>>>သိဟ်ရာသီခွင်မှာ ကြယ်မိုး ရွာသွန်းဖြိုးမယ့် နိုဝင်ဘာ ၁၇ နှင့် ၁၈ ရက်<<<
ဒီတစ်ခေါက် ရွာမယ့် ကြယ်မိုးကတော့ Leonids Meteor Shower လို့ခေါ်ပါတယ်။ "သိဟ်ရာသီ ကြယ်မိုး" ပေါ့..။
ကြယ်မိုးရွာတယ်ဆိုတာကတော့ အာကာသအတွင်းက ဥက္ကာခဲလေးများစွာဟာ ကမ္ဘာ့လေထုနဲ့ ပွတ်တိုက်မိရာကနေ ဖြစ်ပေါ်လာတဲ့ အလင်းတန်းလေးများဖြစ်ပါတယ်။ သိဟ်ရာသီမှာ ဖြစ်ပေါ်မယ့် ကြယ်မိုးများကတော့ Tempel-Tuttle လို့ခေါ်တဲ့ ကြယ်တံခွန် လမ်းကြောင်းက ကျန်ခဲ့တဲ့ အမှုန်များ (ဥက္ကာခဲများ) ဘဲ ဖြစ်ပါတယ်။ ကျနော်တို့ ကမ္ဘာဟာ ဒီလမ်းကြောင်းကို နှစ်စဉ် နိုဝင်ဘာ ၆ ရက်မှ ၃၀ ရက်အတွင်းမှာ ဖြတ်သန်းလေ့ရှိပါတယ်။
ဒီ သိဟ်ရာသီ ကြယ်မိုး ရဲ့ ထူးခြားချက်တစ်ခုကတော့ နှစ်ပေါင်း ၃၃ နှစ်လျှင် တစ်ကြိမ် မိုးသည်းထန်ခြင်းဖြစ်ပါတယ်။ တစ်နာရီကို ကြယ်အလုံးပေါင်း ရာနှင့်ချီပြီး ကြွေကြတာပါ။ ၂၀၀၁ ခုနှစ်က ဖြစ်ခဲ့ဖူးပါတယ်။
ယခုအချိန်မှာတော့ အမြင့်ဆုံးအချိန်မှာ တစ်နာရီကို ၁၅ လုံးလောက် ကြွေပါလိမ့်မယ်။ အမြင့်ဆုံးကြွေမယ့် ရက်ကတော့ နိုဝင်ဘာ ၁၇ ည ၁၈ မနက်မှာပါ။ လမင်းကြီးကလည်း လကွယ်ရက်နဲ့ နီးနေလို့ အလင်းရောင် အနှောက်အယှက် ကင်းပါမယ်။ ညသန်းခေါင်ကျော်ရင် အရှေ့ (တောင်) အရပ်က သိဟ်ရာသီခွင်ထဲကို ကြည့်ကြည့်လိုက်ပါ..။ ကြယ်တွေကြွေတာကို သင်မြင်တွေ့ ရပါလိမ့်မယ်..။
Credit .အာကာသနှင့် စကြ၀ဠာ
Admin.Thuraaung
Htoosan(everyday new)
No comments:
Post a Comment