လတ်လတ်ဆတ်ဆတ် အသဲကွဲကဗျာကိုရေးဖို့ 
ရက်ရက်စက်စက် အသဲခွဲရတယ်
နိမ့်ပါးနေတဲ့ ငါ့ကံကြမ္မာတွေကို အရောင်းမြင့်တင်ဖို့ 
မင်းရဲ့ မလုံလောက်တဲ့
သွေးထိုးစကားတွေက ငါ့ဦးခေါင်းကို ကိုက်ခဲသွား
ငါ့က အခြောက်တိုက် တဟားဟားရယ်တုန်း
မင်းက အရွေ့ ရွေ့ နဲ့  ထိုးဆင်းသွားတယ်
အခါးဓါတ်ပါတဲ့ သီချင်းသံ ပါးပါးလေးအဆုံးမှာ
ထစ်ချုန်းသံ သဲ့သဲ့ကြားတယ်
မင်းပစ်ပေါက်ခဲ့တဲ့ မုသားမိုးရည်စက်တွေတောင်
ရူးမက် မိန့် မောမှုကို မြင်ရရင်
တစ်ကျွန်ခံ ငါနှလုံးသား မြေဆီလွာစစ်စစ်တွေ
ငါပြန်လာခွင့်ပြုတယ်
ကျွန်တော် ဘလော့မှာ နေ့ စဉ် အပ်ဒိပ် သတင်းများနှင့် ရသစုံ စာပေများ တင်ပေးသွားမှာဖြစ်ပါတယ်
HTOOSAN
Friday, August 15, 2014
လတ်လတ်ဆတ်ဆတ် အသဲကွဲကဗျာကိုရေးဖို့  ရက်ရက်စက်စက် အသဲခွဲရတယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment