HTOOSAN

လာလည်ကြတဲ့ မိတ်ဆွေများ အားလုံး ပျော်ရွှင်ချမ်းမြေ့ ကြပါစေ

Sunday, July 6, 2014

မောင်တောမြို့နယ်၊ နယ်ခြားစောင့်ရဲတပ်ရင်းမှ လက်နက်ကြီးများ စမ်းသပ်ပစ်ခတ

မောင်တောမြို့နယ်၊ နယ်ခြားစောင့်ရဲတပ်ရင်းမှ လက်နက်ကြီးများ စမ်းသပ်ပစ်ခတ်
------------------------------
ဇွန် ၁၉ ၊ ၂၀၁၄

ယနေ့ ၁၉.၆.၂၀၁၄ ရက်နေ့ နေ့လည် (၁)နာရီခန့်အချိန်တွင် မောင်တောမြို့ ကျီးကန်းပြင်ရှိ နယ်ခြားစောင့်ရဲ တပ်ရင်း၌ လက်နက်ကြီးများ စမ်းသပ်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင် သတင်းရရှိသည်။
အဆိုပါ လက်နက်ကြီးများ စမ်းသပ်ပစ်ခတ်မှုမှာ 81.mm အပါအ၀င် အခြားလက်နက်ကြီးများ အားအချက် (၇၀)ကျော်ခန့် ပစ်ခတ်စမ်းသတ်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ လက်နက်ကြီး ပစ်ခတ် စပ်းသပ်မှုမှာ ကျီးကန်းပြင်ကျေးရွာ နှင့် မောင်နှမကျေးရွာ အနောက်ဖက်ရှိ မယူတောင်တန်းတွင် ပစ်ခတ်မှုပြုလုပ်ခဲ့ပြီး အနီးအနားရှိ ကျေးရွာများမှ ရွာသူ/သားများအား အဆိုပါနေရာသို့ မလာရောက်စေရန် တရားဝင်တားမြစ်ကာ စမ်းသပ်မှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း လက်နက်ကြီးစမ်းသပ်မှုပြုလုပ်ခဲ့သည့် နေရာအနီးမှ ဒေသခံတစ်ဦးက ပြောကြားသည်။
လက်နက်ကြီးများ စမ်းသပ်ပစ်ခတ်မှုမှာ နေ့လည် (၂)နာရီခွဲခန့်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။

Western Gate Guard



No comments:

Post a Comment