ခဲ့ပါတယ် ၊ 1906 မှာ control panel(plugboard) ကိုပေါင်းထည့်ခဲ့ပါတယ် ၊ plugboard ဆိုတာက ဘုတ်ပြားပေါ်မှာ များပြားလှတယ့် sockets တွေကနေ လျှပ်စစ်ပတ်လမ်းတွေ ၊ တယ်လီဖုန်းလိုင်းတွေ နဲ့ ကွန်ပြူတာ အစိတ်အပိုင်းတွေကို အတွင်းပိုင်းမှာချိတ်ဆက်ပေးထားတာပါ ၊ ၊ Tabulator က Hardware ဆိုင်ရာ ပြန်လည်တည်ဆောက်ခြင်းမရှိပဲ ထူးခြားလှတယ့်အလုပ် မတူညီတယ့်အလုပ်တွေကို လုပ်ခွင့်ပေးထားပါတယ် ၊ 1940 မှာ IBM 602 နဲ့ IBM 604 ကတော့ များပြားလှတယ့် တွက်ချက်မှုတွေကို စံနှုန်းမြင့် မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ၊ သူရဲ့ control panels တွေက operations ရဲ့ စာရင်းအချက်အလက်တွေကို သတ်မှတ်နိုင်ခဲ့တယ် ၊ ဒီနည်းနဲ့ပဲ programmable machines တွေဖြစ်လာခဲ့ပါတယ် ၊
နောက်တယောက်ကတော့ von Neumann ပါ ၊ သူက game theory နဲ့ design ပြီးတော့ computer memory ထဲမှာ သိမ်းနိုင်မယ့် computer programs တွေကိုတီထွင့်ခဲ့တယ် ၊Computer model အားလုံးက ထူးခြားတယ့် အမိန့်တွေ(machine language) တွေသုံးပီး တူညီတယ့်လုပ်ငန်းတာဝန်တွေ လုပ်ပါတယ် ၊ နောက်တော့ programmer တွေက assembly languages တွေကို developed လုပ်ခဲ့ကြပါတယ် ၊သင်္ကေတပုံစံ(e.g., ADD X,TOTAL) ထဲမှာ လိပ်စာတွေသတ်မှတ်တယ် ၊ပြီးတော့ ကိန်းဂဏန်း သင်္ကေတ တစ်ခုချင်းစီ ကို ရေးသားတာထက်စာရင် စာသားပုံစံတခုထဲမှာ instruction တခုချင်းစီကို သတ်မှတ်လိုက်တာ ပိုပြီးလွယ်ကူသွားပါတယ် ၊
assembly language လို programming ဘာသာရပ်တစ်ခု ပေါ်ခြင်းက ပိုပြီးအဆင်ပြေစေပါတယ် ၊ အလုပ်လုပ်ရတာ ပိုပြီးမြန်လာပါတယ် ၊ ပြီးတော့ machine language ကို သုံးခြင်းထက် လူသားတွေ error တတ်နိုင်မယ့် အခြေအနေ ပိုနည်းလာပါတယ် ၊ဒါပေမယ့် assembly language က machine language တခုထက် ပိုမိုရိုးရှင်းပြီး သင်္ကေတစနစ်တွေ ပိုများများအသုံးပြုရပါတယ်။
1954 မှာ “FORTRAN” ကို တီထွင်ခဲ့ပါတယ် ၊ FORTRAN က ပထမဆုံး high level programming language ပဲဖြစ်ပါတယ် ၊ high-level language က စည်းကမ်းချက်ကြီးပါတယ် ၊ program စာသား ဒါမှမဟုတ် source တွေက compiler လို့ ခေါ်တယ့် special program ကို သုံးပြီး စက်နားလည်တယ့် အမိန့်အဖြစ် ပြောင်းပေးနိုင်ပါတယ်၊ အမှန်က FORTRAN ဆိုတယ့် နာမည်က “Formula Translation” အတွက် ရပ်တည်ထားတာပါ ၊ များပြားလှတယ့် တခြား languages တွေကိုလည်း တီထွင်ခဲ့ကြပါတယ် ၊ စီးပွားဖြစ် programming languages တွေလည်း ပါဝင်လာပါတယ် ၊COBOL လိုပေါ့ ၊
အချိန်ကာလတိုးတက်လာတော့ computers တွေရဲ့ အလုပ်လုပ်နိုင်တယ့် စွမ်းအားဟာ ဘီလူးကြီးတကောင်ခုန်သွားသလို ကြောက်စရာကောင်းလောက်အောင် အရမ်းမြန်ဆန်လာပါတယ် ၊ programming ဘာသာရပ်အသစ် တွေကို ယူဆောင်လာပါတယ် ၊အခုခေတ်မှာ ကျော်ကြားနေတယ့် programming languages တွေကတော့ C,C++,C#,Haskell,PHP,Java,JavaScript,Objective-C,Perl,Python,Ruby,Smalltalk,SQL,Visual Basi, ActionScript ပီးတော့ အများအများကြီးရှိပါသေးတယ် ၊ Programming တွေ ပိုပီးပိုပီး ပြန့် နှံ့ လာတာနဲ့အမျှ သင်ရတာပိုပီးလွယ်လာမယ် ၊ပီးတော့ programmer တွေက source code နည်းနည်းလေးနဲ့ applications တွေ developed လုပ်နိုင်တယ့် အခြေအနေတရပ်ကို ဖြစ်ပေါ်စေခဲ့ပါတယ် ၊ low-level နဲ့ ပတ်သတ်တဲ့ hardware ထိန်းချုပ်ဖို့ လိုအပ်လာတယ့်အချိန် ဒါမှမဟုတ် processing speed အမြင့်ဆုံး မရှိမဖြစ် လိုအပ်တယ့်အချိန်တွေမှာ high-level languages တွေအသုံးပြုခြင်းက လက်တွေ့မကျပါဘူး၊ ဖွံ့ဖြိုးတိုးတတ်နေတယ့် ကမ္ဘာမှာ Computer Programming က ခေတ်စားနေတယ့် အသက်မွေးဝမ်းကြောင်းတခု ဖြစ်လာပါတယ် ၊
အလုပ်အတွက် ဒါမှမဟုတ် အပန်းဖြေစရာအဖြစ် computer ကို အသုံးပြုတတ်ကြမှာပါ ၊ လူအများစုကတော့ နေ့စဉ်လုပ်ငန်းတာဝန် အဖြစ် computer ကို သုံးကြပါတယ် ၊ သူတို့ သာမာန်လူတွေအတွက် ငြီးငွေ့ ဖွယ်ကောင်းတယ့် အလုပ်တွေကို ကောင်းကောင်းကိုင်တွယ်ဖြေရှင်း နိုင်ပါတယ် ၊ ဥပမာ number တွေပေါင်းတာ ၊ စာရွက်ပေါ်မှာ စာတွေရေးတာပေါ့ ၊ Game စက်တလုံးအနေနဲ့ သုံးရင်လည်း ကောင်းပါတယ် ၊ ဘာလို့တုန်းဆိုတော့ သူတို့က အသံနဲ့ ရုပ်ပုံတွေရဲ့ sequences တွေကို play ပေးနိုင်ပါတယ် ၊ checkbook ကို ငွေစစ်နိုင်တယ် ၊ paper တွေကို print ထုတ်နိုင်တယ် ၊ ဂိမ်းဆော့နိုင်တယ် ၊ ကွန်ပြူတာနဲ့ယှဉ်ရင် တခြားပစ္စည်းတွေက လုပ်ငန်းအတွက် အလုပ်လုပ်နိုင်စွမ်းက နယ်ပယ်ကျဉ်းမြောင်းပါတယ် ၊
Computer မှာ လုပ်ငန်းတာဝန်တခုစီ ဆောင်ရွက်ဖို့ အတွက် program ရေးရမှာဖြစ်ပါတယ် ၊ Computer က စက်ပစ္စည်းတွေထဲမှာ တာ့ စံပြပဲဖြစ်ပါတယ် ၊ data(numbers,words,media) တွေသိမ်းထားနိုင်ပါတယ် ၊ devices(monitor screen,sound system,printer) တွေနဲ့ အပြန်အလှန် တွဲဖက်အလုပ်လုပ်နိုင်တယ်၊ programs တွေဖန်းတီးနိုင်ပါတယ်
“Computer မှာ လုပ်ငန်းတာဝန်တွေခိုင်းဖို့ programs ရေးရပါတယ် ၊ ကွဲပြားခြားနားတယ့် လုပ်ငန်းစဉ်တွေအတွက် ကွဲပြားခြားနားတယ့် programs တွေ လိုပါတယ်”
ဒီနေ့ခေတ်ရဲ့ computer programs တွေ က ခေတ်မီဆန်းပြားလာပါတယ် ၊ သူတို့ကို ယုံကြည်ဖို့ ခက်ခဲပါတယ် ၊ သူတို့က အလွန် အသေးစိတ်တဲ့ ခွဲစိတ်မှုတခုလုပ်သလိုမျိုး အားလုံးကို ရေးရပါတယ်၊ “computer programs တွေက အရမ်းမြန်တယ့် အရှိန်အဟုန်ထဲမှာ အလွန်အခြေခံကျတယ့် operations တွေ ရဲ့ အစီအစဉ်တွေအတိုင်း အလုပ်လုပ်ကိုင်တယ်”၊
Computer program တွေက Computer ကို လိုအပ်တယ့် အစီအစဉ်တွေနဲ့ သတင်းအချက်အလက်ကို စက္ကန့်နှင့် အမျှပို့ပေးပါတယ် ၊ program တခုမှာ ရိုးရှင်းတယ့် operations တွေအတွက် ကြီးမားတယ့် ကိန်းဂဏန်းတွေ ပါဝင်ပါတယ် ၊ computer မှာ အသိဥာဏ်မရှိဘူး ၊ သူက ထည့်သွင်းသတ်မှတ်ထားတဲ့ အစီအစဉ် တွေကို အလွယ်တကူ အကောင်အထည်ဖော်ပေးလိုက်တာပါ ၊
Computer ကို သုံးဖို့အတွက် programming ကို သိရှိနားလည်ဖို့ မလိုပါဘူး ၊ ဒါပေမယ့် programming ကို စလေ့လာရင်တော့ သာမန်ထက်ပိုပီး လုံ့လထားဖို့တော့ လိုမယ်ဗျာ ၊

Ref; Brighter Myanmar


ထူးဆန်း​နေ့ စဉ်​သတင်းများ ဘ​လော့ အများအကျိုးအတွက်​ ​စေတနာဖြင့်​ ကိုယ်​တိုင်​​ရေး post များအပြင်​ နည်းပညာ ညီအစ်​ကိုများ၏ နည်းပညာသတင်းများကိုပါ ဖြန့်​ဝေ​ပေး​နေခြင်းဖြစ်​ပါသည်​။ အများအတွက်​အကျိုးရှိမည့်​ postများကို ရှယ်​မိ့ရင်း credit မ​ပေးမိ့တာမျိုးရှိခဲ့ရင်​ post ပိုင်​ရှင်​အားလုံးကို ဒီကပဲ credit​ပေးပါတယ်​ဗျာ။ Admin .Thuraaung www.htoosan.blogspot.com ထူးဆန်း ဘ​လော့သို့ လာ​ရောက်​လည်​ပတ်​ကြ​သော သူငယ်​ချင်းများအားလုံးကို ​ကျေးဇူးတင်​ပါသည်​။

What is the ADB & Fastboot? ADB နဲ့ Fastboot ဆိုတာဘာလဲ...

What is the ADB & Fastboot?
ADB နဲ့ Fastboot ဆိုတာဘာလဲ...

တစ်ချို့ဖုန်း Service သမားတွေ ADB နဲ့
Fastboot အကြောင်းကိုတောင် ကောင်း
ကောင်းနားမလည်ပဲ Service လုပ်နေတဲ့
သူတွေအများကြီးတွေ့ဖူးပါတယ်....

ဘယ်လိုတွေများဖုန်းပြင်နေကျလဲတော့
ကျွန်တော်လဲနားကိုမလည်ပါဘူးဗျာ......

သူတို့သိတာက Software, Hardware,
နောက်ဆုံးFireware ပေါ့ဗျာ......
ဒါလောက်သိကျတာနဲ့ ဆရာကြီးအထာနဲ့
ပါ. အခုရေးမှာက အဲ့ဒီ့ဆရာကြီးတွေရော
နည်းပညာ (သို့) ဖုန်းအကြောင်းလေ့လာနေ
သူများ အားလုံးအတွက် ကို လိုရင်းတိုရှင်း
သလောက် ရေးသားပေးလိုက်ပါတယ်. . . .
အောက်မှာလေ့လာပါခင်ဗျာ. . . .

✯ ADB ✯

ADB ရဲ့ နာမည်အရှည်ကတော့ Android Debug Bridge ဖြစ်ပါတယ်။ADB ဆိုတာက Android ဖုန်းတွေမှာ ခိုင်းလို့ရတဲ့ Tool Kit ဖြစ်ပြီး Computer ကနေ ဖုန်းကို ချိတ်ဆက်ပြီး ခိုင်းရမှာဖြစ်ပါတယ်။
Phone မှာ USB Debugging ဆိုတဲ့ဟာကို ဖွင့်ထားမှ Computer ကနေ Phone ကို ADB Tool Kit နဲ့ ခိုင်းလို့ရမှာဖြစ်ပါတယ်။

USB Debuggingဆိုတာအင်မတန်ကို
အရေးပါအရာရောက်ပါတယ်. . . .
မိမိဖုန်းမှာ Pattan lock တို့ ဘာLock တို့
ပြန်မမှတ်မိတော့တဲ့အချိန်မှာ ဒီ USB Debugging သာမOn ခဲ့မိပါက တော်တော်
နဲ့ Lock ပြန်ဖွင့်နိုင်မှာ မဟုတ်ပါဘူး။
ဘာကြောင်လဲဆိုရင်သင့်ရဲ့ဖုန်းနဲ့ကွန်ပြူ
တာနဲ့က ADB Driver မသိလို့ပဲဖြစ်ပါတယ်
ADB ဆိုတာ Command Line ကနေ
ခိုင်းရတာ Tool Kit တစ်ခုဖြစ်ပါတယ်။
Command မှာ သူ့ရဲ့ သက်ဆိုင်ရာ Code တွေကို ရိုက်ပြီး ဖုန်းကိုခိုင်းရမှာပါ။သူ့ရဲ့ သက်ဆိုင်ရာ Code တွေကို ရိုက်ပြီးတော့ ဖုန်းကို မြန်မာဖောင့်ထည့်တာ၊Application တွေထည့်တာ၊Root လုပ်တာ၊Recovery ထည့်တာ၊ Fastboot Mode ကိုဝင်တာ၊ Partition တွေကိုကြည့်တာRecovery Mode ကိုဝင်တာ၊Factory Reset ချတာ၊Computer ကနေ ဖုန်းထဲကို File တွေ သွင်းတာ၊ဖုန်းထဲကနေ Computer ထဲကို File တွေ ဆွဲထုတ်တာ၊Device သိမသိစစ်တာ၊Device Root ရှိမရှိစစ်
တာ၊အစရှိသဖြင့်ပေါ့ အများကြီးလုပ်လို့ရပါ
တယ်။

✯ Fastboot ✯

ဖုန်းအများစုမှာတော့ Fastboot ကို Volume Down + Power ကို နှိပ်ခေါ်ရတာများပါတယ်...သူကနေ Recovery ကို Flash တာ၊Recovery ကိုဖျက်တာ၊Boot ကို Flash တာ၊Boot ကို ဖျက်တာ၊System ကို Flash တာ၊System ကိုဖျက်တာ၊Reboot လုပ်တာတို့ အများ
ကြီးလုပ်လို့ရပါတယ်။

အဲ့ဒါအပြင် Command Line bat file တွေပါရေးလို့ရပါသေးတယ်။

Ref;
ℳ .I. Á (နည်းပညာ)
Myanmar IT & APP


Admin .Thuraaung email: ygn.myanarry@gmail.com www.htoosan.blogspot.com ထူးဆန်း ဘ​လော့သို့ လာ​ရောက်​လည်​ပတ်​ ကြ​သော သူငယ်​ချင်းများအားလုံးကို ​ကျေးဇူးတင်​ပါသည်​။

သင့်ရဲ့ password ကို Hacker တွေ ဘယ်လိုရယူနိုင်သလဲ? ဘယ်လိုကာကွယ်နိုင်မလဲ? 9.7.2014

သင့်ရဲ့ password ကို Hacker တွေ ဘယ်လိုရယူနိုင်သလဲ? ဘယ်လိုကာကွယ်နိုင်မလဲ?
9.7.2014

၁။ ။ကွန်ပျူတာခလုပ်ခုံ (ကီးဘုတ်) မှမှတ်တမ်းများရယူခြင်း..။(Log Keystoke)
ဒီနည်းကတော့ Key logger progrem တစ်ခုကိုအသုံးပြုပြီး ၄င်းကွန်ပျူတာမှာ
အသုံးပြုသူရိုက်သမျှစာတွေကို မှတ်ယူထားတဲ့နည်းဖြစ်ပါတယ်။ဒီနည်းနဲ့အသုံးပြုသူရဲ့ 
ကိုယ်ရေးကိုယ်တာအချက်လက်တွေကို အလွယ်တကူရရှိနိုင်ပါတယ်။များသောအားဖြင့်
အင်တနက်ဆိုင်မှာ သုံးတဲ့သူငယ်ချင်းတွေ သတိထားစေလိုပါတယ်။(မိမိသုံးနေတဲ့ ကွန်ပျူတာ
မှာ Key Logger progrem ရှိမရှိ သိနိုင်ဖို့  အောက်မှာကျွန်တော်ပြပေးထားပါတယ်။)
၂။ ။စကားဝှက်များရယူခြင်း ( Hack password)
စကားဝှက်များရယူခြင်းနည်းမှာတော့ နည်းလမ်းများစွာရှိပါတယ်။
အသုံးအများဆုံးနည်းတွေကတော့ SQL Injection နည်းနဲ့ အသုံးပြုသူတွေ စကားဝှက်
အပေးအများဆုံးတွေကို ခန့် မှန်းဝင်ရောက်တဲ့နည်းဖြစ်ပါတယ်။Dictionary Attack &
Brute Force Attack ဆိုပြီးနှစ်ပိုင်းခွဲခြားနိုင်ပါတယ်။
၃။ ။မလွယ်ပေါက်မှဝင်ရောက်ခြင်းနည်း(Gain backdoor)
မိမိကွန်ပျူတာရဲ့ အားနည်းချက်(ဟာကွက်) တွေကနေ ဝင်ရောက်တဲ့နည်းဖြစ်ပါတယ်။
ဒီလိုဝင်ရောက်ရာမှာလည်းနံပါတ်(၂) ကအတိုင်းပဲ Dictionary Attack & Brute Force Attack
နည်းလမ်းနှစ်မျိုးကိုပဲသုံးကြပါတယ်။
(Dictionary Attack ဆိုတာကတော့ အဘိဓာန်ထဲမှာပါဝင်တဲ့စကားလုံးတွေသွင်းထဲ့ရင်း ဝင်ရောက်တဲ့နည်းလမ်းပါ။
Brute Force Attack ဆိုတာကတော့ Keyboard system မှာပါတဲ့စာလုံးတွေကို ပေါင်းစပ်ဝင်ရောက်တဲ့နည်းပါ။)
၎။ ။တစ္ဆေကွန်ယက်တစ်ခုဖန်တီးရယူခြင်း(Crate bonet computer)
ဒီနည်းကတော့နိုင်ငံအနှံအပြားက ကွန်ပျူတာတွေကိုbonet ကွန်ပျူတာဗိုင်းရပ်စ် ကူးစက်စေပြီး
မိမိလိုအပ်တဲ့အချိန်ကြမှ သားကောင်ဆာဗာတွေကို တိုက်ခိုက်တဲ့နည်းဖြစ်ပါတယ်။ဒါကို DDistribution
Deny of Service Attack(DDoS) လို့ ခေါ်ပါတယ်။
၅။ ။အီးမေးလ်များမှရယူခြင်း (Phishing)
ဒီနည်းကတော့ အသုံးပြုသူရဲ့ အီးမေးလ်လိပ်စာကို အတုအယောင်စာတွေပေးပို့ ကာ မိမိလိုအပ်တဲ့
ဆာဗာကိုလာရောက်စေပြီး စကားဝှက်တွေရယူနိုင်တဲ့နည်းပါပဲ။ဒါ့အပြင်ကွန်ယက်ထဲကနေ အီးမေးလ်တွေကို
ကြားဖြတ်ရယူနိုင်တဲ့နည်းတွေကိုလည်းသုံးပါတယ်။(အနီးစပ်ဆုံးပြောရရင် မနှစ်ကတော်တော်နာမည်ကြီးခဲ့တဲ့
ဝီကီလိစ်ဒ် ဖောက်ချခဲ့တဲ့ ကြေးနန်းတွေ၊အီးမေးလ်တွေက ဒီနည်းနဲ့သုံးခဲ့တာပါ။)
ဒါတွေကတော့မိမိpassword ကို Hacker တွေဘယ်လိုရယူနိုင်လည်းဆိုတာတွေထဲက နည်းလမ်းတစ်ချို့ ပါ။
ကဲဆက်ပြီးတော့ ဒါတွေကိုဘယ်လိုကာကွယ်နိုင်မလည်းဆိုတာ ကျွန်တော်သိသလောက်ပြန်လည်မျှဝေပါမယ်။
၁။ ။တစ်ခါမှာမေးလ်မပို့ ဖူးသူ(မိမိနဲ့ မသိသူ) ပေးပို့ လာတဲ့အီးမေးလ်တွေကိုသေချာစစ်ဆေးပါ။မေးလ်းပို့ပြီး
သူငယ်ချင်းတို့ ရဲ့ ပက်ဝက်(password) ကိုယူမယ့် progrem ကိုသူငယ်ချင်းတို့ ကိုယ်တိုင်နှိပ်မိအောင်
နှိပ်ချင်လာအောင် လုပ်တဲ့နည်းပါ။ဒါကြောင့် အီးမေးလ်စစ်တဲ့အခါမှာ ကိုယ့်ဆီဝင်လာတဲ့မေးလ်တိုင်း သေချာအောင်စိစစ်ပါ။
ဖွင့်ပြီးဖက်လို့ကြည့်လို့ တော့ရပါတယ်။ဒါပေမဲ့အထဲကပါလာတဲ့ဖိုင်တွေ၊link တွေကို လုံးဝမနှိပ်မိပါစေနဲ့ ။မသင်္ကာဘူးထင်ရင်
တစ်ခါတည်း ဖျက်လိုက်ပါ။password ခိုးမယ့်ဖိုင်ဟာ သီချင်း၊ဗီဒီယို၊ဆော့ဝဲ၊လင့် တစ်ခုခုဖြစ်နေပါလိမ့်မယ်။ဒါတွေက
Song+ Hack progrem(or) Movie+ hack progrem(or) Software+ Hack progrem တစ်ခုခုဖြစ်နေပါလိမ့်မယ်။
ဒါ့အပြင် ဖန်တီးထားတဲ့ Web Site ရဲ့ လင့်တစ်ခုခုဖြစ်နေပါလိမ့်မယ်။(ဥပမာပေါ့ ဟိုမော်ဒယ်လ်ရဲ့ ဟိုကားကြည့်ချင်ရင်
ဒီမှာကလစ်လိုက်ပါဆိုပြီး ကိုယ်ကကြည့်ချင်ဇောနဲ့ ကလစ်လိုက်ရင် ဟိုကားမကြည့်ရပဲ ကိုယ့်ပက်ဝက်(password)
ပါသွားပါလိမ့်မယ်။အထူးသဖြင့် ကျွန်တော်တို့ ဘော်ဒါကြီးတွေ သတိထားပါဗျ။)
၂။ ။ဒီတစ်ချက်ကတော့သူငယ်ချင်းတို့ စက်မှာ Gtalk သုံးရင် rememver password နေရာကို
အမှန်မှတ်လေးတစ်ခါတစ်လေပျင်းလို့ပဲခြစ်မိတယ်ထားပါဦး အဲ့ဒိပက်ဝက်(password ) ကို
ကွန်ပျူတာကမှတ်သွားမှာပါ။နောက်ပြီး Mozila နဲ့ မေးလ်စစ်တဲ့အခါတွေ၊web site တစ်ခုခုမှာ
မန်ဘာဝင်တာတွေမှာ remember ပက်ဝက်(password) တွေမလုပ်မိပါစေနဲ့ ။
၃။ ။Key Logger ဝင်မဝင်စစ်ပါ။
ဒါကတော့ကျွန်တော်အပေါ်မှာပြောခဲ့တဲ့မိမိpassword ရယူနိုင်တဲ့နည်းတွေထဲက
နံပါတ်တစ်အချက်ကိုပြောတာပါ။ဒါကတော့အင်တာနက်ဆိုင်မျာသုံးရတဲ့သူငယ်ချင်းတွေအတွက်ပါ။
ဆိုင်မှာသုံးတဲ့သူတွေအနေနဲ့  မိမိသုံးနေတဲ့စက်မှာ key logger software ကြိုပြီး run
ထားလားဆိုတာစစ်ဆေးရပါမယ်။ဒီဆော့ဝဲက သူငယ်ချင်းတို့ keyboard မှာရိုက်သမျှစာတွေကို
မှတ်ထားတဲ့ဆော့ဝဲပါ။နောက်ပြီးကိုယ်ဝင်ထားတဲ့website တွေအားလုံး မိမိလုပ်ဆောင်ချက်
်အားလုံးလို့ ပြောပါတော့။အဲ့တာတွေအားလုံးကိုလိုက်မှတ်နေမှာပါ။ဒီတော့ကာ အဲ့ဒီဆော့ဝဲလေး
run ထားလားဆိုတာသိရအောင်ဘယ်လိုစစ်မလည်း။ဟုတ်ကဲ့ပြောပါမယ်။
Ctrl+Shift+Esc(or)Ctrl+Alt+Del eJY Task Manager ကိုခေါ်လိုက်ပါ။ Process
ဆိုတဲ့ tag ကိုနှိပ်ပြီး msdts.exe ဆိုတာကိုလိုက်ရှာကြည့်ပါ။ရှိတယ်ဆို၇င်တော့သေချာပါတယ်။
key logger software သုံးထားပါတယ်။ချက်ချင်းသာထပြန်လိုက်ပါ။မသုံးမဖြစ်သုံးရမယ်ဆိုရင်လည်း
ရပါတယ်။ တွေ့ နေတဲ့ msdts.exe ဆိုတာကိုကလစ်ပြီး End process ပေးလိုက်ပါ။ အဲ့ဒါဆိုရင်တော့
key logger ကိုကာကွယ်နိုင်ပါပြီ။အကောင်းဆုံးနည်းလမ်းကတော့ task manager မှာရှိတဲ့
process tag ထဲကကိုယ်သုံးမဲ့ Gtalk,Vzo စတာလောက်ပဲ ထားပြီးတော့ကျန်တာအကုန်လုံး
Disable (or) End process ပေးလိုက်တာအကောင်းဆုံးပါပဲ။ဘာလို့လည်းဆိုတော့သုံးနေတဲ့သူအနေနဲ့ 
ဒီဆော့ဝဲက ဘယ်လိုဖိုင်အမျိုးအစားကို Record လုပ်တယ်ဆိုတာ မသိနိုင်ပါဘူး။ဒီတော့ကာ...
အန္တရယ်ကင်းဘေးရှင်း အားလုံးကို Disable (or) End Process ပေးပြီးကိုယ်သုံးချင်တာလောက်ပဲ
manually ခေါ်သုံးတာအကောင်းဆုံးပါပဲ။
Task Manager မှာဆော့ဝဲရှာတဲ့ပုံလေးပါ...
(ပုံကို ကြည့်ပါ)

Task Manager မှာ msdts.exe ဖိုင်ရိနေတယ်ဆိုရင်ပုံကအပြာရောင်လိုင်းလေးအတိုင်းဖိုင်ပေါ်ကိုကလစ်လိုက်ပါ
ပြီးရင်အောက်ကEnd process ဆိုတာကိုနှိပ်လိုက်ပါ။
ကျွန်တော်သိသမျှပြန်လည်ဝေမျှပါတယ်။အားလုံးအဆင်ပြေနိုင်ကြပါစေဗျာ


Admin .Thuraaung email: ygn.myanarry@gmail.com www.htoosan.blogspot.com ထူးဆန်း ဘ​လော့သို့ လာ​ရောက်​လည်​ပတ်​ ကြ​သော သူငယ်​ချင်းများအားလုံးကို ​ကျေးဇူးတင်​ပါသည်​။