လေလွင့်တေးသွားရဲ့  ဆောင်းအိမ်မက်တွေ
အခါခါမက်စဉ် ..........၊
အိမ်မက်တွေက ငါ့ရင်အစုံကိုရိုက်ချိုးလို့ 
ညရဲ့  ကျောရိုးကို ခြေရာခံမိ့ချိန်မှာ
သီချင်းသံတွေ ရပ်တန့် သွားခဲ့တယ်
မျော်လင့်ခြင်းကမ်းခြေမှာ ထိုင်ခုံတွေ
ခြေမချခင်ကတည်းက
ငါ့မျက်ရည်တွေ ကြွေပြခဲ့ဘူးကြ
အခါးဓာတ်ပါတဲ့ ဒီလိုဆောင်းရာသီမှာ
ဒီလိုဆောင်းအိမ်မက်တွေ က
ငါ့ကို ကယောက်ကယက်
ဆက်မက်နေခွင့်ပေးဦးမယ်ဆိုရင်
အဆိုးဆုံးတွေမှာ နစ်မြုတ်သွားတဲ့ အအေးဓာတ်ကို
အကျွမ်းတ၀င်မရှိတဲ့ နှလုံးသား ယစ်ပလ္လင်ထက်က
မုသားစကားနဲ့  ပုံအောလိုက်တော့မယ်
ခဏတော့ တိတ်ဆိတ်ငြိမ်သက်လို့  သွားမလား?
သံသရာကို ရီးလေခိုရင်
အတိတ်မေ့ ခြေသံတွေရဲ့  ခြံနားထိ ငါရောက်ခဲ့တယ်
တခြစ်ခြစ် ကုတ်ခြစ်သံတွေရဲ့  အဆုံးမှာ
နာကျည် ညည်းထွားနေတဲ့ ငါနှလုံးသားကို တွေ့ တယ်
တော်ပါပြီ .........၊
ဒီအတင်းကို ငါမတုတ်တော့ပါဘူး
အရောင်တတ်နေတဲ့
မင်းရဲ့  အဆိပ်သင့် နူတ်ခမ်းသား
နုနုလေးလေးအောက်မှပဲ .... ငါ့အဆိပ်သင့်ပါရစေ။
Admin .Thuraaung email: ygn.myanarry@gmail.com www.htoosan.blogspot.com ထူးဆန်း ဘလော့သို့ လာရောက်လည်ပတ် ကြသော သူငယ်ချင်းများအားလုံးကို ကျေးဇူးတင်ပါသည်။
No comments:
Post a Comment