>>>နဂါးငွေ့တန်း ဂလက်ဆီ အလယ်က နျူထရီနို စက်ရုံ တွင်းနက်ကြီး<<<
၂၀၁၄ နိုဝင်ဘာ ၁၃
နာဆာရဲ့ အာကာသထဲမှာ လွှတ်တင်ထားသော ဓါတ်ရောင်ခြည်သုံး (X-Ray) တယ်လီစကုပ်များ ဖြင့် ကျနော်တို့ နေအဖွဲ့အစည်းတည်ရှိရာ နဂါးငွေ့တန်း ဂလက်ဆီ (Milky Way Galaxy) ရဲ့ အလယ်ဗဟိုက ဧရာမ တွင်းနက်ကြီးကို လေ့လာလိုက်တဲ့အခါမှာတော့... သိပ်ကိုများပြားလွန်းတဲ့ နျူထရီနို အဏုမြူမှုန်များ ထုတ်လွှတ်နေတာကို ခန့်မှန်း တွေ့ရှိခဲ့ကြပါတယ်။ ဒီအချက်ကို အတည်ပြုနိုင်ပြီ ဆိုလျှင်တော့ တွင်းနက်ကြီးရဲ့ လျှို့ဝှက်ချက်အချို့ကို နျူထရီနိုကို အသုံးပြုလို့ ပိုမိုလေ့လာနိုင်တော့မှာပါ။
နျူထရီနို (Neutrinons) ဆိုတာကတော့ အလင်းလောက်နီးနီး ပြေးနိုင်တဲ့ အက်တမ်တပိုင်း အမှုန်များဘဲ ဖြစ်ပါတယ်။ နျူထရီနိုဟာ စကြ၀ဠာထဲမှာ ဘယ်အရာနဲ့မှ ဓါတ်မပြုဘဲ သွားလာနိုင်တဲ့၊ ဒြပ်ဆွဲအား သိပ်မရှိလှတဲ့၊ လျှပ်စစ်သံလိုက်စက်ကွင်းများကြောင့် သွေဖီမသွားနိုင်တဲ့ အဏုမြူ အမှုန် ဖြစ်ပါတယ်။
ကျနော်တို့ ကမ္ဘာဆီကို နေ မှ နျူထရီနိုတွေ ပုံမှန်ရောက်ရှိပါတယ်။ နေအဖွဲ့အစည်းရဲ့ အပြင်ဘက်မှာဆိုလျှင် နျူထရီနိုတွေ အဆပေါင်း သိန်း၊ သန်း၊ ကုဋေ နှင့်ချီပြီး စွမ်းအင်အပြည့် ရှိနေနိုင်ပါတယ်။ ဒီလို အားပြင်းတဲ့ နျူထရီနိုတွေ ဘယ်ကလာသလဲဆိုတာကို သိပံ္ပပညာရှင်တွေ ရှာဖွေနေတာ အတော်ကြာခဲ့ပါပြီ..။
Sagittarius A လို့ခေါ်တဲ့ နဂါးငွေ့တန်း ဂလက်ဆီရဲ့ အလယ်ဗဟိုက အင်မတန် ရှုပ်ထွေးလှတဲ့နေရာမှာ ယခုလို နျူထရီနိုတွေ အဆက်မပြတ် ထုတ်လွှတ်နေတာ သေချာပြီဆိုလျှင်တော့.. စကြ၀ဠာအတွင်းက တွင်းနက်များ၊ ဂလက်ဆီများ ဖြစ်ပေါ်မှုအပါအ၀င် အခြားသော လျှို့ဝှက်ချက်များကို ကျနော်တို့တတွေ ဆက်လက် ရှာဖွေနိုင်တော့မှာဘဲ ဖြစ်ပါတော့တယ်..။
Credit .အာကာသနှင့် စကြ၀ဠာ
Admin.Thuraaung
Htoosan(everyday new)
No comments:
Post a Comment