HTOOSAN

လာလည်ကြတဲ့ မိတ်ဆွေများ အားလုံး ပျော်ရွှင်ချမ်းမြေ့ ကြပါစေ

Sunday, July 6, 2014

လမ်းမတော်မှာ အသက် ၈ဝအရွယ် အဖိုးအိုတစ်ဦးကို ကားနဲ့လာပြီး စွန့်ပစ်ခဲ့

လမ်းမတော်မှာ အသက် ၈ဝအရွယ် အဖိုးအိုတစ်ဦးကို ကားနဲ့လာပြီး စွန့်ပစ်ခဲ့

သက်ကြီးရွယ်အို ဘိုးဘွားတွေကို တန်ဖိုးထား လေးစားတဲ့ မြန်မာ့လူမှုအသိုင်းအဝိုင်းမှာ သေသည့်တိုင် ပြုစုစောင့်ရှောက်ကြတာ ယဉ်ကျေးမှုတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အသက် ၈ဝအရွယ် အဖိုးအိုတစ်ယောက်ကို လမ်းမတော် စံပြရုံဘေးမှာ ဇူလိုင် ၃ရက်နေ့ညက စွန့်ပစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲ။

လမ်းမတော် ၁၂လမ်းထိပ်နဲ့ အနော်ရထာထောင့်မှာ အိမ်ကားတစ်စီး ခဏရပ်ပြီး လူအသွားအလာရှင်းချိန် ၁၁နာရီလောက်မှာတော့ အဖိုးအိုကို စောင်နဲ့ နွားနိုတစ်ထုပ်ချပေးပြီး အရှိန်နဲ့မောင်းထွက်သွားတာကို မြင်တွေ့ခဲ့ရတဲ့ ဦးကျော်စိုးနိုင်က ဒီမြင်ကွင်းဟာ သိပ်ကို ကြေကွဲဖို့ကောင်းတယ်လို့ ပြန်ပြောပြပါတယ်။

မိဘဘိုးဘွားတွေအပေါ် သားသမီးတွေ တန်ဖိုးမထားကြတဲ့ လုပ်ရပ်ဟာ လူသားမဆန်ဘူးလို့လည်း ဆိုပါတယ်။ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်အောင်ကတော့ စွန့်ပစ်ခံ အဖိုးအိုဟာ စကားကောင်းကောင်း မပြောနိုင်ဘဲ အားပြတ်နေတာကြောင့် ရန်ကုန်ဆေးရုံကြီးကို အမြန်ဆုံး ပို့ဆောင်ပေးခဲ့တယ်လို့ ပြောပါတယ်။

မြန်မာ့ယဉ်ကျေးမှုအရ ဒီလိုစွန့်ပစ်တာ လုံးဝ မဖြစ်သင့်သလို ဘာသာတရားရဲ့ အဆုံးအမဖြစ်တဲ့ မေတ္တာနဲ့ လွဲချော်နေတာမို့ ဒီလိုဖြစ်ရပ် ကြုံခဲ့ရင် အကူအညီပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။ လမ်းမတော် ၅ရပ်ကွက်က ပြည်သူတွေရဲ့ အကူအညီနဲ့ အားပြတ်နေတဲ့ အဖိုးအိုကို လိုအပ်တဲ့ ကုသမှုတွေပေးနိုင်ဖို့ ဆေးရုံတင်နိုင်ခဲ့ပါတယ်။

ACM Credit To: Kamayut Media
http://www.ayechanmon-news1.com/

No comments:

Post a Comment