HTOOSAN

လာလည်ကြတဲ့ မိတ်ဆွေများ အားလုံး ပျော်ရွှင်ချမ်းမြေ့ ကြပါစေ

Sunday, July 6, 2014

မြန်မာပြည်က ဂိုဏ်းစတားနှင့် သူ၏ ဓားစာခံများ

မြန်မာပြည်က ဂိုဏ်းစတားနှင့် သူ၏ ဓားစာခံများ

နေစိုးမောင် ဟာစစ်အစိုးရခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့သမီး၊ ကြည်ကြည်ရွှေ (ခေါ်) မသြ ရဲ့ခင်ပွန်းဖြစ်သလို၊ ဆိုးသွမ်းအကြမ်းဖက်လူငယ် နေရွှေသွေးအောင် (ခ) ဖိုးလပြည့် ရဲ့ဖခင်ဖြစ်ပါတယ်။ မသြ ဟာခင်ပွန်းဖြစ်သူ နေစိုးမောင်နဲ့အဆင်မပြေဖြစ်နေတာကြောင့်၊ မသြရဲ့စိတ်ချမ်းသာမှုအတွက် နာမည်ကြီးစီး ပွားရေးလုပ်ငန်းရှင်ကြီး တေဇ ကအစွမ်းကုန်ပြုစုဂရုစိုက်ပေးလျှက်ရှိနေပါတယ်။ အဲဒီလိုအခြေအနေဖြစ်ရတဲ့ အကြောင်းအရင်းက နေစိုးမောင်ဟာ ယောင်္ကျားကိုယ်နဲ့မိန်းမစိတ် ( မိန်းမလျှာ ) ဖြစ်နေလို့ပါ။ စစ်ဆေးရုံ အသိုင်းဝိုင်းနဲ့ဆေးဘက်ဆိုင်ရာ လောကမှာ သူကိုယ်တိုင်ကြေငြာခဲ့ခြင်းရှိခဲ့ပါသည်။

ဖိုးလပြည့်ဟုလူသိများသော တိုင်းပြည်အား သံလက်သီးဖြင့် အကြမ်းဖက် အုပ်ချုပ်ကာ ယခု စာဖတ်နေသူ၏ မြေးထီးကြီး နေရွှသွေးအောင်မှာ အလွန်ကြီးမားသော မြေအောက်ဂိုဏ်းကြီးတခုအား ပိုင်ဆိုင်ကြောင်းသိရသည်။

သူသည် ၂၀၀၅ ခုနှစ်တွင် ဖိုးလပြည့်သည် ၀တ်မှုံန်ရွှေရည်ဆိုသော တိုင်းရင်းသူ သရုပ်ပြမယ် လေးအား တွေ့ဆုံခဲ့ပြီး နှစ်သက်ကြောင်း တရားဝင် သူ၏ သူငယ်ချင်းများဖြစ်သော ခရိုနီ ကြက်ဆူပင် နှင့် လက်နက်ကုန်သယ်ကြီး ဦးတေဇ၏ သားများပြောပြခဲ့ဘူးသည်။
ဖိုးလပြည့်သည် ခရိုနီကြီး ဦးတေဇ၏ သားနှစ်ယောက်နှင့် မကြာခန ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဉ် အဆင်းတက်မရှိတော့သည် ည ၁၀ နာရီနောက်ပိုင်းတွင် လေယာဉ်ပြေးလမ်းပေါ်ဝယ် သူတို့၏ ဖယ်ရီယာ ပြိုင်ကားများအား မောင်းနှင်ပြိုင်ပွဲ ကျင်းပလေ့ရှိပြီး လေယာဉ်ကွင်းအား အသုံးပြုရန် လေတပ် ဦးစီးချုပ်မှခွင့်ပြုထားစေခဲ့ပြီး လုံခြုံရေးအစောင့်များပါ အင်အားဖြည့် ချပေးခဲ့သည်။ ၄င်းတို့၏ ပြိုင်ပွဲသည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးပြီးသည့်နောက်ပိုင်းတွင် အမေရိကန်ဒေါ်လော သုံးသန်းထိပင် လောင်းကြေးရှိခဲ့ကြောင်း မြန်မာ့အာဏာရှင်များအား စောင့်ကြည့်နေသည် နိုင်ငံခြားသတင်းထောက်ကြီး ဘာတိလင်တနာက စာရေးသူအား ပြောပြဘူးသည်။

၂၀၁၀ သင်္ကြန်အကြတ်နေ့ ကန်တော်ကြီးပတ်လမ်းပေါ်ရှိ X20 မဏ္ဏပ် အနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ခဲ့သည်မှာ နေရွှေသွေးအောင်၏ လက်ချက်ဖြစ်ကြောင်း စစ်တပ်နှင့် သက်ဆိုင်သော အသိုင်းဝိုင်းတခုမှ ယခု သြစတေးလျှနိုင်ငံသို့ ခိုလှုံဝင်ရောက်ကာ နေထိုင်နေသူက စာရေးသူအားပြောခဲ့ဘူးသည်။

ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၃ ဦး သေဆုံးပြီး လူပေါင်း ၁၇၀ ကျော် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ဟု နအဖက သတင်းဖော်ပြခဲ့သည်။ သို့သော် မသက်ဆိုင်သူများအား ဖမ်းဆီးကာ နိုင်ငံတကာတွင် ရာဇ၀င်လူဆိုးများသဖွယ် ထုတ်ဖေါ်ပြသကာ အစားထိုးပြခဲ့သည်။

သန်းရွှေ၏ မြေးဖိုးလပြည့်(ခ) နေရွှေသွေးအောင် ဖြစ်သည်ဟု ယူဆနေကြပြီး ၊ သူ မကျေနပ်သော ဗိုလ်ချုပ်သားများကို လုပ်ကြံခြင်းဖြစ်ကြောင်း အတွင်းသတင်းအဖြစ် ပြောဆိုနေခဲ့ကြသည်။

နအဖ စစ်အစိုးရက ယင်းဗုံးပေါက်ကွဲမှုသတင်းကို ပြည်တွင်း မီဒီယာဂျာနယ်များတွင် အကျယ်တ၀င့်ဖော်ပြရန် ညွှန်ကြားနေကြောင်း၊ဂျာနယ်မျက်နှာဖုံးများ၌ပင် ကြီးမားစွာ ဖော်ပြခိုင်း နေကြောင်း၊ ဤပေါက်ကွဲမှုသည် မိမိတို့နှင့်မသက်ဆိုင်၊ မိမိတို့တွင်တာဝန်မရှိ ၊ မိမိတို့၏လုပ်ကြံခြင်း မဟုတ်ကြောင်း သိသာစေရန် နအဖစစ်အစိုးရ၏ ကာကွယ်မှုတစ်ရပ်ပင်ဖြစ်ကြောင်း ပြည်သူများအကြား ပြောဆိုဝေဖန်လျှက်ရှိခဲ့ဘူးပါသည်။

အဆိုပါ ဗုံးဖောက်ခွဲမှုနောက်ပိုင်း မဏ္ဍပ်အနီး ကင်မရာ ကိုင်ဆောင်ထားလို့ဆိုပြီး စာရေးဆရာ လင်းယုန်မောင်မောင်ရဲ့ မြေးဖြစ်သူ စည်သူဇေယျကို ဖမ်းဆီးခဲ့သလို ဖခင်ဖြစ်တဲ့ ဦးဇေယျကိုလည်း ဖမ်းဆီးထားခဲ့ပါတယ်။

၂၀၁၀ ခုနှစ် ဖေဖေါ်ဝါရီလ ၁၁ နေ့တွင် သန်းရွှေမြေး နေရွှေသွေး (ခ) ဖိုးလ ပြည့် နဲ့ စိုင်းစိုင်းခမ်းလှိုင်ဆီကလုထားတဲ့ ရည်းစား ၀တ်မှုံရွှေရည် တို့ က မိုးကုတ်မှာရှိတဲ့ ဦးပိုင် က လုပ်နေတဲ့ ကျောက်တွင်းတွေကို လာရောက် ကြည့်ရှုမှာ ဖြစ်တဲ့အတွက် မိုးကုတ်ကားလမ်းများကို ပြင်ဆင်နေတယ်လို့ သတင်းဝင်လာခဲ့ဘူးပါတယ်။

တပ်မတော်သားများလည်း နေပူထဲမှာ မိုင်းများ၊ ဗုံးများကိုလိုက်လံရှင်းလင်းနေရ လမ်းတလျောက်နေ့ရောညပါလုံခြုံရေးပိုမို ယူနေရတယ်လို့ လဲ သိခဲ့ရပါတယ်။
အဲဒီခရီးမှာ ၀တ်မှုန်ရွှေရည်လေး တကယ်ပျော်နေမလား? ဒါမှမဟုတ်ချစ်ဦးသူ စိုင်းစိုင်းခမ်းလှိုင်ကိုသတိရလွမ်းဆွတ်နေသော်လည်း နီးရာဒါးနဲ့မိုးပြီး မေတ္တာတရားနဲ့ ရုပ်ဖြစ်စဉ်ကို လုယူ အနိုင်ကျင့် ခံရမှုကိုဝမ်းနည်းနေမလား ? ဒါတွေကတော့ မိန်းကလေးပဲသိမယ့်သူ့ ရင်တွင်းခံစားချက်တွေဖြစ်ကြောင်း ဂျာနယ်တခုက ရေးသားခဲ့မိလို့ ပိတ်ပင်ခံခဲ့ရဘူးပါတယ်။

နအဖစစ်အုပ်စုအကြီးအကဲဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏မြေ ဖိုးလပြည့်(ခ)နေရွှေသွေးအောင်က ၎င်း၏လုံခြုံရေးက်ုတာဝန်ယူပေးရသည့် ဆင်စွယ် အမည်ရှိလူမိုက်ဂိုဏ်းကိုတည်ထောင်ဖွဲ့စည်းထားကြောင်း၎င်းနှင့်နီးစပ်သည့်စီးပွားရေး
ငန်းရှင်တစ်ဦး၏သားဖြစ်သူကစာရေသူအား ၂၀၁၀ ခုနှစ် ဂျွန်လတွင်ပြောပြခဲ့ဘူးသည်။နှစ်သစ်ကူး ကာလရန်ကုန်တွင်နေထိုင်စဉ်အတွင်း

ဖိုးလပြည့်ခေါ်နေရွှေသွေးအောင်မှ ကမာရွတ်အင်းလျားလမ်းတွင်ဖြစ်ပွားခဲ့သည့်ပြသနာများကြောင့် ၎င်းအတွက်အန္တရာယ်များနေ၍ ထိုသို့ဖွဲ့စည်းရခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်။

အမည်မဖော်လိုသောစီးပွားရေးငန်းရှင်တစ်ဦး၏သားဖြစ်သူကဖိုးလပြည့်ရဲ့ ဆင်စွယ် ဂိုဏ်း မှာပါသူတွေကရဲနဲ့စစ်တပ်ဘက်က လူကြီးသားသမီးတွေရယ်သူနဲ့ရင်းနှီးတဲ့စီးပွားရေးလုပ် ငန်းရှင်ကြီးတွေရဲ့သားသမီးတွေလည်းပါတယ် နောက်သူ့ဘောလုံးကလပ်ကလူတွေလဲပါ တယ်ဟုထုတ်ဖေါ်ပြောဆိုခဲ့သည်၊၊

နေရွှေသွေးအောင်နှင့် ဆင်စွယ်ဂိုဏ်းသားများမှာအင်လျားလမ်းရှိဆိုင်များတွင်တွေ.ဆုံမှုများ ရှိပြီးTabel Reserved တွင် ဆင်စွင် ဟု reserved လုပ်သည်ဟုသိခဲ့ရသည်။ဆင်စွယ်ဂိုဏ်း
သားများမှာနေရွှေသွေးအောင်နှင့်အတူရှိုးပွဲနှင့်ကလပ်များကိုအလကားဝင်လေ့ရှိပြီးနေရွှေ သွေးအောင် ဖြစ်သမျှ သူတာဝန်ယူမည် ဟုကတိ ပေးထားမှုအပေါ်တွင်သာယာနေသူများဖြစ်
သည်ဟု၎င်းတို့နှင့်ကြုံဖူးသည့်ဟိုတယ်ဝန်ထမ်းတစ်ဦးကပြောဆိုခဲ့သည်။
ယခင်အုပ်ချုပ်ခဲ့ သော ဗိုလ်ချုပ်မှုး ကြီး သန်းေ၇ွှလက်ထက်မှာ ကထဲ ကရှိ သမျှ သယံဇာတ အကုန်လုံး ကိုကြိုတင်ေ၇ာင်းချသွားခဲ့ ၏ ။

ထို့ အပြင် မြစ်၊ချောင်း၊အင်း အိုင်၊တော တောင်တွေပါမကျန်အ လွန် ယုတ်မာစွာေ၇ာင်းချသွားခဲ့သည်။
ပြည်သူတွေ ကိုထာဝ၇ကျွန်ပြူအုပ်ချုပ်မည့် ၂၀၀၈ဖွဲ့ စည်းပုံကိုပြင်ဆင်၇ခက်ခဲစွာလုပ်ထားခဲ့ သည်။
လက်၇ှိ တွင်အနားယူသယောင်ယောင်နှင့်  သမတဦးသိန်းစိန်နှင့် ဝန်ကြီးများ၊ ကာကွယ်ေ၇း ဦးစီးချုပ်နှင့် ဗိုလ်ချုပ်များ အခစားဝင်နေ၇ဆဲ။
သန်းေ၇ွှသာမကသူ့ မယား ကြိုင်ကြိုင် ၊မြေး ဖိုးလပြည့် တို့  ကိုကြောက်နေ၇ဆဲဟု ဟစ်တိုင် ၀က်ဆိုက်တွင် အကျယ်တ၀င့် တင်ပြထားဘူးခဲ့သည်။

၂၀၀၈ ခုနှစ် ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် နအဖစစ်ခေါင်းဆောင်၏ မြေးဖြစ်သူက ကျောင်းနေဖက်သူငယ်ချင်းနှင့် အချင်းများရာ မကျေနပ်သဖြင့် နေအိမ်ကို ခဲများဖြင့် ပစ်ပေါက်ခဲ့ပြီး ၎င်း၏မိဘများကို ကျေနပ်သည်အထိ ကန်တော့တောင်းပန်ခိုင်းမှုများ ပြုလုပ်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မြေးဖြစ်သူ ဖိုးလပြည့် (ခ) နေရွှေသွေးအောင်သည် စင်္ကာပူတွင် ကျောင်းနေဖက်သူငယ်ချင်းဖြစ်သူနှင့် အင်တာနက်ကိစ္စ စကားများခဲ့သည်ကို မကျေနပ်သဖြင့် ယခုလ (၁၉) ရက်နေ့ညတွင် ကမာရွတ်မြို့နယ် (၂) ရပ်ကွက်တွင် နေထိုင်သည့် သူငယ်ချင်းဖြစ်သူ၏ မိဘများကို ခေါ်ဆောင်သွားကာ ယခုကဲ့သို့ တောင်းပန်ခိုင်းခဲ့ခြင်း ဖြစ်သည်။

“ဖြစ်တာက စင်္ကာပူမှာ ကျောင်းတက်နေရင်း ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ ဖိုးလပြည့်တို့ သတင်းကို အင်တာနက်ပေါ်ကို တင်တယ်ဆိုပြီး စွပ်စွဲတာက စဖြစ်တာ၊ အဲဒါကို ဖိုးလပြည့်နဲ့ သူငယ်ချင်းတွေက (၁၉) ရက်နေ့ညမှာ အဲဒီကောင်လေးအိမ်ကို သွားပြီး ခဲနဲ့ပေါက်တာ၊ အဲဒါကို ကောင်လေးရဲ့မိဘတွေက ည (၁) နာရီလောက်မှာ ကမာရွတ်စခန်းကို သွားအမှုဖွင့်တယ်”ဟု အမည်မဖော်လိုသူတဦးက ပြောသည်။
ထိုည (၁) နာရီ မိနစ် (၂၀) ခန့်တွင် ဗိုလ်ချုပ်မှူးကြီး၏ မြေးဖြစ်သူက ကမာရွတ်ရဲစခန်းသို့ ရောက်ရှိလာပြီး တံခါးဖွင့်ရန် ပြောဆိုသည့်အတွက် တာဝန်ကျ စခန်းစောင့် အရန်ရဲမေများက တံခါးဖွင့်ပေးလိုက်ရသည်။

“ဖိုးလပြည့် စခန်းကိုရောက်တော့ တံခါးမဖွင့်ရင် ကားနဲ့ဝင်တိုက်မယ်လို့ပြောတော့ ဖွင့်ပေးလိုက်ရတာ၊ အခြေအနေမကောင်းတော့ တိုင်ချက်ဖွင့်တဲ့သူတွေကို အမျိုးသမီးအချုပ်ခန်းထဲမှာ ခဏဝှက်ထားသေးတယ်၊ ဒါပေမယ့် အဲဒီလူတွေကို မထုတ်ပေးရင် ပြဿနာအရှည် ရှည်ဖြစ်သွားမယ်ဆိုပြီး စခန်းက အရာရှိတွေကို ခြိမ်းခြောက်တော့ ဖိုးလပြည့်လက်ထဲကို လွှဲအပ်လိုက်ရတယ်”ဟု ဆက်ပြောသည်။
ဖိုးလပြည့်နှင့်အတူ လုံခြုံရေးအတွက် အနောက်ပိုင်းခရိုင်မှူး၊ ကမာရွက်မြို့နယ်မှူးနှင့် အခြားလုံခြုံရေးကား (၇) စီး လိုက်ပါခဲ့ပြီး ဗဟန်းမြို့နယ်ရှိ အိမ်တအိမ်သို့ တိုင်ချက်ဖွင့်သူများကို ခေါ်ဆောင်သွားကာ တာဝန်ရှိသူများကို အိမ်အပြင်တွင် စောင့်ခိုင်းထားခဲ့ကြောင်း အဆိုပါ အမည်မဖော်လိုသူက ဆက်ပြောသည်။
“သူတို့ ပြန်ထွက်လာလို့ မေးလိုက်တော့ သန်းရွှေရဲ့မြေး ဖိုးလပြည့်က သူတို့လုပ်ရပ်တွေ မှားပါတယ်လို့ ဝန်ခံပြီး ထိုင်ကန်တော့ပြီး တောင်းပန်ခိုင်းတယ်၊ (၂၁) ရက်နေ့ ညမှာလည်း လူငါးယောက်လောက်က အဲဒီအိမ်ကို ခဲနဲ့ ထပ်ပေါက်သေးတယ်၊ အဲဒါ ကမာရွတ်စခန်းကို သက်သေခံပစ္စည်းနဲ့တကွ တိုင်တာ၊ နယ်မြေခံ ကမာရွတ်စခန်းက အခုချိန်ထိ အမှုမဖွင့်ပေးဘူး”ဟု ဆက်လက်ပြောဆိုသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် မကြာသေးမီကလည်း စစ်တက္ကသိုလ် ဗိုလ်လောင်းကျောင်းဆင်းပွဲတခုသို့ ဇနီးသားသမီးများအား ခေါ်ဆောင်သွားခဲ့ပြီး စစ်ဗိုလ်ချုပ်များနေရာနှင့် ထူးခြားစွာ နေရာချထားရာ မြေးဖြစ်သူ ဖိုးလပြည့်ပါ ပါဝင်ခဲ့ခြင်းကို သတင်းစာများတွင် ဝေဝေဆာဆာ ဖော်ပြခဲ့သည်။

မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေက အင်္ဂလန် ဘောလုံးကလပ် တစ်ခု ဖြစ်သည့်
မန်ချက် စတာယူနိုက်တက် ဘောလုံးကလပ် အသင်း ကို ၀ယ်ယူရန် စီစဉ် ခဲ့ကြောင်း Wikileaks
၏ Embassy of Rangoon တွင် ယနေ့ ထပ်မံ ပေါက်ကြား မှု ဉ် ဖော်ပြထားသည်။

ဗိုလ်ချုပ်မှုးကြီးက အင်္ဂလန် ကြေးစား ဘောလုံးကလပ် တစ်ခု ဖြစ်သည့် မန်ချက်စတာ ယူနိုက်တက်
အသင်းကိုဝယ်ယူလိုသည် မှာ ၎င်း ၏ မြေးဖြစ်သူ ကို နေရွှေသွေးအောင် အတွက် ဖြစ်ကြောင်း ရန်ကုန်မြို့ အမေရိကန် သံရုံးက က သံအမတ်ကြီး အဆင့် သံရုံးယာယီတာဝန်ခံ Larry M. Dinger က ၀ါရှင်တန် သို့ ပို့ သည့် ကြေးနန်း တွင် ဖော်ပြထားသည်။
မန်ချက်စတာကလပ် အသင်းကို အမေရိကန် ဒေါ်လာ ၁ ဘီလျှံ ထိရင်းနှီးမြုပ်နှံမှု ပြုနိုင်သည် ဟု ကြေးနန်း တွင် ဖော်ပြထားသည်။

ဝီကီလိခ် တွင် ရန်ကုန်မြို့ အမေရိကန်သံရုံး၏ ကြေးနန်း ၈၀၀၀ ကျော်ရှိပြီး ထိုကြေးနန်း အများစု
ကို ဗြိတိန် ထုတ် ဂါဒီယန်း သတင်းစာကြီး က ရရှိထားပြီး တချို့ တစ်ဝက် ကို ဒါစပီ ဂယ်(လ) က ရရှိထားခဲ့သည်။

မြန်မာဝီကီလိခ် က ရရှိသောထိုကြေးနန်း မူရင်းတွင် ၂၀၀၉ ခုနှစ် ဇွန်လ ၁၉ ရက်နေ့ ဟု ဖော်ပြထား
သည်။ အဆိုပါကြေးနန်းတွင် မြန်မာ နိုင်ငံ ဘောလုံးအဖွဲ့ ချုပ် ဥက္ကဌ နှင့် MAX အချိုရည် ကုမ္ပဏီပိုင်
ရှင် ဦးဇော်ဇော် ကို လည်း ရည်ညွန်း အကြောင်းအရာ နှင့် တကွ မန်ချက် စတာ ကလပ်အား ပိုင်
ဆိုင် နိုင်ရေး လုံးပန်းခဲ့ပုံများ ကို ဖော်ပြထားသည်။
မန်ချက်စတာ ဘောလုံးကလပ်သည် လည်း ကွင်းသစ် နှင့် သင်တန်းကွင်း အပါအ၀င် အသင်းသား
များ နေထိုင်ရန် ကုန်ကျစရိတ်တို့ အတွက် ငွေကြေးမြောက်မြားစွာ လိုအပ်သည်။
ဗိုလ်ချုပ်မှုးကြီးက မြေးဖြစ်သူ ဖိုးလပြည့် အတွက် မန်ချက်စတာ ဘောလုံးကလပ် ကို ၀ယ်ယူရန်
သုံးစွဲ မည့် ငွေကြေးသည် မြန်မာနိုင်ငံတွင် နာဂစ် မုန်တိုင်း တိုက်ခတ်စဉ် အချိန်က နိုင်ငံတွင်း
ရှိ ဒုက္ခရောက် သူများ သို့ နိုင်ငံတကာမှ ကူညီသည့် ငွေပမာဏခန့် ဖြစ်သည်။

ဧပြီ ၂၂၊ ၂၀၁၀ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေးဖြစ်သူ ဖိုးလပြည့်က အာဏာသုံးပြီး နာမည်ကျော် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၏ မိုဘိုင်းဖုန်းကို ပိတ်ထားရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း ဖိုးလပြည့်နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်း၏ ပြောဆိုချက်အရ သိရှိခဲ့ရသည်။

ဖိုးလပြည့် ခေါ် နေရွှေသွေးအောင်မှာ စိုင်းစိုင်းခမ်းလှိုင် နှင့် ၀တ်မှုန်ရွှေရည်၏ သမီးရည်းစား ဆက်ဆံရေးကို ဖြတ်တောက်ရန် ဖိအားပေးခဲ့ပြီး စိုင်းစိုင်းခမ်းလှိုင်နှင့် ၀တ်မှုန်ရွှေရည်တို့၏ ကြော်ငြာ ရိုက်ကူးမှုများအထိပင် လိုက်လံပိတ်ပင် ပြောဆိုမှုများ ရှိခဲ့သည်ဟု မီဒီယာနှင့် စာပေစိစစ်ရေး အသိုင်းအ၀ိုင်းမှ သတင်းများ ထွက်ပေါ်လာပြီးနောက် ယခုနောက်ဆုံး မိုဘိုင်းဖုန်းကို ခေတ္တ ဖြတ်တောက်ထားရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်ဟုလည်း ပြောဆိုခဲ့သည်။

အဆိုတော် စိုင်းစိုင်းခမ်းလှိုင်နှင့် ၀တ်မှုန်ရွှေရည် တွဲလျက် သရုပ်ဆောင်မှု၊ ကြော်ငြာ ရိုက်ကူးမှုများကို ဖိုးလပြည့်က သည်းမခံနိုင်သည့် အပြင် ယခု နောက်ဆုံး မွေးနေ့တွင် သူငယ်ချင်း မိတ်ဆွေများက မွေးနေ့ နှုတ်ဆက် စကား ပြောကြားခြင်း မပြုနိုင်အောင် အထိ အဘိုးဖြစ်သူ၏ အရှိန်အ၀ါ အာဏာ သုံးစွဲပြီး ကြိုးစားခဲ့ခြင်းဖြစ်သည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ လုပ်ထုံး လုပ်နည်းအရ ဆိုလျှင် မိုဘိုင်းဖုန်း နံပါတ်တခုကို ပိတ်ရန် ဖုန်းငှားရမ်းသည့် စာချုပ် အထောက်အထား မူရင်းနှင့် အဆိုပါ ငှားရမ်းသူ မှတ်ပုံတင် မိတ္တူကို တွဲလျက် တင်ပြရမည်ဖြစ်သည်။ ထို့ပြင် ကတ်ပျောက်ဆုံးခြင်း သို့မဟုတ် အသုံး မပြုလို သဖြင့် ယာယီ ပိတ်လိုခြင်း ဖြစ်ကြောင်း ရွှေဂုံတိုင် မိုဘိုင်းရုံးသို့ လျှောက်ထားရမည် ဖြစ်သည်။

ထိုသို့မဟုတ်ပါက အစိုးရနှင့် ဆန့်ကျင်သည့် နိုင်ငံရေး ကိစ္စရပ်များနှင့် ဆက်နွယ်သည့် အတွက်ကြောင့် အထက် အမိန့် အရ လိုင်းပိတ်ခြင်း မျိုးသာ ရှိသည်ဟု ဖုန်းနှင့် ပတ်သက်သည့် အငှား၊ အရောင်းအ၀ယ် လုပ်ကိုင်သူများက ပြောဆိုသည်။ ပြီးခဲ့သည့် ရွှေဝါရောင် တော်လှန်ရေး ကာလ အတွင်း နိုင်ငံရေး လှုပ်ရှားသူများ၊ အဆိုပါပုဂ္ဂိုလ်တို့နှင့် ဆက်သွယ်သည့် မီဒီယာသမားများ၏ ဖုန်းအလုံးရေ ရာဂဏန်းနှင့်ချီ ဖြတ်တောက်ခြင်း ကို နိုင်ငံတော်မှ လုပ်ဆောင်ခြင်းခံခဲ့ရသည်။
သတင်းအချက်လက်များ အမှားယွင်းမရှိတင်ပြထားသည်

ဒုတိယပိုင်းအား ဆက်လက်ဖေါ်ပြပါဦးမည်

ကြိုက်သလောက် ရှယ်သွားနိုင်ကြပါသည်။

စာဖတ်သူများအား ကျေးဇူးတင်ပါသည်။

ဂိုလ်ရှယ်လေး
 —  with Wunna Min, Lin Htin, Lululattyar Yar, Kyaw Kyaw, Kyaw Lwin, Ko Myoe, Aung Moe Win, Aung Kyaw Zaw, Ko Htut, Ko Mg, Robert Zan, Min Htay, Pe Kabar Nyein Chan, Hla Maung Shwe, Mizzima မဇ္ဈိမ, Kappiya Hteight Pyaung, ကိုသောင်း ပုလဲမြေ, Nik Nayman, Scuba Som, ဂါ မဏိ, ကိုဝေ ဠု, Aungmyo Tun, Aung Khaing Myint, Awng Mai, Moe Aung San, Tun Naing, Aung Oo, Kai Bu Sumlut, Mungdung La Wawhkyung, Khin Mgoo, Zawzaw Zaw, Zawzaw Zaw, Yebaw Aung, Zaw Wonn Maung, Min Tharr, Thein Win, KO Han Win Aung, Nyein Chan Aung, Zaw Win, Tay Za Thura, Moe Zay Nyein, Kyaw Naing, Kyaw Than and Nicky Shein
Timeline Photos · Oct 10, 2013 ·
View Full Size · Send as Message · Report Photo
******ဖေ့ဘုတ်မှ ပြန်လည်ဖော်ပြပါသည် *******


No comments:

Post a Comment