jသူငယ်ချင်းတို့ရေ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျိုက်လတ်မြို့မှာလွန်ခဲ့တဲ့နှစ်ပေါင်းတရာကျော်
ခရစ်နှစ် 1886-ခုနှစ်မှာ တဆယ့်ရှစ်တောင်အမြင့်ဆောင်မြတ်စွာဘုရား
ကြွတော်မူ ကံထူး ကြာဖူး ထိုနှစ်ဦးကြီးမှူးတကာယူဟု တဘောင်တခုပေါ်ထွက်လာခဲ့ပြီး ၁၁-နှစ်ကြာတွင်
သက္ကရာဇ် ၁၂၅၈-ခု ခရစ်နှစ် 1897ခုနှစ်မှာ မည်သည့်မြစ်ကြောင်းကမျှောလာမှန်းမသိ
အချင်းထိပ်ဝ ကိုးတောင်ထွာရှိသော ကျွန်းတုံးကြီးသည် ချောင်းငယ်လေးအတွင်းသို ဝင်ရောက်လာသည်ကို
တွေ့ကြ၍ သုံးကြိမ်တိုင်တိုင် တွန်းထုပ်ပြီးချောင်း၍စောင့်ကြည့်ကြသောအခါ
ညအချိန်တွင် သူ့အလိုလို ချောင်းငယ်လေးအတွင်းသို့ ရေဆန်တက်လာသည်ကို တွေ့ကြ၍ ထူးဆန်းလှသော ရေဆန်မျှောကျွန်းတုံးကြီးကိုဦးကံထူးနှင့်ဦးကြာဖူတို့မှ အကြီးအမှူးပြု၍ မန္တလေးမြို့မှ ပန်းပုဆရာကြီး နှုတ်ခမ်းတွဲ ဦးလွန်းအား ခေါ်ယူ၍ လေးနှစ်ကြာထုလုပ်ပြီး ဥဏ်တော် ၂၇-ပေ အတောင်အားဖြင့်၁၈-တောင် ရှိသော မဟာအတုလမြတ်မုနိမ် ရပ်တော်မူဘုရားကြီးနှင့်
ရဟန်းတာနှစ်ဆူတို့အား သက္ကရာဇ်၁၂၆၂-ခု ခရစ်နှစ်
1901-နှစ်တွင် စတင်ကိုးကွယ်လာခဲ့သော မြန်မာနိုင်ငံတွင် ရှားပါးလှသော အဆက်အစပ်မရှိ တစ်တုံးတည်းသော
ကျွန်းတုံးကြီးဖြင့် ထုဆစ်ထားသော မဟာအတုလ မြတ်မုနိမ်ရပ်တော်မူရုပ်ပွားတော်ကြီ၏သမိုင်းအကျဉ်း အားတင်ပြလိုက်ပါသည် ။
Crdeit to . ရွှေလတ်သား
ကျွန်တော် ဘလော့မှာ နေ့ စဉ် အပ်ဒိပ် သတင်းများနှင့် ရသစုံ စာပေများ တင်ပေးသွားမှာဖြစ်ပါတယ်
HTOOSAN
Sunday, July 6, 2014
ကျိုတ်လတ်မြို့ မဟာအတုလ မြတ်မုနိမ်ရပ်တော်မူရုပ်ပွားတော်ကြီ၏ သမိုင်းအကျဉ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment