ကျိုတ်လတ်မြို့  ကျော်ကြားမှုတွေထဲက
တစ်ခုအနေနဲ့  ကျိုတ်လတ်မြို့ ရဲ့ 
ကိုယ်ပိုင်ထုတ်ကုန်ဖြစ်တဲ့ အသင့်စား
ငါးရံခြောက်ဖုတ်ကို ဖော်ပြပေးလိုက်ပါတယ်
မြန်မာနိုင်ငံရဲ့  အရပ်ဒေသအမျိုးမျိုးမှာ
ငါးရံ့ /ငါးရံ့ ခြောက်ကို အမျိုးမျိုး
ပြုလုပ်ရောင်း ချကြပါသည်
ထိုအထဲမှာမှ ကျိုတ်လတ်မြို့ ကိုရောက်လျှင်
မဝယ်မဖြစ် မပါမဖြစ်အောင် စွဲဆောင်ထားတဲ့
ကျိုတ်လတ်မြို့ က အသင့်စား ငါးရံ့ ခြောက်ဖုတ်
ဟာကျော်ကြားလှပါတယ်
ရန်ကုန်မြို့  စူပါမားကပ်များ ရန်ကုန်မြို့  ကုန်တိုက်ကြီးများနှင့်တကွ အရှေ့ တောင် အာရှ
နိုင်ငံများ အပြင် အနောက်နိုင်ငံ တစ်ချို့ အထိပါ
ဖြန့် ဖြူးရောင်ချရပါတယ်
ရန်ကုန်မြို့  မြို့ နေ လူတန်းစားအားလုံး
ကြိုက်နှစ်သက်ကြကြောင်း သိရှိရပါတယ်
ထိုသို့ ကျော်ကြားရခြင်းမှာ အရသာရှိခြင်း
တစ်ခြားဒေသထွက် ငါးရံ့ ခြောက်ဖုတ်များကဲ့သို့ 
မတူညီတဲ့ ပြုလုပ်မှုကောင်းခြင်း
ဓာတုဆေးဝါးများ အသုံးမပြုထားခြင်း
လတ်ဆတ်မှုရှိခြင်း ပါကင်ထုတ်ပိုးမှုကောင်းခြင်း
လုပ်ငန်ခွင်စနစ်ကျမှုနှင့် သန့် ရှင်းသပ်ရပ်မှုရှိခြင်း
ဈေးနူန်းသက်သာခြင်း စသော ကောင်းခြင်းများ
များကြောင့် ကျော်ကြားခြင်းဖြစ်ပါသည်
ကျိုတ်လတ်မြို့ မှာ အခုဆိုရင် အသင့်စား
ငါးရံ့ ခြောက်ဖုတ်လုပ်ငန်းကို လုပ်ငန်းရှင်
တော်တော်များများဟာ အကြီးစားထုတ်လုပ်ခြင်း
အငယ်စား (တစ်နိုင်တစ်ပိုင်)ထုတ်လုပ်ခြင်းများ
ဖြင့် ဖြန့် ဖြူးရောင်းချလျှက်ရှိပါသည်
အသင့်စားငါးရံခြောက်ကို
10,000 /5,000/3,000 .
စသည့် အမျိုးမျိုးထုတ်လုပ်ပြီး အစိမ်းဖုတ်များ
မဖုတ်ရသေးသော ငါးရံခြောက်များ အပြင်
ငါးရံ့ ခြောက်ဖုတ်ကဲ့သို့ အာဗြဲခြောက်ဖုတ်များကိုလဲ ဝယ်ယူရရှိနိုင်ပါကြောင်း ဖော်ပြပေးလိုက်ပါသည်
ဓါတ်ပုံ - ဦးမြင့်စိန်+ဒေါ်သေးသေး (ငါးရံခြောက်)
ဖုန်း ၀၉၈၅၉၀၈၇၂ /၀၉၄၉၇၂၆၀၄၈
No comments:
Post a Comment